Bangkok

 

  Egypt (8Days / 7Nights)  

egypt

EGY ~ 001

Day 01     Yangon ~ Cairo (- /- / D)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အီဂျစ်နိုင်ငံ၏မြို့တော် ကိုင်ရိုမြို့လေဆိပ်သို့ရောက်ရှိပြီး ဒေသခံဧည့်လမ်းညွှန်မှ နွေးထွေးပျူငှာစွာ လာရောက်ကြိုဆိုပါမည်။ ထို့နောက် ဒေသခံစားသောက်ဆိုင်တွင် ညစာသုံးဆောင်ပြီး စီစဉ်ထားသော ဟိုတယ်တွင် check in ဝင်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

 egypt 01egypt 02egypt 03

Day 02       Pyramids of Giza & Saqqara Cairo - Luxor    (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက်  ပိရမစ်များနှင့် အလွန်ကြီးမားသော မနုဿီဟ ရုပ်ထုကြီးများရှိရာ Giza Plateau သို့ သွားရောက်လည်ပတ်ပါမည်။ Giza Plateau သို့ရောက်ရှိပါက ကမ္ဘာကျော် ပိရမစ်များ မနုဿီဟရုပ်ထုကြီးများဖြင့် အမှတ်တရဓာတ်ပုံ ရိုက်ကူးပြီး  ဧည့်လမ်းညွှန်မှ ရှင်းလင်းပြောပြသော သမိုင်းကြောင်းများ နားထောင်ရင်း လည်ပတ်လေ့လာပါမည်။ သစ်ကုလားအုပ်စီးရန် စိတ်ဝင်စားပါက ပျော်ရွှင်စွာစီးနိုင်ပြီး ၄င်းနောက်စီစဉ်ထားသော နေ့လည်စာအား သုံးဆောင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးပါက ရှေးခေတ်အီဂျစ်လူမျိုးများ ကွယ်လွန်ပါက မြှုပ်နှံသင်္ဂြိုဟ်သော အဆောက်အအုံများရှိရာ Saqqara Cairo သို့ သွားရောက်လေ့လာပါမည်။ထို့နောက် ညစာသုံးဆောင်ပြီး အီဂျစ်လူမျိုးတို့ တန်ခိုးအာဏာကြီးမားစဉ်က ထင်ရှားခဲ့သော Luxor မြို့ သို့ရထားဖြင့် ထွက်ခွာပါမည်။

 egypt 04egypt 05egypt 06

Day 03       Luxor (B/L/D)

Luxor မြို့သို့ရောက်ရှိပါက မနက်စာသုံးဆောင်ပြီး စီစဉ်ထားသော ဟိုတယ်သို့ check in ဝင်ပါမည်။ ပြီးနောက် အမိုးအကာပွင့် ပြတိုက်တစ်ခုဖြစ်ပြီး အီဂျစ်လူမျိုးတို့၏ သမိုင်းဝင် ရင်သပ်ရှုမောဖွယ် ဗိသုကာလက်ရာများအား တွေ့မြင်ခံစားနိုင်သော Open Air Museums သို့ သွားရောက် လေ့လာပါမည်။ပြီးနောက် ဒေသခံစားသောက်ဆိုင်တွင် နေ့လည်စာသုံးဆောင်ပြီး နိုင်းလ်မြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိပြီး ခမ်းနားထည်ဝါသော Temple of Luxor သို့ သွားရောက်လေ့လာပါမည်။ ညစာကိုဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပြီး ဟိုတယ်သို့ အေးချမ်းစွာ ပြန်လည်အိပ်စက် အနားယူပါမည်။

 egypt 07egypt 08egypt 09

Day 04       Valley of the Kings  (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် အမှတ်တရဖြစ်စေရန် Valley of Kings, Valley of Queens နှင့် the Mountain on the Nobles စသည့် သမိုင်းဝင်နေရာများသို့ မီးပုံပျံစီးပြီး အဝေးမှကြည့်ရှုခံစားနိုင်ပါသည်။(ဝန်ဆောင်မှုတွင် မပါဝင်ပါ။)  ပြီးနောက်  ကမ္ဘာ့အရှည်ဆုံးမြစ်ဖြစ်သော နိုင်းလ်မြစ်၏ အနောက်ဖက်ကမ်းတွင်ရှိသော the Pharaoh Amenhotep III ၏ စုံတွဲရုပ်ထုကြီးဖြစ်သော the Colossi of Memnon ရုပ်ထုကြီး ,The temple of Amenophis  III , Valley of King နှင့် ဟာရှပ်ဆု ဘုရင်မကြီး ပထမဆုံးဆောက်လုပ်ခဲ့သော temple of Queen Hatshepsut ရှိရာသို့ လည်ပတ်လေ့လာပါမည်။ ထို့နောက် ဒေသခံ စားသောက်ဆိုင်တွင် နေ့လည်စာသုံးဆောင်ပြီး ဟိုတယ်သို့ ပြန်လာပါမည်။ ပြီးနောက် ရှေးခေတ်အီဂျစ်လူမျိုးတို့ တန်ခိုးအင်အားကြီးထွားချိန်က  ဝတ်ပြုဆုတောင်းရာ သန့်ရှင်းမွန်မြတ်သည့်နေရာ နှင့် အခြားထင်ရှားသော ဗိသုကာလက်ရာ အဆောက်အဦးများ ရှိရာ Karnak Complex  သို့သွားရောက် လည်ပတ်ပါမည်။ ထို့နောက် ဒေသခံစားသောက်ဆိုင်တွင် ညစာသုံးဆောင်ပြီး ကိုင်ရိုမြို့သို့ ရထားဖြင့် ပြန်လည်ထွက်ခွာလာပြီး ရထားပေါ်တွင် အိပ်စက်အနားယူပါမည်။

 egypt 10egypt 11egypt 12

Day 05       Egyptian Museum  (B/L/D)

ကိုင်ရိုမြို့သို့ရောက်ရှိပါက စီစဉ်ထားသော ဟိုတယ်သို့ check in ဝင်ပါမည်။ထို့နောက် ရွှေသားများဖြင့် ပြုလုပ်ထားသော Tutankhamen ဘုရင်၏ ရုပ်ကလပ် ၊ မံမီရုပ်များ နှင့် အံ့သြဖွယ် ရှေးဟောင်းအမွေအနှစ်များရှိရာ Egyptian Museum သို့ သွားရောက်လည်ပတ်ပါမည်။ နေ့လည်ခင်း နှင့် ညနေပိုင်းတွင် မိမိစိတ်ကြိုက်အစီစဉ်ဖြင့် ပျော်ရွှင်စွာ လည်ပတ်နိုင်ပါသည်။ ညပိုင်းတွင် ဒေသခံစားသာက်ဆိုင်တွင် ညစာသုံးဆောင်ပြီး ဟိုတယ်သို့အေးချမ်းစွာ ပြန်လည်အိပ်စက်အနားယူပါမည်။

 egypt 13egypt 14egypt 15

Day 06       Egyptian Museum  (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ဟိုတယ်မှ check out ထွက်ပါမည်။ ထို့နောက် ကိုင်ရိုအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထွက်ခွာပါမည်။

Day 07       Cairo International Airport (-/-/-)

ကိုင်ရိုအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အပြန်လေယာဉ်အားစောင့်ဆိုင်းပြီး  ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာပါမည်။

Day 08       Yangon (-/-/-)

ရန်ကုန်မြို့သို့ စိတ်အေးချမ်းသာစွာ ပြန်လည်ရောက်ရှိပါမည်။ 
 
***End of Services***
 
 ခရီးစဉ်အတွင်း ပါဝင်သောဝန်ဆောင်မှုများ  ခရီးစဉ်အတွင်း မပါဝင်သောဝန်ဆောင်မှုများ
  • လေယာဉ်လက်မှတ် အသွားအပြန်(Yangon-Cairo-Yangon)
  • 3*အဆင့်ရှိ ဟိုတယ်တွင် တည်းခိုခ (နှစ်ယောက်တစ်ခန်း)
  • ခရီးစဉ်တွင် ဖေါ်ပြထားသော နံနက်စာ၊ နေ့လည်စာ နှင့် ညစာများ
  • ခရီးစဉ်အတွင်း လည်ပတ်မည့် ကား ( with A/C )
  • Cairo – Luxor – Cairo သို့သွားရောက်သည့် ရထားလက်မှတ်ခ
  • ခရီးစဉ်အတွင်း ဖော်ပြထားသော နေရာများ၏ ဝင်ကြေးများ
  • ဗီဇာကြေးနှင့် ဗီဇာဝန်ဆောင်မှုများ
  • ရေသန့်ဗူးနှင့် စနိုးတာဝါများ
  • MIA မှ Myanmar Tour Leader နှင့် Cairo ရှိ Tour Guide
  • ခရီးစဉ်အတွင်း မဖော်ပြထားသောနေရာများ နှင့် အခြားသော ဝန်ဆောင်မှုများ
  • မိမိကိုယ်ပိုင်အသုံးအခများ (Telephone, Laundry,Mini Bar, etc…)
  • ခရီးစဉ်အတွင်းမပါဝင်သော အဖျော်ယမကာ၊ အပူ၊ အအေးနှင့် စားသောက်ဖွယ်ရာများ
  • Early Check-In နှင့် Late Check-Out များ
  • ခရီးသွား အာမခံများ
  • လေယာဉ်အတွင်း ဝန်ပိုသယ်ဆောင်ခ

Book Now

 

Want to help us?