Bangkok

Thailand Bangkok ~ Pattaya ~ Ayuttaya (6Days/5Nights)  

bangkok flag

BKK ~ 005

Day 01 Yangon ~ Bangkok ~ Pattaya   (-/L/D)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မနက်ပိုင်းလေယာဉ်ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထွက်ခွာပါမည်။ ဘန်ကောက်လေဆိပ်တွင် ဒေသခံဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး ပတ္တရားကမ်းခြေသို့ ဆက်လက် ထွက်ခွာပါမည်။ ပတ္တရားကမ်းခြေသို့ရောက်လျှင် နေ့လည်စာသုံးဆောင်ကြပါမည်။ ညနေပိုင်းတွင် အလွန်သာယာ လှပသော Nong Nooch Tropical Garden အတွင်း သွားရောက်လည်ပတ်၍ အမှတ်တရ ဓါတ်ပုံများကို ရိုက်ကူးကြပါမည်။ ညစာသုံးဆောင်ပြီးနောက် ပတ္တရား၏ နာမည်ကျော် tourist attraction တစ်ခုဖြစ်သော Alcazar Show ဟုခေါ်သည့် Ladyboys Show ကိုကြည့်ရှု့ကြပါမည်။ ၎င်းနောက် ဟိုတယ်သို့ သွားရောက် အိပ်စက်အနားယူပါမည်။
 bkk 01bkk 02bkk 03

Day 02 Pattaya ~ Bangkok    (B/L/D)

နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် ထိုင်းနိုင်ငံ၏ နာမည်ကျော် Coral Island သို့ speed boat ဖြင့် သွားရောက်လည်ပတ်ပါမည်။ Coral Island တွင် Banana Boat, Jet Ski နှင့် Parachute များကို ပျော်ရွှင်စွာ စီးကြမည်ဖြစ်ပါသည်။ (မိမိနှစ်သက်ရာကို ရွေးချယ်စီးနိုင်ပြီး ခရီးစဉ်ဝန်ဆောင်မှုတွင် မပါ၀င်ပါ။)   နေ့လည်စာကို Coral Island ရှိ စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် 3D ရုပ်ပုံများဖြင့် ပြည့်နေသော Art in Paradise တွင် ပျော်ရွှင်စွာ လည်ပတ်၍ အမှတ်တရ ဓါတ်ပုံများရိုက်ကြပါမည်။ ညစာကို Asia Hotel တွင်သုံးဆောင်ပြီးနောက် ပတ္တရားမှ ဘန်ကောက်မြို့သို့ ပြန်လည်ထွက်ခွာ ပါမည်။ ဘန်ကောက်သို့ ရောက်ရှိသောအခါ ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
bkk 04bkk 05bkk 06

Day 03 Bangkok   (B/L/D)

နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် တန်ခိုးကြီးဘုရားတစ်ဆူအဖြစ် ကျော်ကြားလှသော မြဘုရား (Emerald Buddha)ကို ဖူးမျှော်ပြီး ဘုရင့်နန်းတော်ဟောင်း သို့ လေ့လာလည်ပတ်ပါမည်။ ထို့နောက် နေ့လည်စာကို Riverview Hotel တွင် International Buffet သုံးဆောင်ပြီး နေ့လည်ပိုင်းတွင် ထိုင်းနိုင်ငံ၏ ရှေးဟောင်းသမိုင်းဝင်မြို့တော်တစ်ခုဖြစ်သော အယုဒ္ဓယမြို့သို့သွားရောက်ပြီး စေတီပုထိုးများအားသွားရောက် လေ့လာလည်ပတ်ဖူးမြော်ပါမည်။ ထို့နောက် ညစာသုံးဆောင်ပြီး ဘန်ကောက်မြို့သို့ပြန်ကာ ညပိုင်းတွင် ဧည့်သည်တော်များ တည်းခိုရာ ဟိုတယ်သို့ ပြန်လည်ပို့ဆောင်ပါမည်။
 bkk 07bkk 21bkk 22

Day 04 Bangkok    (B/L/D)

နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် အပန်းဖြေရင်း ပျော်ရွှင်စွာဆော့ကစားနိုင်မည့် Dream World ကစားကွင်းသို့ သွားရောက်လည်ပတ်ပါမည်။(ကစားနည်း ကစားခြင်းများသည် ၀န်ဆောင်မှုတွင် မပါ၀င်ပါ။) နေ့လည်စာကို Dream World ကစားကွင်း အတွင်းရှိ စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် Pratunam Area သို့ စျေးဝယ်ထွက်ရန် ပြန်လည်ထွက်ခွာပါမည်။ ညစာကို Baiyoke Sky တွင် International Buffet ဖြင့် တည်ခင်းဧည့်ခံပြီးနောက် ဟိုတယ်သို့ အိပ်စက်အနားယူရန် ပြန်လည်ပို့ဆောင်ပါမည်။
 bkk 10bkk 11bkk 12

Day 05       Bangkok        (B/L/D)

နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီး ခရီးသွားဧည့်သည်များကို လည်ပတ်ရန်ဆွဲဆောင်ထားနိုင်သည့် လူတို့ပြုလုပ်ဖန်တီးထားသည့် Dinosaur Planet Theme Park သို့ လည်ပတ်၍ Dinosaur များနှင့် အတူ အမှတ်တရဓါတ်ပုံများ ရိုက်ကူးကြပါမည်။ ထို့နောက် နေ့လည်စာသုံးဆောင်ပြီး ကမ္ဘာပေါ်တွင် Shopping Paradise ဟုအမည်တွင်လောက်တဲ့ ဘန်ကောက်မြို့ရှိ MBK Shopping Mall, Central World, Siam Paragon အစရှိသည့် စျေးဝယ်နေရာများသို့ စျေးဝယ်နိုင်ရန်အတွက် လိုက်လံပို့ဆောင်ပေးပါမည်။ ပြီးနောက် ညစာသုံးဆောင်ပြီး တည်းခိုရာ ဟိုတယ်သို့ပြန်ကာ အိပ်စက်အနားယူရပါမည်။
 bkk 23bkk 09bkk 24

 

Day 06      Bangkok ~ Yangon     (B/L/D)

နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီး Safari World သို့ သွားရောက်လည်ပတ်ပါမည်။ Safari World တွင် Dolphin Show နှင့် Cowboys Show ကဲ့သို့ show ပွဲများကြည့်ရှုနိုင်ရုံမျှမက အခြားသော ချစ်စရာ တိရိစ္ဆာန်လေးများကို သဘာဝအတိုင်း လွပ်လပ်စွာသွားလာ လှုပ်ရှားနေသည်ကို ကားဖြင့် လှည့်လေ့လာ နိုင်ပါသည်။ နေ့လည်စာကို Safari World အတွင်းရှိ စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် လေဆိပ်သို့ ပြန်လည်ထွက်ခွာပါမည်။ ညနေပိုင်း လေယာဉ်ဖြင့် ရန်ကုန်သို့ ပြန်လည်ထွက်ခွာ၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ပြန်လည်ရောက်ရှိပါမည်။
 bkk 13bkk 14bkk 15
 
 
*** ပျော်ရွှင်ဖွယ်ရာ ခရီးစဉ်ပြီးဆုံးပါပြီ ***
 
 ခရီးစဉ်အတွင်း ပါဝင်သောဝန်ဆောင်မှုများ  ခရီးစဉ်အတွင်း မပါဝင်သောဝန်ဆောင်မှုများ
  • လေယာဉ်လက်မှတ် အသွားအပြန် (Yangon-Bangkok -Yangon)
  • 3*အဆင့်ရှိ ဟိုတယ်တွင် တည်းခိုခ (နှစ်ယောက်တစ်ခန်း)
  • ခရီးစဉ်တွင် ဖေါ်ပြထားသော နံနက်စာ၊ နေ့လည်စာ နှင့် ညစာများ
  • ခရီးစဉ်အတွင်း လည်ပတ်မည့် ကား ( with A/C )
  • ခရီးစဉ်အတွင်း ဖော်ပြထားသော နေရာများ၏ ၀င်ကြေးများ
  • ရေသန့်ဗူးနှင့် စနိုးတာဝါများ
  • MIA မှ Myanmar Tour Leader နှင့် Bangkok ရှိ Guide
  • ခရီးစဉ်အတွင်း မဖော်ပြထားသောနေရာများ နှင့် အခြားသော ၀န်ဆောင်မှုများ
  • မိမိကိုယ်ပိုင်အသုံးအခများ (Telephone, Laundry,Mini Bar, etc…)
  • ခရီးစဉ်အတွင်းမပါ၀င်သော အဖျော်ယမကာ၊ အပူ၊ အအေးနှင့် စားသောက်ဖွယ်ရာများ
  • Early Check-In နှင့် Late Check-Out များ
  • ခရီးသွား အာမခံများ
  • လေယာဉ်အတွင်း ၀န်ပိုသယ်ဆောင်ခ

Book Now

 

Want to help us?