Bangkok

 

bangkok flag

  Bangkok ~ Cambodia (5Days4Nights)  

cambodia flag

Tour Code: BNC-001

Day  1        Bangkok Arrival        (-/L/D)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နံနက်ပိုင်းလေယာဉ်ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထွက်ခွာပြီး ဘန်ကောက်မြို့ရှိ လေဆိပ်တွင် ဒေသခံဧည့်လမ်းညွှန်မှ နွေးထွေးပျူငှာစွာလာရောက်ကြိုဆိုပါမည်။ ထို့နောက် ရှေးခေတ်ထိုင်းဘုရင်တို့၏ နန်းတော်ဖြစ်ခဲ့သော Grand Palace နှင့် ဆုတောင်းပြည့် မြဘုရား တို့အား သွားရောက်လေ့လာ ဖူးမြော်ပါမည်။ နေ့လည်စာကို Riverside Restaurant တွင် Buffet ဖြင့်သုံးဆောင်ပြီး MBK (သို့မဟုတ်) Central World စသည့် Shopping Mall များတွင် ပျော်ရွှင်စွာ လည်ပတ်ဈေးဝယ်ထွက်ကြပါမည်။ ညစာကို Shopping Mall ရှိ Restaurant များတွင် ကူပွန်ကဒ်ဖြင့် မိမိစိတ်ကြိုက်သုံးဆောင်နိုင်ပါမည်။ ညပိုင်းတွင် ဘန်ကောက်မြို့ရှိ စီစဉ်ထားသော ဟိုတယ်တွင် Check-In ဝင်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

 bc 01bc 02bc 03

Day 2       Bangkok ~ Poipet Border ~ Cambodia     (B/L/D)

ဟိုတယ်တွင် မနက်စာ သုံးဆောင်ပြီးနောက် ထိုင်းနိုင်ငံ မှတဆင့် ကမ္ဘောဒီးယားနိုင်ငံသို့ Poi Pet Border နယ်စပ် လမ်းကြောင်းမှတဆင့် စီစဉ်ထားသော ကားဖြင့် သွားရောက်လည်ပတ်ပါမည်။ ကမ္ဘောဒီးယားနယ်စပ်သို့ ရောက်ရှိပါက Local Restaurant တွင် နေ့လည်စာသုံးဆောင်ပြီးနောက် Siem Reap မြို့သို့ ထွက်ခွာကာ စီစဉ်ထားသော ဟိုတယ်တွင် Check in ဝင်ပါမည်။ ညနေခင်းတွင် Tonle Sap Lake ရှိ ရေပေါ်တံငါရွာလေးတွင် လှေငယ်များစီးပြီး ညနေနေဝင်ဆည်းဆာအလှကို ကြည့်ရှုခံစားပါမည်။ ညစာကို Local Restaurant တွင် သုံးဆောင်ပြီး Siem Reap ညဈေးတန်း တွင် မိမိစိတ်ကြိုက် ပျော်ရွှင်စွာ လည်ပတ်ဈေးဝယ်ထွက်ပါမည်။ ထို့နောက် ဟိုတယ်သို့ အေးချမ်းစွာ ပြန်လည်အိပ်စက် အနားယူပါမည်။

 bc 04bc 05bc 06

Day  3      Cambodia         (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ၁၂ရာစု ခန့်က တည်ထားခဲ့သော ကမ္ဘာ့အံ့ဖွယ် Angkor Wat ဘုရားကျောင်းဝင်းကြီးသို့ သွားရောက်လည်ပတ်ပါမည်။ ဘုရားကျောင်းဝင်းကြီးထဲရှိ ရှေးခေတ် ခမာ လူမျိုးများ၏ ဗိသုကာလက်ရာများရှိရာ Angkor Thom, the South Gate, Bayon Temple, Avolokitesvara, Terrace of the Elephants, Terrace of Leper Kings စသည့်နေရာများသို့ သွားရောက်လေ့လာပါမည်။ နေ့လည်စာကို Local Restaurant တွင် သုံးဆောင်ပြီးနောက် ကြီးမားသော  သစ်ပင်ကြီးများနှင့် အဆောက်အဦးတို့ ရောယှက်တည်ရှိရာ Ta  Prohm  တွင် အမှတ်တရဓာတ်ပုံ ရိုက်ကူးပြီး ညနေခင်းတွင် ကမ္ဘာအံ့ဖွယ်စာရင်းဝင် Angkor Wat ဘုရားကျောင်းကြီးတွင် နေဝင်ဆည်းဆာအလှကို ကြည့်ရှုခံစားပါမည်။ ညပိုင်းတွင် ခမာရိုးရာအကကို ကြည့်ရှုရင်း ညစာ သုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ အေးချမ်းစွာ ပြန်လည်အိပ်စက် အနားယူပါမည်။

 bc 07bc 08bc 09

Day  4       Poipet Border ~ Bangkok      (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံ Poi Pet Border မှတဆင့် ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာပါမည်။ ဘန်ကောက်ပြီးသို့ ရောက်ရှိပါက စီစဉ်ထားသော ဟိုတယ်တွင် Check-In ဝင်ပြီး Local Restaurant တွင် နေ့လည်စာ သုံးဆောင်ပါမည်။ ထို့နောက် မိမိအစီအစဉ်ဖြင့် ပျော်ရွှင်စွာ လည်ပတ်ဈေးဝယ်ထွက်နိုင်ပြီး ညစာကို Baiyoke Sky Hotel တွင် International Buffet ဖြင့် ဧည့်ခံကျွေးမွေးပါမည်။ ထို့နောက် စီစဉ်ထားသော ဟိုတယ်သို့ အေးချမ်းစွာ ပြန်လည် အိပ်စက်အနားယူပါမည်။

 bc 10bc 11bc 12

Day 5       Bangkok Departure   (B/L/-)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် တိရိစ္ဆာန်လေးများစုံလင်စွာ တွေ့ရှိနိုင်သည့် Safari World, လင်းပိုင် နှင့်ဖျံလေးများ၏ ပြပွဲများကြည့်ရှုနိုင်သည့် Marine Park တို့ကို သွားရောက်လည်ပတ်ပြီး နေ့လည်စာကို Buffet ဖြင့်သုံးဆောင်ပါမည်။ ထို့နောက် လေဆိပ်သို့ ထွက်ခွာပြီး Check-In ဝင်ကာ ဘန်ကောက်မြို့လေဆိပ်မှ ရန်ကုန်မြို့သို့ စိတ်အေးချမ်းသာစွာ ပြန်လည်ထွက်ခွာပါမည်။

 bc 13bc 14bc 15
 
 
*** ပျော်ရွှင်ဖွယ်ရာ ခရီးစဉ်ပြီးဆုံးပါပြီ ***  
 
 ခရီးစဉ်အတွင်း ပါဝင်သောဝန်ဆောင်မှုများ  ခရီးစဉ်အတွင်း မပါဝင်သောဝန်ဆောင်မှုများ
  • လေယာဉ်လက်မှတ် အသွားအပြန် (Yangon-Bangkok -Yangon)
  • 3*အဆင့်ရှိ ဟိုတယ်တွင် တည်းခိုခ (နှစ်ယောက်တစ်ခန်း)
  • ခရီးစဉ်တွင် ဖေါ်ပြထားသော နံနက်စာ၊ နေ့လည်စာ နှင့်
    ညစာများ
  • ခရီးစဉ်အတွင်း လည်ပတ်မည့် ကား ( with A/C )
  • ခရီးစဉ်အတွင်း ဖော်ပြထားသော နေရာများ၏ ဝင်ကြေးများ
  • Tonle Sap ရေကန်တွင် လှေစီးခြင်း
  • ရေသန့်ဗူးနှင့် စနိုးတာဝါများ
  • MIA မှ Myanmar Tour Leader နှင့် Bangkok, Cambodia ရှိ Guide
  • ခရီးစဉ်အတွင်း မဖော်ပြထားသောနေရာများ နှင့် အခြားသော ဝန်ဆောင်မှုများ
  • မိမိကိုယ်ပိုင်အသုံးအခများ (Telephone, Laundry,Mini Bar, etc…)
  • ခရီးစဉ်အတွင်းမပါဝင်သော အဖျော်ယမကာ၊ အပူ၊ အအေးနှင့် စားသောက်ဖွယ်ရာများ
  • Early Check-In နှင့် Late Check-Out များ
  • ခရီးသွား အာမခံများ
  • လေယာဉ်အတွင်း ဝန်ပိုသယ်ဆောင်ခ

Book Now

 

Want to help us?