indonesia

 

  Indonesia Bali (5Days / 4Nights)  

indonesia

BAL ~ 001

Day 01     Yangon - Bali   (- /- / D)

ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ် မှ အင်ဒိုနီးရှားနိုင်ငံ ဒန်ပါဆာလေဆိပ်သို့ ထွက်ခွာပြီး နွေးထွေးပျူငှာသော ဒေသခံဧည့်လမ်းညွှန်မှ လေဆိပ်တွင် လာရောက်ကြိုဆိုပါမည်။ ထို့နောက် စီစဉ်ထားသော ဟိုတယ်တွင် Check In ဝင်၍ အေးချမ်းနှစ်ခြိုက်စွာ အိပ်စက်အနားယူပါမည်။
 

Day 02       Bali      (B/L/D)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် Bali ရိုးရာအကများတွင် ထင်ရှားကျော်ကြားသည့် Batubulan ကျေးရွာရှိ Barong & Kris Dance တို့ကို ကြည့်ရှုခံစားမည်။ ထို့နောက် လက်မှုအနုပညာများ၊ ငွေပန်းထိမ်လုပ်ငန်းများနှင့် ရိုးရာနံရံဆေးရေးပန်းချီများကို လေ့လာနိုင်မည့် Celuk, Ubud, Peliatan စသည့် စိတ်ဝင်စားဖွယ်နေရာများသို.သွားရောက်လည်ပတ်ပါမည်။ ထိုမှတဆင့် သာယာလှပသော ကန်ရေပြင်နှင့် Baturမီးတောင်တို့ တင့်တယ်စွာ လှပစွာတည်ရှိရာ Kintamaniသို့ သွားရောက် ကြည့်ရှုခံစားပြီး နေ့လည်စာသုံးဆောင်ပါမည်။ ထို့နောက် Tampaksiring ရှိ Holy Spring Temple သို့ ဝင်ရောက်လည်ပတ်ပြီး ဒေသထွက်ပစ္စည်းများနှင့် အင်ဒိုနီးရှားလက်မှုပစ္စည်းများကိုလေ့လာဝယ်ယူနိုင်ရန် ဈေးဝယ်ချိန်အချိန်ပေးပါမည်။ ထို့နောက် ညပိုင်းတွင် ဟိုတယ်သို့ စိတ်အေးချမ်းစွာ ပြန်လည် အိပ်စက်အနားယူပါမည်။

 bl 01bl 02bl 03

Day 03       Bali   (B/L/D)

နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီး သာယာလှပသော ကမ်းခြေအဖြစ် ကျော်ကြားသော “Tanjung Benoa” ကမ်းခြေတွင် မိမိစိတ်ကြိုက်အစီအစဉ်ဖြင့် ပျော်ရွှင်စွာရေကစားနိုင်ပါသည်။ ထို့နောက် နေ့လည်စာသုံးဆောင်ပြီး Bali ရှိ ထုထည်ကြီးမားသော ရုပ်ထုကြီးများတည်ရှိပြီး သမိုင်းဝင်နေရာလည်းဖြစ်သော GWK (Garuda Wisnu Kencana) Culture Park နှင့် ၁၁ ရာစုနှစ်ခန့်က တည်ဆောက်ခဲ့၍ ရေမျက်နှာပြင်အထက် မီတာ ၁၀ဝခန့်ရှိ ကျော်ကြားလှသည့် Uluwatu Temple သို့ သွားရောက်လည်ပတ်ပြီး တောင်ပေါ်လေးတွင် ညနေခင်းနေဝင်ဆည်းဆာအလှကို ကြည့်ရှုခံစားကြပါမည်။ ထို့နောက် ညစာကို Jimbaran Beach တွင်သုံးဆောင်ပြီး ဟိုတယ်သို့ ပြန်ကာအေးချမ်းစွာအိပ်စက် အနားယူပါမည်။

 bl 04bl 05bl 06

Day 04       Bali-Yangon    (B/L/D)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Hotel မှ Check Out လုပ်ကာ ထို့နောက် Mengwi အင်ပါရာ၏ အထွတ်အမြတ်ထားရာ စိမ်းစိုလှပသော မြက်ခင်းများဝန်းရံလျက် ကြည်လင်သော ရေကန်များ၏အလယ်တွင် ရှေးနန်းဆန်စွာ တည်ဆောက်ထားသော ဘာလီ၏ အဓိကကျွန်းတစ်ခု ဖြစ်သော Mengwi Royal Family Taman Ayun Temple သို့ ဆက်လက်လည်ပတ်ပါမည်။ ထို့နောက် Lake Beratan ၏သာယာလှပသောရှုခင်းကို မြင်တွေ့နိုင်မည့် Bedugul သို့သွားရောက်လည်ပတ်ပြီး ထိုမှတစ်ဆင့် Beratan ရေကန်၏ အထက်တွင်ရှိသော ဘာလီရိုးရာယဉ်ကျေးမူအရ ရေစောင့်နတ်သမီး Dawi Danu ကို အဓိကပူဇော်ပသရာ Ulun Danu Temple သို့သွားရောက်လေ့လာမည်။ ထို့နောက် နေ့လည်စာသုံးဆောင်ပြီး ထင်ရှားကျော်ကြားသော ပင်လယ်ပြင်တွင် လှပစွာပေါ်ထွက်နေသော ကျောက်တုံးကြီးပေါ်၌ ပင်လယ်နတ်ဘုရားကိုပူဇော်ရန် တည်ဆောက်ထားသည့် Hindu ရိုးရာ Tanah Lot Sea Temple နှင့် မျောက်ကလေးများရှိရာ Alas Kedaton သို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် ဘာလီအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ပို့ဆောင်ပေးကာ ဘာလီမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ထွက်ခွာပါမည်။

 bl 07bl 08bl 09

Day 05       Yangon    (-/-/-)

မနက်စောစောပိုင်းအချိန်တွင်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပါမည်။

 
 
*** ပျော်ရွှင်ဖွယ်ရာ ခရီးစဉ်ပြီးဆုံးပါပြီ ***
 
 ခရီးစဉ်အတွင်း ပါဝင်သောဝန်ဆောင်မှုများ  ခရီးစဉ်အတွင်း မပါဝင်သောဝန်ဆောင်မှုများ
  • လေယာဉ်လက်မှတ် အသွားအပြန် (Yangon-Bali -Yangon)
  • 4* အဆင့်ရှိ ဟိုတယ်တွင် တည်းခိုခ (နှစ်ယောက်တစ်ခန်း)
  • ခရီးစဉ်တွင် ဖေါ်ပြထားသော နံနက်စာ၊ နေ့လည်စာ နှင့် 
  • ညစာများ 
  • ခရီးစဉ်အတွင်း လည်ပတ်မည့် ကား
  • ခရီးစဉ်အတွင်း ဖော်ပြထားသော နေရာများ၏ ဝင်ကြေးများ 
  • ရေသန့်ဗူးများ
  • ခရီးစဉ်အတွင်း မဖော်ပြထားသောနေရာများ နှင့် အခြားသော ဝန်ဆောင်မှုများ
  • မိမိကိုယ်ပိုင်အသုံးအခများ (Telephone, Laundry,Mini Bar, etc…)
  • ခရီးစဉ်အတွင်းမပါဝင်သော အဖျော်ယမကာ၊ အပူ၊ အအေးနှင့် စားသောက်ဖွယ်ရာများ
  • Early Check-In နှင့် Late Check-Out များ
  • ခရီးသွား အာမခံများ
  • လေယာဉ်အတွင်း ဝန်ပိုသယ်ဆောင်ခ

Book Now

 

Want to help us?