Bangkok

Thailand Bangkok ~ Pattaya (5Days / 4Nights)  

bangkok flag

BKK ~ 002

Day 01 Yangon ~ Bangkok ~ Pattaya   (-/L/D)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မနက်ပိုင်းလေယာဉ်ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထွက်ခွာပါမည်။ ဘန်ကောက်လေဆိပ်တွင် ဒေသခံဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး ပတ္တရားမြို့ ဆက်လက် ထွက်ခွာပါမည်။ ပတ္တရားမြို့သို့ ရောက်လျှင် အရောင်သွေး စုံလင်စွာဖြင့် လှပဆန်းသစ်သော ပန်းခြံတစ်ခုဖြစ်သည့် Nong Nooch Tropical Garden အတွင်း သွားရောက်လည်ပတ်၍ အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးပြီး နေ့လည်စာသုံးဆောင်ပါမည်။ ပြီးနောက် သာယာလှပသော စပျစ်သီးစိုက်ခင်းများရှိရာ Silver Lake နှင့် လေဆာဘုရားဟု ခေါ်ဆိုကြသည့် Khao Chi Chan ဘုရားသို့ သွားရောက်ကြပါမည်။ ထို့နောက် ညစာသုံးဆောင်ပြီး ပတ္တရားမြို့၏ နာမည်ကျော် မိန်းကလေးများကဲ့သို့ လှပသော Lady Boy များ ကပြတင်ဆက်သည့် Alcazar Show အား သွားရောက် ကြည့်ရှု့ကြပါမည်။ ၎င်းနောက် ဟိုတယ်သို့ အေးချမ်းစွာ ပြန်လည် အိပ်စက်အနားယူပါမည်။
 bkk 02bkk 16bkk 03

Day 02 Pattaya ~ Bangkok    (B/L/D)

နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် ထိုင်းနိုင်ငံ၏ နာမည်ကျော် Coral Island သို့ speed boat ဖြင့် သွားရောက်လည်ပတ်ပါမည်။ Coral Island တွင် Banana Boat, Jet Ski နှင့် Parachute များကို ပျော်ရွှင်စွာ စီးကြမည်ဖြစ်ပါသည်။ (မိမိနှစ်သက်ရာကို ရွေးချယ်စီးနိုင်ပြီး ခရီးစဉ်ဝန်ဆောင်မှုတွင် မပါ၀င်ပါ။) နေ့လည်စာကို Coral Island ရှိ စားသောက်ဆိုင်တွင် သုံးဆောင်ပြီး ချစ်စဖွယ် အိမ်ငယ်လေးများ ၊ ဆိုင်ခန်းများ နှင့် ပြပွဲများရှိရာ Mimosa သို့ သွားရောက်လည်ပတ်ပြီး  အမှတ်တရ ဓာတ်ပုံရိုက်ကြပါမည်။ ထို့နောက် ပတ္တရားမြို့အလှကို အပေါ်စီးမှ ကြည့်ရှုခံစားနိုင်သော Viewpoint သို့ သွားရောက်ကြည့်ရှုပြီး ညစာကိုု Local Restaurant တွင် သုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးနောက် ပတ္တရားမြို့ရှိ စားသောက်ဆိုင်များဖြင့် စည်ကားလှသော Walking Street သို့ သွားရောက်လည်ပတ်ပြီး ဟိုတယ်သို့ အေးချမ်းစွာ ပြန်လည်အိပ်စက် အနားယူပါမည်။
 bkk 04bkk 17bkk 18

Day 03 Bangkok   (B/L/D)

နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် ရေခဲရုပ်ထုကြီးများရှိရာ Frost Magical Ice of Siam သို့ ပျော်ရွှင်စွာ သွားရောက်လည်ပတ်ပါမည်။ ပြီးနောက် ဘန်ကောက်မြို့သို့ ထွက်ခွာပြီး တန်ခိုးကြီးဘုရားတစ်ဆူအဖြစ် ကျော်ကြားသော မြဘုရား (Emerald Buddha)ကို ဖူးမြော်ပြီး ဘုရင့်နန်းတော်ဟောင်း(Grand Palace) သို့ လေ့လာလည်ပတ်ပါမည်။ ထိုမှတစ်ဆင့် မြတ်စွာဘုရား လှဲလျှောင်းကျိန်းစက်နေဟန် ထုလုပ်ပူဇော်ထားသည့် Wat Pho Temple သို့ သွားရောက်ဖူးမျှော်ပါမည်။ နေ့လည်စာကို Local Restaurant တွင် သုံးဆောင်ပြီး ဘန်ကောက်မြို့ရှိ နာမည်ကြီး Shopping Mall များ Shopping Area များတွင်  စျေးဝယ် ထွက်ကြပါမည်။ ညစာကို Local Restaurant တွင် သုံးဆောင်ပြီး ညပိုင်းတွင် ဟိုတယ်သို့ အေးချမ်းစွာ ပြန်လည်အိပ်စက် အနားယူပါမည်။
 bkk 19bkk 07bkk 09

Day 04 Bangkok    (B/L/D)

နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် လူကြီးလူငယ်မရွေး အကြိုက်တွေ့စေမည့်  Dream World ကစားကွင်းသို့ သွားရောက်လည်ပတ်ပြီး မိမိ စိတ်ကြိုက် ကစားနည်းများအား ပျော်ရွှင်စွာ ဆော့ကစားနိုင်ပါသည်။ (ကစားနည်း ကစားခြင်းများသည် ၀န်ဆောင်မှုတွင် မပါ၀င်ပါ။) နေ့လည်စာကို Dream World ကစားကွင်း အတွင်းရှိ စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် Ocean World နှင့် Madame Tussauds သို့ ပျော်ရွှင်စွာ သွားရောက် လည်ပတ်ပြီး အမှတ်တရ ဓာတ်ပုံများရိုက်ကြပါမည်။ ထို့နောက် Pratunam Area တွင် ပျော်ရွှင်စွာ စျေးဝယ်ထွက်ပြီး Baiyoke Sky Buffet Dinner ဖြင့် မြိန်ရှက်စွာ သုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ အိပ်စက်အနားယူရန် ပြန်လည်ပို့ဆောင်ပါမည်။

Day 05      Bangkok ~ Yangon     (B/L/D)

နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီး Safari World သို့ သွားရောက်လည်ပတ်ပါမည်။ Safari World တွင် Dolphin Show နှင့် Cowboys Show ကဲ့သို့ show ပွဲများကြည့်ရှုနိုင်ရုံမျှမက အခြားသော ချစ်စရာ တိရိစ္ဆာန်လေးများကို သဘာဝအတိုင်း လွပ်လပ်စွာသွားလာ လှုပ်ရှားနေသည်ကို ကားဖြင့် လှည့်လေ့လာ နိုင်ပါသည်။ နေ့လည်စာကို Safari World အတွင်းရှိ စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် လေဆိပ်သို့ ပြန်လည်ထွက်ခွာပါမည်။ ညနေပိုင်း လေယာဉ်ဖြင့် ရန်ကုန်သို့ ပြန်လည်ထွက်ခွာ၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ပြန်လည်ရောက်ရှိပါမည်။
 bkk 13bkk 14bkk 15
 
 
*** ပျော်ရွှင်ဖွယ်ရာ ခရီးစဉ်ပြီးဆုံးပါပြီ ***
 
 ခရီးစဉ်အတွင်း ပါဝင်သောဝန်ဆောင်မှုများ  ခရီးစဉ်အတွင်း မပါဝင်သောဝန်ဆောင်မှုများ
  • လေယာဉ်လက်မှတ် အသွားအပြန် (Yangon-Bangkok -Yangon)
  • 3*အဆင့်ရှိ ဟိုတယ်တွင် တည်းခိုခ (နှစ်ယောက်တစ်ခန်း)
  • ခရီးစဉ်တွင် ဖေါ်ပြထားသော နံနက်စာ၊ နေ့လည်စာ နှင့် ညစာများ
  • ခရီးစဉ်အတွင်း လည်ပတ်မည့် ကား ( with A/C )
  • ခရီးစဉ်အတွင်း ဖော်ပြထားသော နေရာများ၏ ၀င်ကြေးများ
  • ရေသန့်ဗူးနှင့် စနိုးတာဝါများ
  • MIA မှ Myanmar Tour Leader နှင့် Bangkok ရှိ Guide
  • ခရီးစဉ်အတွင်း မဖော်ပြထားသောနေရာများ နှင့် အခြားသော ၀န်ဆောင်မှုများ
  • မိမိကိုယ်ပိုင်အသုံးအခများ (Telephone, Laundry,Mini Bar, etc…)
  • ခရီးစဉ်အတွင်းမပါ၀င်သော အဖျော်ယမကာ၊ အပူ၊ အအေးနှင့် စားသောက်ဖွယ်ရာများ
  • Early Check-In နှင့် Late Check-Out များ
  • ခရီးသွား အာမခံများ
  • လေယာဉ်အတွင်း ၀န်ပိုသယ်ဆောင်ခ

Book Now

 

Want to help us?