Bangkok
 bdh 001 01

BDH ~ 001

Day 01     ရန်ကုန် - ဗုဒ္ဓဂယာ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ( MAI ) လေယာဉ် ဖြင့် ( 12:30 PM ) နာရီတွင်ထွက်ခွာ၍ ( 1:50 PM ) နာရီတွင်ဂယာလေဆိပ်သို့ရောက်ပါမည်။ ဂယာလေဆိပ်တွင် MIA ဘုရားဖူးအဖွဲ့ မှတာဝန်ရှိသူက လာရောက်ကြိုဆိုပါမည်။ ထို့နောက်ကားပေါ်တွင်ခရီးသည်များအားနေရာချထားပေးပြီး ပစ္စည်းများသယ်ဆောင်၍ တည်းခိုရာမြန်မာကျောင်းသို့ ထွက်ခွာပါမည်။ မြန်မာကျောင်းသို့ရောက်လျှင် ဘုရားဖူးများအားအခန်းနေရာများကို MIA ဘုရားဖူးအဖွဲ့ ၏တာဝန်ရှိသူက နေရာချထားပေးပါမည်။ ညနေပိုင်းတွင် မဟာဗောဓိစေတီသို့ စုပေါင်းကာသင်္ကန်းဆက်ကပ်လှူဒါန်းပါမည်။ ထို့နောက်သတ္တဌာန(၇)ဌာန၊ နိုင်ငံတကာဘုန်းတော်ကြီးကျောင်းများနှင့် ဂျပန် ကမာကူရဘုရားကြီးတို့ကို လေ့လာဖူးမြော်ပါမည်။ ညစာသုံးဆောင်ပြီး ကျောင်းထိုင်ဆရာတော်အား စုပေါင်းပူဇော် ကန်တော့ ကြပါမည်။ ထို့နောက် ဗုဒ္ဓဂယာမြန်မာကျောင်းတွင်အိပ်စက်အနားယူကြ ပါမည်။
 

Day 02       ဗုဒ္ဓဂယာ - ဗာရာဏသီ

နံနက်စာကို ဗုဒ္ဓဂယာကျောင်းတွင် သုံးဆောင်ပြီး ဗုဒ္ဓဂယာရှိ မြတ်စွာဘုရားဒုက္ကရစရိယာ(၆)နှစ်ကျင့်တော် မူရာဒုက္ကရစရိယာတောင်၊ သုဇာတအိမ်ရာကုန်း၊ ဃနာနို့ဆွမ်းဆက်ကပ်ရာနေရာ၊ ရွှေခွက်မျှောရာ နေရာ၊ သောတ္ထိယ မြက်ရှစ်ဆုပ်လှူဒါန်းရာနေရာတို့ကို လှည့်လည်ဖူးမြော်ရပါမည်။ နေ့လယ်စာသုံးဆောင်ပြီး ဗုဒ္ဓဂယာမှမိဂဒါဝုန်သို့ ခရီးထွက်ခွာ ပါမည်။ ဗုဒ္ဓဂယာနှင့် မိဂဒါဝုန်သည် ၁၅၇ မိုင်ကွာဝေးပါသည်။ လမ်းခရီးတွင် မြို့များနှင့်ဂင်္ဂါမြစ်တို့ကို ဖြတ်သန်းမြင်တွေ့ရပါမည်။ ထို့နောက် ဗာရာဏသီမြို့သို့ရောက်ရှိပါမည်။ ဗာရာဏသီရှိမြန်မာကျောင်းတွင် ညစာသုံးဆောင်ပြီး အိပ်စက်အနားယူကြပါမည်။

Day 03      ဗာရာဏသီ

နံနက်စာကို ဗာရာဏသီကျောင်းတွင် သုံးဆောင်ပါမည်။ ထို့နောက် မြတ်စွာဘုရားတရားဦး ဟောတော်မူရာ ဓမ္မရာဇိကစေတီ၊ အနတ္တလက္ခဏသုတ်ဟောတော်မူရာ ဓမ္မေခစေတီ၊ နန္ဒိယကျောင်းတော်ရာ၊ သမင်များရှိရာ ဘေးမဲ့တော၊ မူလဂန္ဓကုဋိတိုက်၊ ချောက်ခန္ဓီစေတီစသောနေရာဌာနတို့ကို လေ့လာ ဖူးမြော်ကြပါမည်။ နေ့လယ်စာကို ဗာရာဏသီကျောင်းတွင် သုံးဆောင်ရပါမည်။ နေ့လည်ပိုင်းတွင် ကိုယ်ပိုင်အချိန် ဖြင့်ဈေးဝယ်နိုင်ပါသည်။ ညစာသုံးဆောင်ပြီး ဗာရာဏသီမြန်မာကျောင်း ကျောင်းထိုင်ဆရာတော်အားစုပေါင်းပူဇော်ကန်တော့ကြပါမည်။ ထိုညတွင်ဗာရာဏသီရှိ  မြန်မာ ကျောင်း၌ အိပ်စက်အနားယူကြ ပါမည်။

Day 04       ဗာရာဏသီ - သင်္ကဿနဂိုရ်

နံနက်စာကို ဗာရာဏသီကျောင်းတွင် သုံးဆောင်ကြပါမည်။ ထို့နောက် ဗာရာဏသီမှ ၃၄၄ မိုင်ခန့် ကွာဝေးသော သင်္ကဿနဂိုရ်သို့ ခရီးဆက်ပါမည်။ နေ့လယ်စာကိုလမ်းခရီး၌ မြန်မာကျောင်း မှယူဆောင်လာသောထမင်း၊ ဟင်းများကို သုံးဆောင်ကြပါမည်။ ညစာကို သင်္ကဿနဂိုရ်မြန်မာကျောင်း၌ သုံးဆောင်ပြီး အိပ်စက်အနားယူကြပါမည်။

Day 05     သင်္ကဿနဂိုရ် - နယူးဒေလီ

နံနက်စာကို သင်္ကဿနဂိုရ်ကျောင်းတွင် သုံးဆောင်မည်။ ထို့နောက် သင်္ကဿနဂိုရ်မှ မိုင် ၂၄၀ ခန့်ကွာဝေးသော အိန္ဒိယနိုင်ငံ၏မြို့တော်နယူးဒေလီသို့ ခရီးဆက်ပါမည်။ နေ့လယ်စာကို လမ်းခရီး၌ သင်္ကဿနဂိုရ်ကျောင်းမှယူဆောင်လာသော ထမင်း၊ ဟင်းများကို သုံးဆောင်ပါမည်။ လမ်းခရီးတွင် ရှိသော အာဂရာမြို့ရှိတပ်ချ်မဟာကို ဝင်ရောက်လေ့လာပြီး နယူးဒေလီမြို့သို့ခရီး ဆက်လက်ထွက်ခွာပါမည်။ ညစာကို နယူးဒေလီဟိုတယ်တွင် သုံးဆောင်ပြီး ဟိုတယ်၌အိပ်စက်အနားယူ ကြပါမည်။

Day 06     နယူးဒေလီမြို့တွင်းအလည်အပတ်

နံနက်စာကို နယူးဒေလီဟိုတယ်၌ သုံးဆောင်ပါမည်။ ထို့နောက် နယူးဒေလီမြို့ရှိ မြတ်စွာဘုရား သတိပဌာန် ဟောကြားရာနေရာ၊ LOTUS TEMPLE ၊ INDIA GATE ၊ မဟတ္တမဂန္ဓီပြတိုက်၊ အင်ဒရာဂန္ဓီပြတိုက် တို့ကို လေ့လာပါမည်။ ထို့နောက် နေ့လယ်စာသုံးဆောင်ပြီး နိုင်ငံတကာ သံရုံးများရှိရာနေရာနှင့် အိန္ဒိယလွှတ်တော် တို့ကိုလေ့လာပြီး ဈေးဝယ်ကြပါမည်။ ယင်းနောက် ညစာကို နယူးဒေလီဟိုတယ်တွင် သုံးဆောင်ပြီး ဟိုတယ်၌အိပ်စက်အနားယူ ကြပါမည်။

 bdh 001 02

Day 07     နယူးဒေလီ - သင်္ကဿနဂိုရ်

နံနက်စောစော နံနက်စာ သုံးဆောင်ပြီး သင်္ကဿနဂိုရ်သို့ ခရီးဆက်ပါမည်။ နေ့လယ်စာကို လမ်းခရီး၌ ဟိုတယ်မှ ယူဆောင်လာသောထမင်း၊ ဟင်းများကို သုံးဆောင်ကြပါမည်။ ထို့နောက် သင်္ကဿနဂိုရ်သို့ရောက်ရှိပြီး မြတ်စွာဘုရား တာဝတိံသာနတ်ပြည်မှဆင်းသက်ရာနေရာ အစလစေတီသို့ ဝင်ရောက်ဖူးမြော်ပါမည်။ ညစာကိုသင်္ကဿနဂိုရ်မြန်မာကျောင်း၌ သုံးဆောင်ပြီးနောက် ကျောင်းထိုင်ဆရာတော်အား ပူဇော်ကန်တော့ပြီး အိပ်စက်အနားယူပါမည်။

Day 08     သင်္ကဿနဂိုရ် - သာဝတ္ထိ

နံနက်စာကို သင်္ကဿနဂိုရ်၌ သုံးဆောင်ကြမည်။ ထို့နောက် သင်္ကဿနဂိုရ် မှ ၂၈၁ မိုင်ခန့် ကွာဝေးသော သာဝတ္ထိသို့ ခရီးဆက်ပါမည်။ နေ့လယ်စာကို လမ်းခရီး၌ သင်္ကဿနဂိုရ်ကျောင်းမှယူဆောင် လာသော ထမင်း၊ ဟင်းများကို သုံးဆောင်ကြပါမည်။ ညစာကို သာဝတ္ထိကျောင်း၌ သုံးဆောင်၍ ကျောင်းထိုင်ဆရာတော်အား ပူဇော်ကန်တော့ပြီး အိပ်စက်အနားယူပါမည်။

Day 09     သာဝတ္ထိ - လုမ္ဗိနီ

နံနက်စာကို သာဝတ္ထိကျောင်းတွင် သုံးဆောင်ကြပါမည်။ ထို့နောက် သာဝတ္ထိရှိဇေတဝန်ကျောင်းတော်ရာဝင်း အတွင်းရှိ မူလဂန္ဓကုဋိတိုက်၊ အာနန္ဒာဗောဓိနှင့် ဗုဒ္ဓနေရာဌာနများကိုဖူးမြော်ပြီး တန်ခိုးပြတော်မူရာ သရက်ဖြူကုန်းရှိစေတီရာ၊ ကောသလမင်းကြီး၏ နန်းတော်ရာနေရာဟောင်း၊ ဒေဝဒတ်မြေမြိုရာနေရာနှင့် သာဝတ္ထိမြို့ရိုးတို့ကို လှည့်လည်ဖူးမြော်ပါမည်။ နေ့လယ်စာ သုံးဆောင်ပြီးသာဝတ္ထိမှ ၁၃၉ မိုင်ခန့်ကွာဝေးသော လုမ္ဗိနီသို့ဆက်လက်ခရီး ထွက်ခွာပါမည်။ လမ်းခရီးတွင် အိန္ဒိယနိုင်ငံမှ ထွက်ခွာ၍ နီပေါနိုင်ငံအတွင်းသို့ ဝင်ရောက်နိုင်ရန် နယ်စပ်တွင် ဗီဇာကိစ္စများကို MIA ဗုဒ္ဓဂယာဘုရားဖူး အဖွဲ့၏တာဝန်ရှိသူမှ ဆောင်ရွက်ပါမည်။ ညစာကို လုမ္ဗိနီမြန်မာကျောင်းတွင် သုံးဆောင်ပြီး အိပ်စက်အနားယူကြပါမည်။

Day 10     လုမ္ဗိနီ

နံနက်စာကို လုမ္ဗိနီကျောင်းတွင် သုံးဆောင်ကြပါမည်။ ထို့နောက် လုမ္ဗိနီရှိမြတ်စွာဘုရားဖွားတော်မူရာ နေရာတွင်းရှိမယ်တော်မာယာကျောင်းဆောင်နှင့်စေတီရာများ၊ အသောကကျောက်တိုင်တို့ကို ဖူးမြော်ကြပါမည်။ နေ့လယ်စာကို လုမ္ဗိနီမြန်မာကျောင်းတော်၌ သုံးဆောင်ကြပါမည်။ ထို့နောက် နီပေါနိုင်ငံအတွင်းရှိကပိလဝတ္ထု နန်းတော်ရာနေရာ၊ နိဂြောဓာရုံကျောင်းတော်ရာတို့ကို သွားရောက်ဖူးမြော်ပြီး လုမ္ဗိနီကျောင်းထိုင်ဆရာတော် အား ပူဇော်ကန်တော့ကြပါမည်။ ညစာကို လုမ္ဗိနီမြန်မာကျောင်း၌ သုံးဆောင်ပြီး ညအိပ်အနားယူကြပါမည်။

Day 11     လုမ္ဗိနီ - ကုသိနာရုံ

နံနက်စာကို လုမ္ဗိနီမြန်မာကျောင်းတွင် သုံးဆောင်ကြပါမည်။ ထို့နောက် လုမ္ဗိနီမှ ၈၇ မိုင်ကွာဝေးသော ကုသိနာရုံ သို့ခရီးထွက်ခွာရာ နေ့လယ်စာကို လမ်းခရီး၌သုံးဆောင်ပါမည်။ ထို့နောက်ကုသိနာရုံရှိ မြတ်စွာဘုရားပရိနိဗ္ဗာန် စံတော်မူရာပရိနိဗ္ဗာနစေတီတွင် စုပေါင်းကြာသင်္ကန်းများ ဆက်ကပ်လှူဒါန်းပါမည်။ မြတ်စွာဘုရားနောက်ဆုံးရေကြည်တော် သုံးရာနေရာ နှင့် တေဇောဓာတ်လောင်ကျွမ်းတော်မူရာစေတီ တို့ကို သွားရောက်ဖူးမြော်ပါမည်။ ညစာသုံးဆောင်ပြီး ကုသိနာရုံကျောင်းထိုင်ဆရာတော်အား ပူဇော်ကန်တော့ပြီး အိပ်စက်အနားယူကြပါမည်။

Day 12     ကုသိနာရုံ - ဝေသာလီ - နာလန္ဒာ

နံနက်စာသုံးဆောင်ကြပြီး ကုသိနာရုံမှ ၁၉၈ မိုင်ခန့်ကွာဝေးသော နာလန္ဒာသို့ ဆက်လက်ခရီးထွက်ခွာပါမည်။ လမ်းခရီးတွင် ကေသရိယစေတီတော်၊ ဒုတိယသင်္ဂါယနာတင်ရာ ဝေသာလီရှိကျောင်းတော်ရာ နေရာများ၊ အသောကကျောက်စာတိုင်၊ ဓာတ်တော်တိုက် တို့ကို ဝင်ရောက် ဖူးမြော်ပါမည်။ နေ့လယ်စာကို ကုသိနာရုံမြန်မာကျောင်းမှယူဆောင်လာသော ထမင်း၊ ဟင်းများဖြင့် သုံးဆောင်ကြပါမည်။ ဆက်လက်ခရီး ထွက်ခွာလာပြီး လမ်းခရီး၌ မဟတ္တမဂန္ဓီအားဂုဏ်ပြုအမည်ပေးထားသော ပတ္တနားမြို့အဝင်ဂင်္ဂါမြစ်ကူးတံတားကို ဖြတ်သန်းသွားရပါမည်။ ထို့နောက် ၆၀ မိုင်ခန့်ခရီးဆက်လာရာ နာလန္ဒာကျောင်းသို့ရောက်ရှိပါမည်။ ညစာကို နာလန္ဒာမြန်မာကျောင်းတွင်သုံးဆောင်ပြီး ကျောင်းထိုင်ဆရာတော်အား ပူဇော်ကန်တော့ကြပါမည်။ နာလန္ဒာမြန်မာကျောင်းတွင် အိပ်စက်အနားယူကြပါမည်။

Day 13     နာလန္ဒာ - ရာဇဂြိုဟ် - ဗုဒ္ဓဂယာ

နံနက်စာကို နာလန္ဒာမြန်မာကျောင်း၌ သုံးဆောင်ပြီး ရာဇဂြိုဟ်ရှိ ဝေဠုဝန်ကျောင်းတော်ရာ ဆွန်ဘဏ္ဍာတိုက်၊ ဓာတ်တော်တိုက်၊ ရေပူစမ်း၊ ပိပ္ပလိဂူ၊ ဇီဝကသရက်ဥယျာဉ်၊ ဗိမ္ဗိသာရအကျဉ်းထောင်၊ ကျောက်လှည်းဘီးရာတို့ကို လှည့်လည်ဖူးမြော်ပြီး ဂိဇ္ဈကုဋ်တောင်ပေါ်ရှိ ကျောင်းတော်ရာနှင့် ဂျပန်နိုင်ငံမှ လှူဒါန်းထားသော ငြိမ်းချမ်းရေးစေတီတော်တို့ကို စက်တပ်ကုလားထိုင်ခုံဖြင့်စီးပြီး သွားရောက်ဖူးမြော် ကြပါမည်။ နေ့လယ်စာကို နာလန္ဒာမြန်မာကျောင်း၌ သုံးဆောင်ကြပါမည်။ ထို့နောက် နာလန္ဒာတက္ကသိုလ်အသစ်ရှိ မြန်မာနိုင်ငံမှပညာတော်သင် ရဟန်းတော်များကို လှူဖွယ်ဝတ္ထုများဖြင့် လှူဒါန်းပူဇော်ကြပြီး နာလန္ဒာတက္ကသိုလ် ဟောင်းသို့ သွားရောက်လေ့လာ၍ ရှင်သာရိပုတ္တရာစေတီတော်ကို ဖူးမြော်ကြပါမည်။ ထို့နောက် နာလန္ဒာမှ ၆၂ မိုင်ခန့်ဝေးသော ဗုဒ္ဓဂယာသို့ ခရီးဆက်ပြီး ဗုဒ္ဓဂယာရှိ မြန်မာကျောင်းတွင် အိပ်စက်အနားယူပါမည်။

Day 14     ဗုဒ္ဓဂယာ

နံနက်စာကို ဗုဒ္ဓဂယာမြန်မာကျောင်း၌ သုံးဆောင်ကြပါမည်။ ဘုရားဖူးများ၏ကိုယ်ပိုင် အချိန်ဖြစ်သောကြောင့် ဘုရားဖူးခြင်း၊ဈေးဝယ်ခြင်းများကိုစိတ်ကြိုက်ဆောင်ရွက်နိုင်ပါသည်။ ထို့နောက် ဗုဒ္ဓဂယာရှိမြန်မာကျောင်း၌ ညအိပ်အနားယူပါမည်။

Day 15     ဗုဒ္ဓဂယာ - ရန်ကုန်

နံနက်စာကို ဗုဒ္ဓဂယာကျောင်း၌ သုံးဆောင်ကြပါမည်။ ထို့နောက် နေ့လယ်စာသုံးဆောင်ပြီးနောက်   ( 12:00 PM ) နာရီတွင် ဗုဒ္ဓဂယာရှိမြန်မာကျောင်းမှ ဂယာလေဆိပ်သို့ သွားရောက်ကြပါမည်။ ဂယာမှ ( MAI ) လေယာဉ်ဖြင့် ( 2:50 PM ) နာရီတွင် ထွက်ခွာ၍ ရန်ကုန်သို့ ( 6:10 PM ) နာရီတွင် ဆိုက်ရောက်ပါမည်။ ထို့နောက် ရန်ကုန်မြို့သို့ စိတ်အေးချမ်းသာစွာ ပြန်လည်ရောက်ရှိပါမည်။

 
 
*** ပျော်ရွှင်ဖွယ်ရာ ခရီးစဉ်ပြီးဆုံးပါပြီ ***
 
ပါဝင်သောဝန်ဆောင်မှုများ မေတ္တာလက်ဆောင်ပစ္စည်းများ
  • လေယာဉ်လက်မှတ် ( ရန်ကုန်-ဂယာ-ရန်ကုန် ဗီဇာကြေး ( အိန္ဒိယ ၊ နီပေါ )
  • နံနက်စာ၊ နေ့လယ်စာ၊ ညစာများ
  • လမ်းခရီးသုံးဆောင်နိုင်သော အဆာပြေမုန့်များ
  • မြန်မာဘုန်းတော်ကြီးကျောင်းများနှင့် ဟိုတယ် တည်းခိုစရိတ်များ
  • ခရီးစဉ်တစ်လျှောက်သွားလာလည်ပတ်မည့် ကား
  • ခရီးစဉ်အတွင်းဖော်ပြထားသည့်နေရာများ၏ ဝင်ကြေးများ
  • MIA ကုမ္ပဏီမှ အတွေ့အကြုံရှိ နွေထွေပျူငှာ ယဉ်ကျေး စွာ ဆက်ဆံရေးကောင်းမွန်၍ ဝန်ဆောင်မှုပေးမည့် Tour Leader
  • ခရီးစဉ်တစ်လျှောက် အစစအရာရာ အထုပ်အပိုး ပစ္စည်းများ အား သယ်ယူကူညီပေးမည့် Helper နှင့် ခရီးစဉ်တစ် လျှောက်မှတ်တမ်းတင် ဗီဒီယိုရိုက်ကူးပေးမည့် ဗီဒီယိုသမား တစ်ဦး
  • ရေသန့်ဘူး၊ စနိုးတာဝါ နှင့် Face Mask
  • ခရီးဆာင်အိတ်အကြီး
  • ဘေးလွယ်အိတ် နှင့်
  • လက်ကိုင်အိတ်
  • ဦးထုပ်
  • ရင်ထိုး
  • ယောဂီတဘက်
  • တရားစာအုပ်
  • မှတ်စုစာအုပ်
  • ဘောလ်ပင်
  • ဓါတ်ဘူး
  • ခရီးသွားမှတ်တမ်းတင်ခဲ့ သော ဗီဒီယိုခွေ

Book Now

 

Want to help us?