Bangkok
 bdh 002 01

BDH ~ 002

Day 01     ရန်ကုန် - ဗုဒ္ဓဂယာ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာ၍ ဂယာလေဆိပ်သို့ရောက်ရှိပါမည်။ ဂယာလေဆိပ်တွင် MIA (မြင့်မြတ်ဗုဒ္ဓဂယာဘုရားဖူးအဖွဲ့)မှ တာဝန်ရှိသူက လာရောက်ကြိုဆိုပါမည်။ ထို့နောက်ကားပေါ်တွင်ခရီးသည်များအား နေရာချထားပေးပြီး ပစ္စည်းများသယ်ဆောင်၍ တည်းခိုရာမြန်မာကျောင်းသို့ ထွက်ခွာပါမည်။ မြန်မာကျောင်းသို့ရောက်လျှင် ဘုရားဖူးများအားအခန်းနေရာများကို MIA (မြင့်မြတ်ဗုဒ္ဓဂယာဘုရားဖူးအဖွဲ့)၏  အဖွဲ့ခေါင်းဆောင်မှ နေရာချထားပေးပါမည်။ ညနေပိုင်းတွင် မဟာဗောဓိစေတီသို့ စုပေါင်းကာသင်္ကန်းဆက်ကပ်လှူဒါန်းပါမည်။ ထို့နောက်သတ္တဌာန(၇)ဌာန၊ နိုင်ငံတကာဘုန်းတော်ကြီးကျောင်းများနှင့် ဂျပန် ကမာကူရဘုရားကြီးတို့ကို လေ့လာဖူးမြော်ပါမည်။ ညစာသုံးဆောင်ပြီး ကျောင်းထိုင်ဆရာတော်အား စုပေါင်းပူဇော် ကန်တော့ ကြပါမည်။ ထို့နောက် ဗုဒ္ဓဂယာမြန်မာကျောင်းတွင်အိပ်စက်အနားယူကြ ပါမည်။
 

Day 02       ဗုဒ္ဓဂယာ - ဗာရာဏသီ

နံနက်စာကို ဗုဒ္ဓဂယာကျောင်းတွင် သုံးဆောင်ပြီး ဗုဒ္ဓဂယာရှိ မြတ်စွာဘုရားဒုက္ကရစရိယာ(၆)နှစ်ကျင့်တော် မူရာဒုက္ကရစရိယာတောင်၊ သုဇာတအိမ်ရာကုန်း၊ ဃနာနို့ဆွမ်းဆက်ကပ်ရာနေရာ၊ ရွှေခွက်မျှောရာ နေရာ၊ သောတ္ထိယ မြက်ရှစ်ဆုပ်လှူဒါန်းရာနေရာတို့ကို လှည့်လည်ဖူးမြော်ရပါမည်။ နေ့လယ်စာသုံးဆောင်ပြီး ဗုဒ္ဓဂယာမှမိဂဒါဝုန်သို့ ခရီးထွက်ခွာ ပါမည်။ ဗုဒ္ဓဂယာနှင့် မိဂဒါဝုန်သည် ၁၅၇ မိုင်ကွာဝေးပါသည်။ လမ်းခရီးတွင် မြို့များနှင့်ဂင်္ဂါမြစ်တို့ကို ဖြတ်သန်းမြင်တွေ့ရပါမည်။ ထို့နောက် ဗာရာဏသီမြို့သို့ရောက်ရှိပါမည်။ ဗာရာဏသီရှိမြန်မာကျောင်းတွင် ညစာသုံးဆောင်ပြီး ကျောင်းထိုင်ဆရာတော်အား စုပေါင်းကန်တော့ပါမည်။ ဗာရာဏသီရှိမြန်မာကျောင်းတွင် အိပ်စက်အနားယူကြပါမည်။

Day 03       ဗာရာဏသီ - သာဝတ္ထိ

နံနက်စာကို ဗာရာဏသီကျောင်းတွင် သုံးဆောင်ပါမည်။ ထို့နောက် မြတ်စွာဘုရားတရားဦး ဟောတော်မူရာ ဓမ္မရာဇိကစေတီ၊ အနတ္တလက္ခဏသုတ်ဟောတော်မူရာ ဓမ္မေခစေတီ၊ နန္ဒိယကျောင်းတော်ရာ၊ သမင်များရှိရာ ဘေးမဲ့တော၊ မူလဂန္ဓကုဋိတိုက်၊ ချောက်ခန္ဓီစေတီစသောနေရာဌာနတို့ကို လေ့လာ ဖူးမြော်ကြပါမည်။ နေ့လယ်စာကို ဗာရာဏသီကျောင်းတွင် သုံးဆောင်ပြီးနောက် ဗာရာဏသီမှ ၂၁၇ မိုင်ခန့် ကွာဝေးသော သာဝတ္ထိသို့ ခရီးဆက်ပါမည်။ ထို့နောက် သာဝတ္ထိသို့ရောက်ကာ ညစာသုံးဆောင်ပြီး ကျောင်းထိုင်ဆရာတော်အား စုပေါင်းပူဇော် ကန်တော့ ကြပါမည်။ သာဝတ္ထိမြန်မာကျောင်းတွင် အိပ်စက်အနားယူကြပါမည်။

Day 04       သာဝတ္ထိ - လုမ္ဗိနီ

နံနက်စာကို သာဝတ္ထိကျောင်းတွင် သုံးဆောင်ကြပါမည်။ ထို့နောက် သာဝတ္ထိရှိဇေတဝန်ကျောင်းတော်ရာဝင်း အတွင်းရှိ မူလဂန္ဓကုဋိတိုက်၊ အာနန္ဒာဗောဓိနှင့် ဗုဒ္ဓနေရာဌာနများကိုဖူးမြော်ပြီး တန်ခိုးပြတော်မူရာ သရက်ဖြူကုန်းရှိစေတီရာ၊ ကောသလမင်းကြီး၏ နန်းတော်ရာနေရာဟောင်း၊ ဒေဝဒတ်မြေမြိုရာနေရာနှင့် သာဝတ္ထိမြို့ရိုးတို့ကို လှည့်လည်ဖူးမြော်ပါမည်။ နေ့လယ်စာ သုံးဆောင်ပြီးသာဝတ္ထိမှ ၁၃၉ မိုင်ခန့်ကွာဝေးသော လုမ္ဗိနီသို့ဆက်လက်ခရီး ထွက်ခွာပါမည်။ လမ်းခရီးတွင် အိန္ဒိယနိုင်ငံမှ ထွက်ခွာ၍ နီပေါနိုင်ငံအတွင်းသို့ ဝင်ရောက်နိုင်ရန် နယ်စပ်တွင် ဗီဇာကိစ္စများကို MIA (မြင့်မြတ် ဗုဒ္ဓဂယာဘုရားဖူး အဖွဲ့)၏ အဖွဲ့ခေါင်းဆောင်မှ ဆောင်ရွက်ပါမည်။ ညစာကို လုမ္ဗိနီမြန်မာကျောင်းတွင် သုံးဆောင်ပြီး အိပ်စက်အနားယူကြပါမည်။

Day 05       လုမ္ဗိနီ - ကုသိနာရုံ

နံနက်စာကို လုမ္ဗိနီကျောင်းတွင် သုံးဆောင်ကြပါမည်။ ထို့နောက် လုမ္ဗိနီရှိမြတ်စွာဘုရားဖွားတော်မူရာ နေရာတွင်းရှိမယ်တော်မာယာကျောင်းဆောင်နှင့်စေတီရာများ၊ အသောကကျောက်တိုင်တို့ကို ဖူးမြော်ကြပါမည်။ နေ့လယ်စာကို လုမ္ဗိနီမြန်မာကျောင်းတော်၌ သုံးဆောင်ပြီး ၈၇ မိုင်ခန့်ကွာဝေးသော ကုသိနာရုံသို့ ခရီးဆက်ပါမည်။ ထို့နောက်ကုသိနာရုံရှိ မြတ်စွာဘုရားပရိနိဗ္ဗာန် စံတော်မူရာပရိနိဗ္ဗာနစေတီတွင် စုပေါင်းကြာသင်္ကန်းများ ဆက်ကပ်လှူဒါန်းပါမည်။ မြတ်စွာဘုရားနောက်ဆုံးရေကြည်တော် သုံးရာနေရာ နှင့် တေဇောဓာတ်လောင်ကျွမ်းတော်မူရာစေတီ တို့ကို သွားရောက်ဖူးမြော်ပါမည်။ ညစာသုံးဆောင်ပြီး ကုသိနာရုံကျောင်းထိုင်ဆရာတော်အား ပူဇော်ကန်တော့ပြီး အိပ်စက်အနားယူကြပါမည်။

Day 06       ကုသိနာရုံ - ဝေသာလီ - နာလန္ဒာ

နံနက်စာသုံးဆောင်ကြပြီး ကုသိနာရုံမှ ၁၉၈ မိုင်ခန့်ကွာဝေးသော နာလန္ဒာသို့ ဆက်လက်ခရီးထွက်ခွာပါမည်။ လမ်းခရီးတွင် ကေသရိယစေတီတော်၊ ဒုတိယသင်္ဂါယနာတင်ရာ ဝေသာလီရှိကျောင်းတော်ရာ နေရာများ၊ အသောကကျောက်စာတိုင်၊ ဓာတ်တော်တိုက် တို့ကို ဝင်ရောက် ဖူးမြော်ပါမည်။ နေ့လယ်စာကို ကုသိနာရုံမြန်မာကျောင်းမှယူဆောင်လာသော ထမင်း၊ ဟင်းများဖြင့် သုံးဆောင်ကြပါမည်။ ဆက်လက်ခရီး ထွက်ခွာလာပြီး လမ်းခရီး၌ မဟတ္တမဂန္ဓီအားဂုဏ်ပြုအမည်ပေးထားသော ပတ္တနားမြို့အဝင်ဂင်္ဂါမြစ်ကူးတံတားကို ဖြတ်သန်းသွားရပါမည်။ ထို့နောက် ၆၀ မိုင်ခန့်ခရီးဆက်လာရာ နာလန္ဒာကျောင်းသို့ရောက်ရှိပါမည်။ ညစာကို နာလန္ဒာမြန်မာကျောင်းတွင်သုံးဆောင်ပြီး ကျောင်းထိုင်ဆရာတော်အား ပူဇော်ကန်တော့ကြပါမည်။ နာလန္ဒာမြန်မာကျောင်းတွင် အိပ်စက်အနားယူကြပါမည်။

Day 07       နာလန္ဒာ - ရာဇဂြိုဟ် - ဗုဒ္ဓဂယာ

နံနက်စာကို နာလန္ဒာမြန်မာကျောင်း၌ သုံးဆောင်ပြီး ရာဇဂြိုဟ်ရှိ ဝေဠုဝန်ကျောင်းတော်ရာ ဆွန်ဘဏ္ဍာတိုက်၊ ဓာတ်တော်တိုက်၊ ရေပူစမ်း၊ ပိပ္ပလိဂူ၊ ဇီဝကသရက်ဥယျာဉ်၊ ဗိမ္ဗိသာရအကျဉ်းထောင်၊ ကျောက်လှည်းဘီးရာတို့ကို လှည့်လည်ဖူးမြော်ပြီး ဂိဇ္ဈကုဋ်တောင်ပေါ်ရှိ ကျောင်းတော်ရာနှင့် ဂျပန်နိုင်ငံမှ လှူဒါန်းထားသော ငြိမ်းချမ်းရေးစေတီတော်တို့ကို စက်တပ်ကုလားထိုင်ခုံဖြင့်စီးပြီး သွားရောက်ဖူးမြော် ကြပါမည်။ နေ့လယ်စာကို နာလန္ဒာမြန်မာကျောင်း၌ သုံးဆောင်ကြပါမည်။ ထို့နောက် နာလန္ဒာတက္ကသိုလ်အသစ်ရှိ မြန်မာနိုင်ငံမှပညာတော်သင် ရဟန်းတော်များကို လှူဖွယ်ဝတ္ထုများဖြင့် လှူဒါန်းပူဇော်ကြပြီး နာလန္ဒာတက္ကသိုလ် ဟောင်းသို့ သွားရောက်လေ့လာ၍ ရှင်သာရိပုတ္တရာစေတီတော်ကို ဖူးမြော်ကြပါမည်။ ထို့နောက် နာလန္ဒာမှ ၆၂ မိုင်ခန့်ဝေးသော ဗုဒ္ဓဂယာသို့ ခရီးဆက်ပြီး ဗုဒ္ဓဂယာရှိ မြန်မာကျောင်းတွင် အိပ်စက်အနားယူပါမည်။

Day 08       ဗုဒ္ဓဂယာ - ရန်ကုန်

နံနက်စာကို ဗုဒ္ဓဂယာကျောင်း၌ သုံးဆောင်ကြပါမည်။ ထို့နောက် ဗုဒ္ဓဂယာရှိမြန်မာကျောင်းမှ ဂယာလေဆိပ်သို့ သွားရောက်ကြပါမည်။ ဂယာမှ လေယာဉ်ဖြင့် ထွက်ခွာ၍ ရန်ကုန်သို့ ဆိုက်ရောက်ပါမည်။ ထို့နောက် ရန်ကုန်မြို့သို့ စိတ်အေးချမ်းသာစွာ ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။

 
 
*** ပျော်ရွှင်ဖွယ်ရာ ခရီးစဉ်ပြီးဆုံးပါပြီ ***
 
ပါဝင်သောဝန်ဆောင်မှုများ မေတ္တာလက်ဆောင်ပစ္စည်းများ
  • လေယာဉ်လက်မှတ် ( ရန်ကုန်-ဂယာ-ရန်ကုန် )
  • ဗီဇာကြေး ( အိန္ဒိယ ၊ နီပေါ )
  • နံနက်စာ၊ နေ့လယ်စာ၊ ညစာများ
  • လမ်းခရီးသုံးဆောင်နိုင်သော အဆာပြေမုန့်များ
  • မြန်မာဘုန်းတော်ကြီးကျောင်းတည်းခိုစရိတ်များ
  • ခရီးစဉ်တစ်လျှောက်သွားလာလည်ပတ်မည့် ကား
  • ခရီးစဉ်အတွင်းဖော်ပြထားသည့်နေရာများ၏ ဝင်ကြေးများ
  • MIA ကုမ္ပဏီမှ အတွေ့အကြုံရှိ နွေထွေပျူငှာ ယဉ်ကျေး စွာ ဆက်ဆံရေးကောင်းမွန်၍ ဝန်ဆောင်မှုပေးမည့် Tour Leader
  • ခရီးစဉ်တစ်လျှောက် အစစအရာရာ အထုပ်အပိုး ပစ္စည်းများ အား သယ်ယူကူညီပေးမည့် Helper နှင့် ခရီးစဉ်တစ်လျှောက်
    မှတ်တမ်းတင် ဗီဒီယိုရိုက်ကူးပေးမည့် ဗီဒီယိုသမား တစ်ဦး
  • ရေသန့်ဘူး၊ စနိုးတာဝါ နှင့် Face Mask
  • ခရီးဆာင်အိတ်အကြီး
  • ဘေးလွယ်အိတ် နှင့်လက်ကိုင်အိတ်
  • ဦးထုပ်
  • ရင်ထိုး
  • ယောဂီတဘက်
  • တရားစာအုပ်
  • မှတ်စုစာအုပ်
  • ဘောလ်ပင်
  • ဓါတ်ဘူး
  • ခရီးသွားမှတ်တမ်းတင်ခဲ့သော ဗီဒီယိုခွေ

Book Now

 

Want to help us?