Bangkok

Thailand Bangkok ~ Pattaya ~ Ayuttaya (5Days/4Nights)  

bangkok flag

BKK ~ 006

Day 01 Yangon ~ Bangkok ~ Pattaya   (-/L/D)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မနက်ပိုင်းလေယာဉ်ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထွက်ခွာပါမည်။ ဘန်ကောက်လေဆိပ်တွင် ဒေသခံဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး ပတ္တရားကမ်းခြေသို့ ဆက်လက် ထွက်ခွာပြီး နေ့လည်စာသုံးဆောင်ကြပါမည်။ ညနေပိုင်းတွင် အလွန်သာယာ လှပသော Nong Nooch Tropical Garden အတွင်း သွားရောက်လည်ပတ်၍ အမှတ်တရ ဓါတ်ပုံများကို ရိုက်ကူးကြပါမည်။ ပြီးနောက် ပတ္တရား၏ နာမည်ကျော် tourist attraction တစ်ခုဖြစ်သော Alcazar Show ဟုခေါ်သည့် Ladyboys Show ကိုကြည့်ရှု့ကြပါမည်။ ထို့နောက် ညစာသုံးဆောင်ပြီး Walking Street သို့ သွားရောက်လည်ပတ်ပါမည်။ ၎င်းနောက် ဟိုတယ်သို့ သွားရောက်ကာ အိပ်စက်အနားယူပါမည်။

Night Over – Baron Beach Hotel (or) Golden Beach Hotel

 bkk 01bkk 02bkk 03

Day 02 Pattaya ~ Bangkok    (B/L/D)

နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် ထိုင်းနိုင်ငံ၏ နာမည်ကျော် Coral Island သို့ speed boat ဖြင့် သွားရောက်လည်ပတ်ပါမည်။ Coral Island တွင် Banana Boat, Jet Ski နှင့် Parachute များကို ပျော်ရွှင်စွာ စီးကြမည်ဖြစ်ပါသည်။ (မိမိနှစ်သက်ရာကို ရွေးချယ်စီးနိုင်ပြီး ခရီးစဉ်ဝန်ဆောင်မှုတွင် မပါ၀င်ပါ။) နေ့လည်စာကို Coral Island ရှိ စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် 3D ရုပ်ပုံများဖြင့် ပြည့်နေသော Art in Paradise တွင် ပျော်ရွှင်စွာလည်ပတ်၍ အမှတ်တရ ဓါတ်ပုံများရိုက်ကြပါမည်။ ထို့နောက် ပတ္တရားမှ ဘန်ကောက်မြို့သို့ ပြန်လည်ထွက်ခွာပြီး ညစာသုံးဆောင်ပါမည်။ ဘန်ကောက်သို့ ရောက်ရှိသောအခါ Pratunam ဧရိယာအတွင်းရှိ Pratunam Night Market သို့စျေးဝယ်ထွက်ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

Night Over – PJ Watergate Hotel

bkk 04bkk 05bkk 06

Day 03 Bangkok – Ayuttaya      (B/L/D)

နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် တန်ခိုးကြီးဘုရားတစ်ဆူအဖြစ် ကျော်ကြားလှသော မြဘုရား (Emerald Buddha)ကို ဖူးမျှော်ပြီး ဘုရင့်နန်းတော်ဟောင်း သို့ လေ့လာလည်ပတ်ပါမည်။ ထို့နောက် နေ့လည်စာသုံးဆောင်ပြီး အယုဒ္ဓယသို့ ဆက်လက်ထွက်ခွာကာ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်မြို့တစ်ခုအဖြစ်သက်မှတ်ခံထားရသော နေရာများကိုသွားရောက်လေ့လာ လည်ပတ်ပြီး ဘန်ကောက်သို့ပြန်လည်ထွက်ခွာလာပါမည်။ ထို့နောက် ညစာကို Chaophraya Cruise တွင် International Buffet ဖြင့် တည်ခင်းဧည့်ခံပြီးနောက် ဟိုတယ်သို့ အိပ်စက်အနားယူရန် ပြန်လည်ပို့ဆောင်ပါမည်။

Night Over – PJ Watergate Hotel

 bkk 07bkk 22bkk 25

Day 04 Bangkok    (B/L/D)

နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် အပန်းဖြေရင်း ပျော်ရွှင်စွာဆော့ကစားနိုင်မည့် Dream World ကစားကွင်းသို့ သွားရောက်လည်ပတ်ပါမည်။(ကစားနည်း ကစားခြင်းများသည် ၀န်ဆောင်မှုတွင် မပါ၀င်ပါ။) နေ့လည်စာကို Dream World ကစားကွင်း အတွင်းရှိ စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် Siam Paragon ရှိရေအောက်ကမ္ဘာတစ်ခုသဖွယ်ရောက်ရှိသွားသလို ခံစားရမည့် Ocean World နှင့် ကမ္ဘာကျော်လူပုဂ္ဂိုလ်များအား ဖရောင်းရုပ်များနှင့်ပုံစံတူအောင် ဂုဏ်ပြုထားသော Madame Tussauds တွင်အမှတ်တရဓါတ်ပုံများ ရိုက်ကူးကြပါမည်။ ၎င်းနောက် ဘန်ကောက်၏ အကြီးဆုံး Branded စျေးဝယ်စင်တာ တစ်ခု ဖြစ်သည့် Central World တွင်ပျော်ရွှင်စွာစျေးဝယ်ထွက်ကြပါမည်။ ထို့နောက်ညစာသုံးဆောင်ကာ ဟိုတယ်တွင်အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

Night Over – PJ Watergate Hotel

 bkk 10bkk 26bkk 24

Day 05      Bangkok ~ Yangon     (B/L/D)

နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီး Safari World သို့ သွားရောက်လည်ပတ်ပါမည်။ Safari World တွင် Dolphin Show, Cowboys Show, Monkey Boxing ကဲ့သို့ show ပွဲများကြည့်ရှုနိုင်ရုံမျှမက အခြားသော ချစ်စရာ တိရိစ္ဆာန်လေးများကို သဘာဝအတိုင်း လွပ်လပ်စွာသွားလာ လှုပ်ရှားနေသည်ကို ကားဖြင့် လှည့်လေ့လာ နိုင်ပါသည်။ (လေ့လာသောနေရာများ၏ ၀င်ကြေးဝန်ဆောင်မှုများ မပါ၀င်ပါ။)  နေ့လည်စာကို Safari World အတွင်းရှိ စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် လေဆိပ်သို့ ပြန်လည်ထွက်ခွာပါမည်။ ညနေပိုင်း လေယာဉ်ဖြင့် ရန်ကုန်သို့ ပြန်လည်ထွက်ခွာ၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ပြန်လည်ရောက်ရှိပါမည်။
 bkk 13bkk 14bkk 15
 
 
*** ပျော်ရွှင်ဖွယ်ရာ ခရီးစဉ်ပြီးဆုံးပါပြီ ***
 
 ခရီးစဉ်အတွင်း ပါဝင်သောဝန်ဆောင်မှုများ  ခရီးစဉ်အတွင်း မပါဝင်သောဝန်ဆောင်မှုများ
  • လေယာဉ်လက်မှတ် အသွားအပြန် (Yangon-Bangkok-Yangon)
    နှင့် ကီလို(၂၀) သယ်ဆောင်ခွင့်
  • 3*အဆင့်ရှိ ဟိုတယ်တွင် တည်းခိုခ နှစ်ယောက်ခန်းတစ်ခန်း
  • နှင့် သုံးယောက်ခန်းတစ်ခန်း (Including Breakfast)
  • ခရီးစဉ်အတွင်း လည်ပတ်မည့် ကား ( with A/C )
  • Coral Island သို့ Boat ခ
  • ခရီးစဉ်အတွင်း ဖော်ပြထားသော နေရာများ၏ ၀င်ကြေးများ
  • နေ့လည်စာများနှင့် ညစာများ
  • Chaophraya Cruise Dinner နှင့် Dream World,
  • Safari World အတွင်း နေ့လည်စာများ
  • ခရီးစဉ်အတွင်း မဖော်ပြထားသောနေရာများ နှင့် အခြားသော ၀န်ဆောင်မှုများ
  • မိမိကိုယ်ပိုင်အသုံးအခများ (Telephone, Laundry,Mini Bar, etc…)
  • ခရီးစဉ်အတွင်းမပါ၀င်သော အဖျော်ယမကာ၊ အပူ၊ အအေးနှင့် စားသောက်ဖွယ်ရာများနှင့်
  • နေ့လည်စာ၊ ညစာများ
  • Early Check-In နှင့် Late Check-Out များ
  • ခရီးသွား အာမခံများ
  • လေယာဉ်အတွင်း ၀န်ပိုသယ်ဆောင်ခများ

Book Now

 

Want to help us?