Bangkok

 

  Yangon – Dubai – Abu Dhabi (6 Days/5 Nights)  

dubai

DBI ~ 001

Day 01     Yangon - Dubai  (B /L / D)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သန်းခေါင်စောစောအချိန်တွင် ဒူဘိုင်းသို့စတင်ထွက်ခွာပြီး ဒူဘိုင်းမြို့ရှိ Dubai International Airport သို့ရောက်ရှိပါမည်။ လေဆိပ်တွင် ဒေသခံဧည့်လမ်းညွန်မှ နွေးထွေးစွာလာရောက်ကြိုဆိုပြီး မနက်စာသုံးဆောင်နိုင်ရန် Local Restaurant သို့ပို့ဆောင်ပေးပါမည်။ ထို့နောက်တွင် ဒူဘိုင်းမြို့အတွင်း ကားဖြင့်စတင်လည်ပတ် လည့်လည်ကြည့်ရှုပါမည်။ ပြီးနောက် စီစဉ်ထားသောဟိုတယ်တွင် မိမိအထုတ်အပိုး Luggages များကိုထားကာ နေ့လည်စာသုံးဆောင်ပြီး နေ့လည် 2နာရီတွင် ဟိုတယ်သို့ Check-In ပြန်ဝင်ပါမည်။ ထို့နောက် အထပ်ပေါင်း 124ထပ်ရှိ ဒူဘိုင်းမြို့၏ အမြင့်ဆုံး မိုးမျှော်တိုက် တစ်ခုဖြစ်သော Burj Khalifa နှင့် Souq Madinat Jumeirah သို့သွားရောက်လည်ပတ်ပါမည်။ ညစာကို Dubai Mall (သို့) Local Restaurant တွင်မြိန်ရှက်စွာသုံးဆောင်ပြီး ဟိုတယ်သို့ အေးချမ်းစွာ ပြန်လည်အိပ်စက် အနားယူပါမည်။

 dubai 01dubai 02dubai 03

Day 02       Dubai     (B/L/D)

ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးနောက် ဒူဘိုင်းမြို့၏ခေတ်မှီလှပသော မြို့ပြအသွင်အပြင်များဖြစ်သည့် Marina Yacht Club, Twisted Tower Marina , Jumeirah Beach Residence နှင့် Jumeirah Mosque အစရှိသည့် နေရာများအပြင် သဘာဝအတိုင်းမဟုတ်ပဲ လူလုပ်ထားသည့်ထန်းပင်ပုံစံကျွန်း The Palm Island သို့ Monorail Ride စီးကာ သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာကို Kaleidoscope Restaurant တွင် International Buffet ဖြင့်သုံးဆောင်ပြီး ဟိုတယ်သို့ပြန်လည်အနားယူမည်ဖြစ်ပါသည်။ ညစာကို Dhow Cruise စီးနင်းရင်း Buffet Dinner သုံးဆောင်ကာ Dubai မြို့၏အလှအပကိုခံစားနိုင်ပါသည်။ ထို့နောက်တွင် ဟိုတယ်သို့  အေးချမ်းစွာ ပြန်လည်အိပ်စက်အနားယူမည်ဖြစ်ပါသည်။

 dubai 04dubai 05dubai 06

Day 03       Dubai  (B/L/D)

ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးနောက် Emirates Mall သို့ ပျော်ရွှင်စွာလည်ပတ်ဈေးဝယ်ထွက်ပါမည်။ နေ့လည်စာကို Shopping Mall အတွင်းတွင်သုံးဆောင်ပြီး ဟိုတယ်သို့ပြန်ကာ ခေတ္တခဏအနားယူပါမည်။ ထို့နောက် ကမ္ဘာ့နာမည်အကြီးဆုံး ဒူဘိုင်း Safari သဲကန္တာရသို့ သွားရောက်လည်ပတ်ပြီး အလှဓာတ်ပုံရိုက်ကူးမှု များနှင့် အရသာရှိသော BBQ Buffet Dinner သုံးဆောင်ပြီး ဟိုတယ်သို့ အေးချမ်းစွာပြန်လည်အိပ်စက် အနားယူမည်ဖြစ်ပါသည်။

 dubai 07dubai 08dubai 09

Day 04       Dubai - Abu Dhabi   (B/L/D)

ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးနောက် U.A.E ၏မြို့တော်ဖြစ်သော Abu Dhabi သို့ဆက်လက် ခရီးဆက်ပါမည်။ Sheik Zayed Mosque , Heritage Village , Abu Dhabi Corniche , Emirates Palace , Presidential Palace စသည့် အထင်ကရနေရာများအားလည်းသွားရောက်လည်ပတ် လေ့လာပါမည်။ ထို့နောက် Ferrari – branded Logo ဒီဇိုင်းကဲ့သို့ဆောက်လုပ်ထားသော ကမ္ဘာ့အမြန်ဆုံး Roller Coaster ရှိရာ Ferrari World သို့သွားရောက်လည်ပတ်ပြီး နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ပါမည်။ ထို့နောက်ဒူဘိုင်း သို့ပြန်လည်ခရီးဆက်ပါမည်။ ညစာကို Local Restaurant တွင်သုံးဆောင်ပြီး ဟိုတယ်သို့ အေးချမ်းစွာပြန်လည် အိပ်စက်အနားယူမည်ဖြစ်ပါသည်။

 dubai 10dubai 11dubai 12

Day 05       Dubai Departure   (B/L/D)

ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီး နေ့လည် 12 နာရီတွင် Check Out လုပ်ကာ မိမိအစီအစဉ်ဖြင့် ပျော်ရွှင်စွာလည်ပတ်အနားယူနိုင်ပါသည်။ ထို့နောက် ညစာသုံးဆောင်ပြီး Dubai International Airport သို့ထွက်ခွာပါမည်။

Day 06       Yangon Arrival

မနက်စောစောအချိန်တွင် Dubai International Airport မှ Yangon International Airport ထွက်ခွာကာ နေ့လည်ပိုင်းအချိန်တွင် ရန်ကုန်သို့ရောက်ရှိပါမည်။

 
 
*** ပျော်ရွှင်ဖွယ်ရာ ခရီးစဉ်ပြီးဆုံးပါပြီ ***
 
 ခရီးစဉ်အတွင်း ပါဝင်သောဝန်ဆောင်မှုများ  ခရီးစဉ်အတွင်း မပါဝင်သောဝန်ဆောင်မှုများ
  • လေယာဉ်လက်မှတ် အသွားအပြန် (Yangon - Dubai)
  • 3*/4*အဆင့်ရှိ ဟိုတယ်တွင် တည်းခိုခ (နှစ်ယောက်တစ်ခန်း)
  • ခရီးစဉ်တွင် ဖေါ်ပြထားသော နံနက်စာ၊ နေ့လည်စာ နှင့်
    ညစာများ
  • ခရီးစဉ်အတွင်း လည်ပတ်မည့် ကား ( with A/C )
  • ခရီးစဉ်အတွင်း ဖော်ပြထားသော နေရာများ၏ ဝင်ကြေးများ
  • ရေသန့်ဗူးနှင့် စနိုးတာဝါများ
  • MIA မှ Myanmar Tour Leader နှင့် Dubai ရှိ Guide
  • ခရီးစဉ်အတွင်း မဖော်ပြထားသောနေရာများ နှင့် အခြားသော ဝန်ဆောင်မှုများ
  • မိမိကိုယ်ပိုင်အသုံးအခများ (Telephone, Laundry,Mini Bar, etc…)
  • ခရီးစဉ်အတွင်းမပါဝင်သော အဖျော်ယမကာ၊ အပူ၊ အအေးနှင့် စားသောက်ဖွယ်ရာများ
  • Early Check-In နှင့် Late Check-Out များ
  • ခရီးသွား အာမခံများ
  • လေယာဉ်အတွင်း ဝန်ပိုသယ်ဆောင်ခ
  • လေယာဉ်ကွင်းနှင့်ဟိုတယ်တို့တွင် ပစ္စည်း သယ်ယူပို့ဆောင်ခ

Book Now

 

Want to help us?