Bangkok

EU3 ~ 001

Day 01     Yangon ~ Rome  (- /- /- )

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် မှ အီတလီနိုင်ငံ၏ မြို့တော် ရောမမြို့သို့ ထွက်ခွာပြီး ရောမမြို့ရှိ FIUMICINO AIRPORT သို့ရောက်ရှိပါမည်။ လေဆိပ်တွင် ဒေသခံဧည့်လမ်းညွန်မှ နွေးထွေးစွာလာရောက်ကြိုဆိုပြီး စီစဉ်ထားသော ဟိုတယ်တွင် Check In ဝင်ပါမည်။

Day 02       Rome ~ Florence  (B/ L/ D)

ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးနောက် ပုပ်ရဟန်းမင်းကြီး ကိုယ်တိုင်အုပ်ချုပ်ပြီး ကမ္ဘာ့အသေးဆုံးနိုင်ငံ ဖြစ်သည့် Vatican နိုင်ငံသို့ သွားရောက်ပြီး ကမ္ဘာ့အကြီးဆုံး ဘုရားကျောင်းတစ်ခုဖြစ်သော St.Peter’s Basilica သို့ရှေးဦးစွာ လည်ပတ် လေ့လာပါမည်။ ထို့နောက် ရောမမြို့ရာဇဝင်တွင် သမိုင်းဝင်နေရာတစ်ခုဖြစ်သော Colosseum ၊ နာမည်ကျော် ရေပန်းတစ်ခုဖြစ်ပြီး ဆုတောင်းပြည့်သည် ဟု ထင်ရှားသော Trevi Fountain နှင့်   Spanish Steps စသည့်အထင်ကရနေရာများသို့လည်ပတ်ပြီး ဒေသခံစားသောက်ဆိုင်တွင် တရုတ်ဟင်းလျာများဖြင့် နေ့လည်စာ သုံးဆောင်ပါမည်။ ထို့နောက် Florence မြို့သို့ကားဖြင့် ဆက်လက်ခရီးဆက်ကာ Cathedral of Santa Maria Dell Fiore , Piazza Della Signoria , Vecchio Bridge စသည့်ထင်ရှားသောနေရာများသို့ သွားရောက်လည်ပတ်ပြီး ညစာကို Local Restaurant တွင်မြိန်ရှက်စွာသုံးဆောင်ပါမည်။ ပြီးနောက် စီစဉ်ထားသော ဟိုတယ်တွင် Check In ဝင်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

 europe 01europe 02europe 03

Day 03       Florence ~ Pisa ~ Venice Mestre  (B / L/ D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီး Pisa မြို့သို့ ထွက်ခွာပါမည်။ ထို့နောက် Shuttle Bus ဖြင့် Pisa မြို့၏ နာမည်ကျော် Leaning Tower ရှိရာသို့ သွားရောက်ပြီး အမှတ်တရ ဓာတ်ပုံရိုက်ကူးကြပါမည်။ Pisa မြို့ရှိ အထင်ကရနေရာများသို့ လည်ပတ်ကြည့်ရှုပြီး Florence မြို့သို့ အမြန်ရထားဖြင့်  ပြန်လည်ထွက်ခွာပါမည်။ နေ့လည်စာကို တရုတ်ရိုးရာစားသောက်ဆိုင်တွင် သုံးဆောင်ပြီး Venice Mestre သို့ဆက်လက်ခရီးဆက်ပါမည်။ Venice Mestre သို့ရောက်ရှိပါက  ထင်ရှားသောနေရာများသို့ သွားရောက်လည်ပတ်ပြီး အားလပ်ချိန်တွင် မိမိစိတ်ကြိုက်အစီစဉ်ဖြင့် ပျော်ရွှင်စွာ လည်ပတ်လေ့လာနိုင်ပါသည်။ ညစာကို တရုတ်ရိုးရာ စားသောက်ဆိုင်တွင် သုံးဆောင်ပြီး စီစဉ်ထားသော ဟိုတယ်တွင် Check In ဝင်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

 europe 04europe 05europe 06

Day 04       Venice Mestre ~ Venice Island ~ Venice Mestre ~ Milan (B / L/ D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Tronchetto ဆိပ်ကမ်း သို့ထွက်ခွာပါမည်။ သီးသန့်သင်္ဘောငယ်လေးများဖြင့် Venice Island ရှိ အထင်ကရနေရများဖြစ်သော Piazza San Marco , Doge’s Palace , အဖြူရောင်ထုံးကျောက်များဖြင့် ဆောက်လုပ်ထားသော Bridge of Sights စသည့်နေရာများသို့ သွားရောက်လည်ပတ်ပြီး အားလပ်ချိန်တွင် မိမိစိတ်ကြိုက်အစီအစဉ်ဖြင့် လည်ပတ်လေ့လာ နိုင်ပါသည်။ နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ပြီး Venice Mestre သို့ပြန်လာပါမည်။ ထို့နောက် Milan  မြို့သို့ဆက်လက်ခရီးဆက်ပါမည်။ ညစာကို တရုတ်ရိုးရာစားသောက်ဆိုင်တွင် သုံးဆောင်ပြီး စီစဉ်ထားသော ဟိုတယ်တွင် Check In ဝင်၍  အေးချမ်းစွာအိပ်စက်အနားယူပါမည်။

 europe 07europe 08europe 09

Day 05       Milan ~ Interlaken  (B / L / D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် အီတလီနိုင်ငံ၏ အကြီးဆုံးဘုရားကျောင်းဖြစ်သော Duomo di Milano ဘုရားကျောင်း ၊ Sforzesco Castle ၊ Palazzo Della Ragione ၊ Piazza Della Scala စသည့်အထင်ကရနေရာများသို့ သွားရောက်လည်ပတ် လေ့လာပါမည်။ နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ပြီး  Interlaken မြို့တွင်းသို့ ဆက်လက်ခရီးဆက်ပါမည်။ ညစာကို တရုတ်ရိုးရာစားသောက်ဆိုင်တွင်သုံးဆောင်ပြီး စီစဉ်ထားသော ဟိုတယ်တွင် Check in ဝင်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

 europe 10europe 11europe 12

Day 06       Interlaken ~ Grindelwald ~ Lucerne  (B / L / D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Grindelwald သို့ခရီးဆက်ပါမည်။ Grindelwald မှတစ်ဆင့် အမြန်ရထားဖြင့် Kleine Scheidegg သို့ခရီးဆက်ကာ ထိုမှတစ်ဆင့် Jungfraujoch သို့တစ်ဖန်ခရီးဆက်ပါမည်။ ထို့နောက် Ice Palace ၊ Alpine Sensation ၊ Sphinx Observatory စသည့်နေရာများသို့လည်ပတ်ကာ နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ပါမည်။ ထို့နောက် Lucern မြို့သို့ဆက်လက်ခရီးဆက်ကာ အားလပ်ချိန်တွင် မိမိစိတ်ကြိုက်အစီအစဉ်ဖြင့် ပျော်ရွှင်စွာလည်ပတ် လေ့လာနိုင်ပါသည်။ ညစာကို တရုတ်ရိုးရာစားသောက်ဆိုင်တွင် သုံးဆောင်ပြီး စီစဉ်ထားသော ဟိုတယ်တွင် Check In ဝင်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

 europe 13europe 14europe 15

Day 07       Lucerne ~ Bern ~ Dijon (B / L / D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ကျောက်နံရံတွင် ထွင်းထုထားသော Lion Monument ၊ Lucerne မြို့ရှိ ရှေးအကျဆုံး သစ်သားတံတား Chapel Bridge  စသည့်နေရာများသို့လည်ပတ်ပြီး အားလပ်ချိန်တွင် မိမိစိတ်ကြိုက်ပျော်ရွှင်စွာ လည်ပတ်လေ့လာ နိုင်ပါသည်။ ထို့နောက် Switzerland နိုင်ငံ၏မြို့တော် Bern သို့ဆက်လက်ခရီးဆက်ပါမည်။ နေ့လည်စာကို တရုတ်ရိုးရာ စားသောက်ဆိုင်တွင်သုံးဆောင်ပြီး အထင်ကရနေရာများဖြစ်သော Bear Pit ၊ Zytglogge clock tower သို့လည်ပတ်လေ့လာပါမည်။ ထို့နောက်ပြင်သစ်နိုင်ငံအရှေ့ပိုင်းရှိ ဝိုင်များထုတ်လုပ်သည့် နေရာတစ်ခုဖြစ်သော Dijon  မြို့ သို့ အမြန်ရထားဖြင့်ထွက်ခွာပါမည်။ Dijon မြို့တွင် ညစာသုံးဆောင်ရင်း ခေတ္တအနားယူပြီး စီစဉ်ထားသော ဟိုတယ်တွင် Check in ဝင်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

 europe 16europe 17europe 18

Day 08       Dijon ~ Paris  (B / L / D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ခမ်းနားကြီးကျယ်လှပသော ကမ္ဘာကျော် Versailles နန်းတော်ကြီးအား ဒေသခံ အင်္ဂလိပ်ဧည့်လမ်းညွှန် နှင့်အတူ သွားရောက်လေ့လာပါမည်။ (တနင်္လာနေ့တိုင်းပိတ်ပါသည်။) နေ့လည်စာကို တရုတ်ရိုးရာ စားသောက်ဆိုင်တွင် သုံးဆောင်ပြီး ပြင်သစ်နိုင်ငံ၏ အထိမ်းအမှတ် သင်္ကေတတစ်ခုဖြစ်သော Eiffel Tower ၊ Arc de Triomphe ၊ Palace De La Concorde စသည့်အထင်ကရနေရာများသို့ သွားရောက်လည်ပတ်လေ့လာပါမည်။ ညစာကို Local Restaurant တွင် မြိန်ရှက်စွာသုံးဆောင်ပြီး စီစဉ်ထားသော ဟိုတယ်၌ Check In ဝင်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

 europe 19europe 20europe 21

Day 09       Paris ~ La Vallee Village Outlet ~ Paris (B / L / D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီး ကမ္ဘာကျော် မိုနာလီဇာ ပန်းချီကားရှိရာ Louvre Museum သို့သွားရောက်ပြီး ကမ္ဘာကျော်ပန်းချီကားများကို ကိုယ်တိုင်ကိုယ်ကျ ရှုမြင်ခံစားမည်ဖြစ်သည်။ ထို့နောက်တွင် La Vallee Village Outlet သို့သွားပြီး မိမိစိတ်တိုင်းကျ ပျော်ရွှင်စွာလည်ပတ်ဈေးဝယ်ထွက်ပြီး နေ့လည်စာကို မိမိအစီအစဉ်ဖြင့်သုံးဆောင်နိုင်မည်ဖြစ်သည်။ ထို့နောက် Paris မြို့သို့ထွက်ခွာလာပြီး ခမ်းနားထည်ဝါလှသော Notre Dame Cathedral ၊ Sainte Chapelle  စသည့်နေရာများ သို့သွားရောက် လည်ပတ်ပြီး အနီးအနားနေရာများတွင် ပျော်ရွှင်စွာလည်ပတ် လေ့လာပါမည်။ ညစာကို တရုတ်ရိုးရာစားသောက်ဆိုင် တွင်သုံးဆောင်ပြီး စီစဉ်ထားသောဟိုတယ်၌ Check In ဝင်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

 europe 22europe 23europe 24

Day 10       Paris ~ Yangon  (B/ L/ D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Check Out ထွက်ကာ လေဆိပ်သို့ ထွက်ခွာပါမည်။ ပြီးနောက် ပြင်သစ်နိုင်ငံ Paris မြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာပါမည်။

Day 11       Yangon   (- / - / -)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စိတ်အေးချမ်းသာစွာ ပြန်လည်ရောက်ရှိပါမည်။
 
 
*** ပျော်ရွှင်ဖွယ်ရာ ခရီးစဉ်ပြီးဆုံးပါပြီ ***
 
 ခရီးစဉ်အတွင်း ပါဝင်သောဝန်ဆောင်မှုများ  ခရီးစဉ်အတွင်း မပါဝင်သောဝန်ဆောင်မှုများ
  • လေယာဉ်လက်မှတ် အသွားအပြန် (Yangon- Rome – Paris - Yangon)
  • 3*အဆင့်ရှိ ဟိုတယ်တွင် တည်းခိုခ (နှစ်ယောက်တစ်ခန်း)
  • ခရီးစဉ်တွင် ဖေါ်ပြထားသော နံနက်စာ၊ နေ့လည်စာ နှင့်
    ညစာများ
  • ခရီးစဉ်အတွင်း လည်ပတ်မည့် ကား ( with A/C ), အမြန်ရထား လက်မှတ်များ
  • ခရီးစဉ်အတွင်း ဖော်ပြထားသော နေရာများ၏ ဝင်ကြေးများ
  • ဗီဇာကြေး နှင့် ဗီဇာဝင်ဆောင်မှုများ
  • ရေသန့်ဗူးနှင့် စနိုးတာဝါများ
  • MIA မှ Myanmar Tour Leader နှင့် Europe နိုင်ငံများရှိ Local Guide
  • Venice ကျွန်းအားလည်ပတ်ကြည့်ရှုသည့်လှေခ
  • Mt.Jungfrau တောင်တွင်နေ့လည်စာသုံးဆောင်မည့်အစီအစဉ်
  • Duomo di Milano သို့သွားရောက်လည်ပတ်သည့်ဝင်ကြေး (ခေါင်းမိုးထပ်သို့တက်ရောက်လည်ပတ်ခြင်းမပါဝင်ပါ)
  • Paris မြို့တွင် Bateaux Parisien Cruise စီးခြင်းအစီအစဉ်
  • Versailles နန်းတော်ကြီးအကြောင်းရှင်းပြမည့် Audio Guide
  • Louvre Museum သို့သွားရောက်လည်ပတ်မည့်ဝင်ကြေး
  • ခရီးစဉ်အတွင်း မဖော်ပြထားသောနေရာများ နှင့် အခြားသော ဝန်ဆောင်မှုများ
  • မိမိကိုယ်ပိုင်အသုံးအခများ (Telephone, Laundry,Mini Bar, etc…)
  • ခရီးစဉ်အတွင်းမပါဝင်သော အဖျော်ယမကာ၊ အပူ၊ အအေးနှင့် စားသောက်ဖွယ်ရာများ
  • Early Check-In နှင့် Late Check-Out များ
  • ခရီးသွား အာမခံများ
  • လေယာဉ်အတွင်း ဝန်ပိုသယ်ဆောင်ခ
  • Versaillesနန်းတော်ကြီးရှိ ပန်းဥယျာဉ်သို့ ဝင်ရောက်လည်ပတ်ခြင်းမပါဝင်ပါ
  • Louvre Museum တွင်ရှင်းပြမည့် Guide မပါဝင်ပါ။

Book Now

 

Want to help us?