Bangkok

CMI ~ 002

Day 01       Yangon to Chiang Mai      (-/-/D)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် မှ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ သို့ ထွက်ခွာပြီး ချင်းမိုင်လေဆိပ်တွင် ဒေသခံဧည့်လမ်းညွှန်မှ နွေးထွေးပျူငှာစွာ လာရောက်ကြိုဆိုပါမည်။ထို့နောက် လေဆိပ်မှထွက်ခွာပြီး သပ္ပါယ်လှစွာသော Wat Phrathat Doi Suthep (or) Mountain Top ဘုရားသို့ သွားရောက်ဖူးမြော်ပြီး  တောင်ပေါ်မှနေ၍ Chiang Mai တမြို့လုံး၏အလှကို အပေါ်စီးမှ ကြည့်ရှုနိုင်ပါသည်။ ညစာကို စီစဉ်ထားသော စားသောက်ဆိုင်တွင် ချင်းမိုင် ရိုးရာအက အလှများကို ကြည့်ရှုခံစားရင်း သုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးနောက် အဝတ်အထည်၊ အစားအစာ ၊ အမှတ်တရပစ္စည်း နှင့် အသုံးအဆောင် ပစ္စည်း များဖြင့် စည်ကားလှသော Chiang Mai Night Bazaar Market သို့ မိမိအစီစဉ်ဖြင့် သွားရောက်လည်ပတ် ဈေးဝယ်ထွက် ကြပါမည်။  ဈေးဝယ်ထွက်ပြီးနောက် ဟိုတယ်သို့ပြန်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

 chiang mai 13chiang mai 16chiang-mai 03

Day 02       Chiang Mai ~ Chiang Rai     (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီး ချင်းရိုင် ၊ မဲဆိုင် နှင့် ရွှေတြိဂံဒေသသို့ သွားရောက်လည်ပတ်ပါမည်။ လမ်းခရီးတွင် Mae Khajan Hot Spring(ရေပူစမ်း) သို့ ဝင်ရောက်လည်ပတ်ပါမည်။ပြီးနောက် ချင်းရိုင်မြို့သို့ ခရီးဆက်ပြီး အံ့သြဖွယ် ဗိသုကာလက်ရာများဖြင့် လှပဆန်းကြယ်သော White Temple သို့သွားရောက်လေ့လာပါမည်။ နေ့လည်စာကို လမ်းခရီးရှိ စီစဉ်ထားသော Local Restaurant တွင် သုံးဆောင်ပြီး မြန်မာ ၊  ထိုင်း နှင့် လာအို သုံးနိုင်ငံ နယ်နမိတ်ထိစပ်ရာ ရွှေတြိဂံဒေသသွားရောက်ပြီး Opium Museum  (မူးယစ်ဆေးဝါးပြတိုက်) နှင့် Viewpoint တို့အား လေ့လာလည်ပတ်ပါမည်။ ထို့နောက် ချင်းရိုင်မြို့ ရှိ  စီစဉ်ထားသော ဟိုတယ်တွင် Check In  ဝင်၍ ခေတ္တအနားယူပါမည်။ ညစာကို Local Restaurant တွင် သုံးဆောင်ပြီး မိမိအစီစဉ်ဖြင့် Chiang Rai Night Bazaar market တွင် ပျော်ရွှင်စွာ လည်ပတ်ဈေးဝယ်ကြပါမည်။ ထို့နောက် ဟိုတယ်သို့ ပြန်၍အေးချမ်းစွာ အိပ်စက်အနား ယူပါမည်။

 chiang-mai 04chiang-mai 05chiang-mai 06

Day 03       Chiang Rai      (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီး check out ထွက်ကာ ချင်းရိုင်မြို့ Doi Tung တောင်တန်းကုန်းမြင့်ဒေသဖြစ်ပြီး ရောင်စုံပန်းမာန်များဖြင့် သာယာလှပသော Doi Tung Royal Palace & Garden သို့သွားရောက်လည်ပတ်ပါမည်။ ထို့နောက် ချင်းရိုင်မြို့သို့ ပြန်လည်ထွက်ခွာလာပြီး စီစဉ်ထားသော ဒေသစားသောက်ဆိုင်တွင် နေ့လည်စာသုံးဆောင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ဝါးဖြင့်ပြုလုပ်ထားသော  အမည်းရောင် အိမ်ငယ်လေးများ ၊ ပန်းချီပန်းပုအနုပညာလက်ရာများ ရှိရာ  Black House (or) Bann Dam Museum of Chiang Mai  သို့ သွားရောက်၍ အနုပညာလက်ရာများအား ကြည့်ရှုခံစားပါမည်။ ပြီးနောက် ချင်းမိုင်မြို့သို့  ဆက်လက်ထွက်ခွာပြီး  ချင်းမိုင်သို့ ရောက်ရှိပါက စီစဉ်ထားသော ဟိုတယ်တွင် Check In ဝင်၍ ခေတ္တအနားယူပါမည်။ ညစာကို Local Restaurant တွင် သုံးဆောင်ပြီး Chiang Mai Night Bazaar Market သို့  မိမိအစီစဉ်ဖြင့်  သွားရောက် ဈေးဝယ်ထွက်နိုင်ပါသည်။ ပြီးနောက် ဟိုတယ်သို့ ပြန်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

 chiang-mai 07chiang-mai 08chiang-mai 09

Day 04       Chiang Mai      (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ထိုင်းနိုင်ငံမြောက်ပိုင်း၏ အကြီးဆုံး ပန်းဥယျာဉ် တစ်ခုဖြစ်ပြီး တောတောင်ရေမြေ ပန်းမာန်တို့ဖြင့် လွန်စွာသာယာလှပသော Royal Flora Ratchaphruek Garden သို့ သွားရောက်လည်ပတ်ရင်း အမှတ်တရ ဓာတ်ပုံများရိုက်ကူးကြပါမည်။ ပန်းဥယျာဉ်တွင် လည်ပတ်ပြီးနောက် စီစဉ်ထားသော Local Restaurant တွင် နေ့လည်စာသုံးဆောင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Branded ပစ္စည်းများ နှင့် အခြားအသုံးအဆောင်များ စုံလင်စွာ ဝယ်ယူရရှိနိုင်သော Central Festival Mall တွင် စိတ်ကြိုက် ဈေးဝယ်ထွက်ကြပါမည်။ ညစာကို စီစဉ်ထားသော Local Restaurant တွင် သုံးဆောင်ပြီး Chiang Mai Night Safari သို့ သွားရောက်ပြီး တိရိစ္ဆာန်လေးများ ၊ Ladyboy များမှ တေးသရုပ်ဖော်ကပြသော Cabaret Show နှင့် တိရိစ္ဆာန်လေးများ ကပြဖျော်ဖြေ Skillful  jungle animal show စသည်တို့ကို သွားရောက်ကြည့်ရှုပါမည်။ ပြီးနောက် ဟိုတယ်သို့ ပြန်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

 chiang-mai 10chiang-mai 11chiang-mai 12

Day 05       Chiang Mai ~ Yangon      (B/L/-)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ချင်းမိုင်မြို့ဟောင်းနှင့် မြို့ဟောင်းရှိ Wat Chedi Luang,Wat Phrasingh,Wat Lok Molee ဘုရားများသို့ သွားရောက်ဖူးမြော်ပါမည်။ ထို့နောက် အမြင်အာရုံလှည့်စားထားသော 3D ပန်းချီကားများရှိရာ Art in Paradise  (3D Art Gallery) သို့သွားရောက် လည်ပတ်ပါမည်။ နေ့လည်စာကို စီစဉ်ထားသော နေရာတွင်သုံးဆောင်ပြီး ချင်းမိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်ကာ ချင်းမိုင်မြို့  မှ ရန်ကုန်မြို့ သို့ ပြန်လည်ထွက်ခွာလာပါမည်။

 chiang-mai 17chiang-mai 18chiang-mai 19
 
 
*** ပျော်ရွှင်ဖွယ်ရာ ခရီးစဉ်ပြီးဆုံးပါပြီ ***
 
 ခရီးစဉ်အတွင်း ပါဝင်သောဝန်ဆောင်မှုများ  ခရီးစဉ်အတွင်း မပါဝင်သောဝန်ဆောင်မှုများ
  • လေယာဉ်လက်မှတ် အသွားအပြန် (Yangon- Chiang Mai -Yangon)
  • 3*အဆင့်ရှိ ဟိုတယ်တွင် တည်းခိုခ (နှစ်ယောက်တစ်ခန်း)
  • ခရီးစဉ်တွင် ဖေါ်ပြထားသော နံနက်စာ၊ နေ့လည်စာ နှင့်
    ညစာများ
  • ခရီးစဉ်အတွင်း လည်ပတ်မည့် ကား ( with A/C )
  • ခရီးစဉ်အတွင်း ဖော်ပြထားသော နေရာများ၏ ဝင်ကြေးများ
  • ရေသန့်ဗူးနှင့် စနိုးတာဝါများ
  • MIA မှ Myanmar Tour Leader နှင့် Bangkok ရှိ Guide
  • ခရီးစဉ်အတွင်း မဖော်ပြထားသောနေရာများ နှင့် အခြားသော ဝန်ဆောင်မှုများ
  • မိမိကိုယ်ပိုင်အသုံးအခများ (Telephone, Laundry,Mini Bar, etc…)
  • ခရီးစဉ်အတွင်းမပါဝင်သော အဖျော်ယမကာ၊ အပူ၊ အအေးနှင့် စားသောက်ဖွယ်ရာများ
  • Early Check-In နှင့် Late Check-Out များ
  • ခရီးသွား အာမခံများ
  • လေယာဉ်အတွင်း ဝန်ပိုသယ်ဆောင်ခ

Flight Information

With Air KBZ

K7– 842 Yangon ~ Chiang Mai 11:50 13:40
K7– 843 Chiang Mai ~ Yangon 14:45 15:35

Book Now

 

Want to help us?