Bangkok

 

  Europe England – Scotland (11 Days / 10 Nights)  

england

ENG ~ 001

Day 01     Yangon ~ London

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အင်္ဂလန်နိုင်ငံ၏ မြို့တော် လန်ဒန်မြို့သို့ ထွက်ခွာပါမည်။

Day 02       London    (-/-/D)

အင်္ဂလန်နိုင်ငံ၏ ဟီးသရိုး (Heathrow) အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးသို့ ရောက်ရှိပါက ဒေသခံဧည့်လမ်းညွှန်မှ နွေးထွေးပျူငှာစွာ လာရောက်ကြိုဆိုပြီး စီစဉ်ထားသော Hotel သို့ Check In ဝင်ရန် သွားရောက်ပါမည်။ ထို့နောက် Local Restaurant တွင် ညစာသုံးဆောင်ပြီး London မြို.ရှိ ဟိုတယ်သို့ပြန်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

 england 01england 02england 03

Day 03       London City Tour (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် အင်္ဂလန်နိုင်ငံ နေမဝင်အင်ပါယာ၏ဘုရင်မကြီး Queen Elizabeth II နှင့် တော်ဝင်မိသားစုများ နေထိုင် စံမြန်းပြီး နိုင်ငံအရေးကိစ္စများ စီမံခန့်ခွဲရာ ခမ်းနားထည်ဝါလှသော Buckingham Palace, အင်္ဂလန်နိုင်ငံ၏ အထိမ်းအမှတ် သင်္ကေတ Big Ben နာရီစင်ကြီး နှင့် တွဲဖက်တည်ရှိပြီး နိုင်ငံ၏ အရေးကြီး အစည်းအဝေးများ ပြုလုပ်ရာ House of Parliament ၊ အင်္ဂလန်နိုင်ငံ၏ အဓိကဘုရားကျောင်းကြီး တစ်ခုဖြစ်သော Westminster Abbey ဘုရားကျောင်း၊ လန်ဒန်မြို့တစ်ခုလုံး၏ အလှကို အပေါ်စီးမှ ခံစားကြည့်ရှုနိုင်သော London Eye ၊ သမိုင်းဝင်ရှေးဟောင်းရဲတိုက်ကြီး တစ်ခုဖြစ်သော Tower of London ၊ River Thames ကိုဖြတ်သန်းတည်ဆောက်ထားသော နှစ်ထပ်တံတားဖြစ်ပြီး အင်္ဂလန်နိုင်ငံ၏ သင်္ကေတတစ်ခုဖြစ်သော Tower Bridge အစရှိသော လန်ဒန်မြို့၏ အထင်ကရနေရာများသို့ ပျော်ရွှင်စွာ လည်ပတ်ကြပါမည်။
နေ့လည်စာနှင့် ညစာကို Local Restaurant တွင်သုံးဆောင်ပြီး ညပိုင်းတွင် ဟိုတယ်သို့ အေးချမ်းစွာ ပြန်လည်အိပ်စက် အနားယူပါမည်။

 england 04england 05england 06
 
 england 07england 08england 09

Day 04       London ~ Stonehenge ~ Oxford ~ Stratford  (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ဘီစီ ၃၀ဝ၀ ခန့်က တည်ဆောက်ခဲ့သည်ဟု ရှေးဟောင်းသုတေသနပညာရှင်များက သတ်မှတ်ထားပြီး World Heritage Sites တစ်ခုဖြစ်သော Stonehenge ၊ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်အမြောက်အမြားအား မွေးထုတ်ပေးခဲ့သော ကမ္ဘာ့နာမည်ကျော် တက္ကသိုလ်ကျောင်း တစ်ခုဖြစ်သည့် Oxford University တို့အား သွားရောက်လေ့လာပါမည်။ ထို့နောက် ရိုမီယို ဂျူးလိယက် ပြဇာတ်အပါဝင် အခြားဂန္တဝင်ကဗျာများ၊ဝတ္ထုများ ၊ ပြဇာတ်များရေးသားခဲ့သော ကမ္ဘာကျော်စာရေးဆရာကြီး ရှိတ်စပီးယား၏ ဇာတိမြို့ ဖြစ်သော Stratford မြို့သို့သွားရောက်ပြီး ရှိတ်စပီးယားနေထိုင်ခဲ့ သော နေအိမ်အား ပြတိုက်အဖြစ် ပြသထားသော Shakespeare's birthplace museum သို့သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာနှင့် ညစာကို Local Restaurant တွင်သုံးဆောင်ပြီး ညပိုင်းတွင် Stratford မြို .ရှိ ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက် အနားယူပါမည်။

 england 10england 11england 12

Day 05       Stratford ~ Birmingham ~ Manchester  (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် အမျိုးစုံသော စက်မှုလုပ်ငန်းများရှိပြီး အင်္ဂလန်နိုင်ငံ အနောက်အလယ်ပိုင်းဒေသ၏ အဓိကမြို့တော်ကြီးဖြစ်သော Birmingham မြို့ အား ခေတ္တဝင်ရောက် လည်ပတ်ပါမည်။ ထို့နောက် ကမ္ဘာတစ်ဝှမ်း ဘောလုံးအားကစားပရိသတ်တို့၏ အသည်းစွဲအသင်းတစ်သင်းဖြစ်သော Manchester United F.C အသင်းရှိရာ Manchester မြို.သို့ ထွက်ခွာပြီး Manchester မြို.၏ ထင်ရှားသော ညချမ်းအလှ လည်ပတ်ကြည့်ရှုကြပါမည်။
နေ့လည်စာနှင့် ညစာကို Local restaurant တွင်သုံးဆောင်ပြီး ညပိုင်းတွင် Manchester မြို့ ရှိ ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

 england 13england 14england 15

Day 06       Manchester ~ Liverpool ~ Manchester  (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Liverpool မြို့ သို့ သွားရောက်လည်ပတ်ပါမည်။ တစ်ခေတ်တခါက လွန်စွာကျော်ကြားအောင်မြင်ခဲ့သော ကမ္ဘာကျော် The Beatles တေးဂီတအဖွဲ့၏ အမှတ်တရပုံရိပ်များ ၊ အသုံးအဆောင်ပစ္စည်းများ ခင်းကျင်းပြရာ The Beatles Story သို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် ၁၉၅၇ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ပြီး The Beatles တေးဂီတအဖွဲ့စတင်ဖြစ်ပေါ်ခဲ့ရာ Liverpool မြို.၏ နာမည်ကျော် လှိုဏ်ဂူပုံသဏ္ဍန်ရှိ The Cavern Club သို့ ဝင်ရောက်လည်ပတ်ပြီးနောက် Manchester မြို့သို့ ပြန်လာပါမည်။
နေ့လည်စာနှင့် ညစာကို Local restaurant တွင်သုံးဆောင်ပြီး ညပိုင်းတွင် Manchester မြို့ ရှိ ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

 england 16england 17england 18

Day 07       Manchester ~ Edinburgn (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် စကော့တလန်နိုင်ငံ Edinburgn မြို့၏ သမိုင်းဝင်ခံတပ်ဟောင်းကြီးတစ်ခုဖြစ်ပြီး မီးတောင်ကျောက်များဖြင့် တည်ဆောက်ထားသော Edinburgn Castle ၊ ၁၂ ရာစုက တည်ဆောက်ခဲ့ပြီး High Kirk of Edinburgh အမည်ဖြင့် ထင်ရှားကျော်ကြားသော St Giles's Cathedral စသည့် သမိုင်းဝင် အထင်ကရနေရာများကို သွားရောက်လည်ပတ်ပါမည်။ အကယ်၍ သင်သည် Harry Potter ရုပ်ရှင်ကားများအား နှစ်ခြိုက်သူဖြစ်ပါက Harry Potter ဇာတ်လမ်းဖန်တီးသူ စာရေးဆရာမ JK Rowling ဖွင့်လှစ်ထားသော JK Rowling's Ivory cafe(Artisan Roast) သို့ သွားရောက်လေ့လာရင်း ကော်ဖီသောက်သုံးနိုင်ပါသည်။
နေ့လည်စာနှင့် ညစာကို Local restaurant တွင်သုံးဆောင်ပြီး ညပိုင်းတွင် Edinburgn မြို့ ရှိ ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

 england 19england 20england 21

Day 08       Edinburgn ~ York (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် လွန်ခဲ့သော ၁၄ ရာစုက Roman, Saxon နှင့် Viking လူမျိုးတို့၏ စုစည်းနေထိုင်ခဲ့သော York မြို့သို.ခရီးထွက်ပါမည်။ York မြို့တွင် မြောက်ပိုင်းဥရောပနိုင်ငံများတွင် အကြီးဆုံးဖြစ်သော  York Minster ဘုရားကျောင်း ၊ ရောမခေတ်က ကာကွယ်ရေးအတွက် ဆောက်လုပ်ခဲ့ပြီး York City walls , Bar walls, Roman walls စသည့်အမည်အမျိုးမျိုးဖြင့်  ထင်ရှားသော York City  walls ရှိရာသို့ သွားရောက်လည်ပတ်ပြီး ရောမခေတ် အငွေ့အသက်များအား ခံစားကြည့်ရှုပါမည်။ နေ့လည်စာနှင့် ညစာကို Local restaurant တွင်သုံးဆောင်ပြီး ညပိုင်းတွင် Edinburgn မြို့ ရှိ ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

 england 22england 23england 24

Day 09       York ~ Cambridge ~ London (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် အင်္ဂလန်နိုင်ငံ၏ နာမည်ကျော်တက္ကသိုလ်များတွင် တစ်ခုအပါဝင်ဖြစ်သော Cambridge တက္ကသိုလ်သို့ သွားရောက်လေ့လာပြီး လန်ဒန်မြို့သို့ ခရီးဆက်ပါမည်။ လန်ဒန်မြို့သို့ ရောက်ရှိပါက မိမိစိတ်ကြိုက်လွတ်လပ်စွာ အနားပန်းဖြေခြင်း (သို့) Westfield shopping Centre တွင် ပျော်ရွှင်စွာ ဈေးဝယ်ထွက်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။ နေ့လည်စာနှင့် ညစာကို Local restaurant တွင်သုံးဆောင်ပြီး ညပိုင်းတွင် London မြို့ ရှိ ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

 england 25england 26england 27

Day 10       London ~ Departure  (B/-/-)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ဟိုတယ်မှ Check Out ထွက်၍ ဟီးသရိုး (Heathrow) လေဆိပ်မှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာလာပါမည်။

Day 11       Yangon  (-/-/-)

ရန်ကုန်မြို့သို့ စိတ်အေးချမ်းသာစွာ ပြန်လည်ရောက်ရှိပါမည်။ 
 
 
*** ပျော်ရွှင်ဖွယ်ရာ ခရီးစဉ်ပြီးဆုံးပါပြီ ***
 
 ခရီးစဉ်အတွင်း ပါဝင်သောဝန်ဆောင်မှုများ  ခရီးစဉ်အတွင်း မပါဝင်သောဝန်ဆောင်မှုများ
  • လေယာဉ်လက်မှတ် အသွားအပြန် (Yangon- London - Yangon)
  • 3*အဆင့်ရှိ ဟိုတယ်တွင် တည်းခိုခ (နှစ်ယောက်တစ်ခန်း)
  • ခရီးစဉ်တွင် ဖေါ်ပြထားသော နံနက်စာ၊ နေ့လည်စာ နှင့် ညစာများ 
  • ခရီးစဉ်အတွင်း လည်ပတ်မည့် ကား ( with A/C ), အမြန်ရထား လက်မှတ်များ
  • ခရီးစဉ်အတွင်း ဖော်ပြထားသော နေရာများ၏ ဝင်ကြေးများ
  • ဗီဇာကြေး နှင့် ဗီဇာဝင်ဆောင်မှုများ
  • ရေသန့်ဗူးနှင့် စနိုးတာဝါများ
  • MIA မှ Myanmar Tour Leader နှင့် Europe နိုင်ငံများရှိ Local Guide
  • ခရီးစဉ်အတွင်း မဖော်ပြထားသောနေရာများ နှင့် အခြားသော ဝန်ဆောင်မှုများ
  • မိမိကိုယ်ပိုင်အသုံးအခများ (Telephone, Laundry,Mini Bar, etc…)
  • ခရီးစဉ်အတွင်းမပါဝင်သော အဖျော်ယမကာ၊ အပူ၊ အအေးနှင့် စားသောက်ဖွယ်ရာများ
  • Early Check-In နှင့် Late Check-Out များ
  • ခရီးသွား အာမခံများ
  • လေယာဉ်အတွင်း ဝန်ပိုသယ်ဆောင်ခ

Book Now

 

Want to help us?