cambodia-01

 

  Cambodia Phnom Penh – Siem Reap Tour (5Days4Nights)  

cambodia flag

CBD ~ 001

Day 01       Arrive Phnom Penh       (-/-/D)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်လေဆိပ်သို့ ထွက်ခွာပြီး ဒေသခံဧည့်လမ်းညွှန်မှ နွေးထွေးပျူငှာစွာ လာရောက်ကြိုဆိုပါမည်။ ထို့နောက် နေ့လည်စာကို Local Restaurant တွင် သုံးဆောင်ပြီး ဟိုတယ်သို့ Check in ဝင်ပါမည်။ ပြီးနောက် ဖနွမ်းပင်မြို့တွင်းရှိ အထင်ကရနေရာများဖြစ်သော လွတ်လပ်ရေးကျောက်တိုင် ၊ ကမ္ဘောဒီးယားနိုင်ငံ ဘုရင်ဟောင်းဖြစ်သော Norodom Sihanouk ဘုရင်၏ နှစ်ပတ်လည် အမှတ်တရ ရုပ်ထု စသည့်နေရာများကို သွားရောက်လည်ပတ်ပါမည်။ ထို့နောက် မဲခေါင်မြစ်ကမ်းနားတွင် ညနေနေဝင်ဆည်းဆာအလှကို ကြည့်ရှုခံစားပြီး ညစာကို Local Restaurant တွင် သုံးဆောင်ပါမည်။

 cb 01cb 02cb 03

Day 02       Full day sightseeing in Phnom Penh      (B/L/D)

ဟိုတယ်တွင် မနက်စာ သုံးဆောင်ပြီးနောက် ငွေရောင်ဆေးရေးများဖြင့် ပြုလုပ်ထားသော Royal Palace ၊ Silver Pagoda ၊ Raung Damrei Museum နှင့် 15th ရာစုခန့်က တည်ထားခဲ့သော Wat Phnom စေတီ စသည့်နေရာများသို့ သွားရောက် လည်ပတ်ပါမည်။ ထို့နောက် Central Market တွင် ပျော်ရွှင်စွာ လည်ပတ်ဈေးဝယ်ထွက်ပြီး နေ့လည်စာကို Local Restaurant တွင် သုံးဆောင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီး  ကမ္ဘောဒီးယား စစ်ပွဲကာလ ပုံရိပ်များကို တွေ့မြင်နိုင်သည့် Toul  Sleng  သို့ သွားရောက်လေ့လာပါမည်။ ဆက်လက်ပြီး အခွေများ၊ အဝတ်အထည်များနှင့် လက်မှုပစ္စည်းများ ဝယ်ယူရရှိနိုင်သော Russian Market သို့ သွားရောက်လည်ပတ်ပါမည်။    

 cb 04cb 05cb 06

Day 03       Phnom Penh ~ Siem Reap by private overland transfer      (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် စီရမ်ရိသို့ ခရီးဆက်ပါမည်။ နေ့လည်စာကို စီရမ်ရိရှိ Local Restaurant တွင် သုံးဆောင်ပြီး နာမည်ကြီး ရေကန်တစ်ခုဖြစ်သော Tonle Sap ရေကန်တွင် လှေစီးရင်း ရေပေါ်ရွာလေးသို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် လက်ရာမြောက်သော ပန်းချီ၊ ပန်းပု ဗိသုကာလက်ရာများရှိရာ Les Chan tiers Ecoles Artisans D’Angkor သို့ သွားရောက်လေ့လာ ကြပါမည်။ ညစာကို Local Restaurant တွင် သုံးဆောင်ပြီး စီရမ်ရိရှိ စီစဉ်ထားသော ဟိုတယ်သို့ အေးချမ်းစွာ ပြန်လည်အိပ်စက် အနားယူပါမည်။      

 cb 07cb 08cb 09

Day 04        Angkor Wat Tour      (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ၁၂ရာစု ခန့်က တည်ထားခဲ့သော ကမ္ဘာ့အံ့ဖွယ် Angkor Wat ဘုရားကျောင်းဝင်းကြီးသို့ သွားရောက်လည်ပတ်ပါမည်။ ဘုရားကျောင်းဝင်းကြီးထဲရှိ ရှေးခေတ် ခမာ လူမျိုးများ၏ ဗိသုကာလက်ရာများရှိရာ Angkor Thom, the South Gate, Bayon Temple, Baphoun , Phimeanakas ,Terrace of the Elephants, Terrace of Leper Kings စသည့်နေရာများသို့ သွားရောက်လေ့လာပါမည်။ နေ့လည်စာကို Local Restaurant တွင် သုံးဆောင်ပြီး ကြီးမားသော  သစ်ပင်ကြီးများနှင့် အဆောက်အဦးတို့ ရောယှက်တည်ရှိရာ Ta  Prohm Temple တွင် အမှတ်တရဓာတ်ပုံ ရိုက်ကူးပြီး ညနေခင်းတွင် ကမ္ဘာအံ့ဖွယ်စာရင်းဝင် Angkor Wat ဘုရားကျောင်းကြီးတွင် နေဝင်ဆည်းဆာအလှကို ကြည့်ရှုခံစားပါမည်။ ပြီးနောက် Siem Reap Night Market တွင် ပျော်ရွှင်စွာ လည်ပတ်ဈေးဝယ်ပြီး ညစာကို Local Restaurant တွင် ဟိုတယ်သို့ အေးချမ်းစွာ ပြန်လည်အိပ်စက် အနားယူပါမည်။

 cb 10cb 11cb 12

Day 05       Trip Concludes      (B/L/-)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ဆုတောင်းပြည့် Preah Ang Chek နှင့် Preah Ang Chorm Shrine ဘုရားသို့ သွားရောက်ဖူးမြော်ကြပါမည်။ ထို့နောက် ကမ္ဘောဒီးယားရိုးရာ လက်မှုပစ္စည်း လူသုံးကုန်ပစ္စည်းများ ဝယ်ယူရရှိနိုင်ပြီး ခမာရိုးရာကော်ဖီ နှင့် လက်ဘက်ရည်များ အခမဲ့မြည်းစမ်းနိုင်သော Senteur D’ Angkor Center သို့ သွားရောက် လည်ပတ်ပါမည်။ နေ့လည်စာကို Local Restaurant တွင် သုံးဆောင်ပြီး လေဆိပ်သို့ Check In ဝင်ပါမည်။ ၄င်းနောက် စီရမ်ရိလေဆိပ်မှ ရန်ကုန်မြို့သို့ စိတ်ချမ်းမြေ့စွာ ပြန်လည် ထွက်ခွာပါမည်။

 cb 13cb 14cb 15
 
 
*** ပျော်ရွှင်ဖွယ်ရာ ခရီးစဉ်ပြီးဆုံးပါပြီ ***
 
 ခရီးစဉ်အတွင်း ပါဝင်သောဝန်ဆောင်မှုများ  ခရီးစဉ်အတွင်း မပါဝင်သောဝန်ဆောင်မှုများ
  • လေယာဉ်လက်မှတ် အသွားအပြန် (Yangon- Cambodia -Yangon)
  • 3*အဆင့်ရှိ ဟိုတယ်တွင် တည်းခိုခ (နှစ်ယောက်တစ်ခန်း)
  • ခရီးစဉ်တွင် ဖေါ်ပြထားသော နံနက်စာ၊ နေ့လည်စာ နှင့်
    ညစာများ
  • ခရီးစဉ်အတွင်း လည်ပတ်မည့် ကား ( with A/C )
  • ခရီးစဉ်အတွင်း ဖော်ပြထားသော နေရာများ၏ ဝင်ကြေးများ
  • Tonle Sap ရေကန်တွင် လှေစီးခြင်း
  • ရေသန့်ဗူးနှင့် စနိုးတာဝါများ
  • MIA မှ Myanmar Tour Leader နှင့် Cambodia ရှိ Guide
  • ခရီးစဉ်အတွင်း မဖော်ပြထားသောနေရာများ နှင့် အခြားသော ဝန်ဆောင်မှုများ
  • မိမိကိုယ်ပိုင်အသုံးအခများ (Telephone, Laundry,Mini Bar, etc…)
  • ခရီးစဉ်အတွင်းမပါဝင်သော အဖျော်ယမကာ၊ အပူ၊ အအေးနှင့် စားသောက်ဖွယ်ရာများ
  • Early Check-In နှင့် Late Check-Out များ
  • ခရီးသွား အာမခံများ
  • လေယာဉ်အတွင်း ဝန်ပိုသယ်ဆောင်ခ

Book Now

 

Want to help us?