Bangkok

EU6 ~ 001

Day 01     Yangon - Doha - Rome    (-,-,-)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကာတာနိုင်ငံရှိ ဒိုဟာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး ဒိုဟာမှတဆင့် အီတလီနိုင်ငံ၏ မြို့တော် ရောမမြို့သို့ ထွက်ခွာပါမည်။ ရောမမြို့ရှိ ဖီရ်မိချီနိုအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကာ ဒေသခံဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး တည်းခိုအနားယူမည့် ဟိုတယ်သို့သွားရောက်ကာ အိပ်စက့်အနားယူပါမည်။

Day 02       Rome - Vatican - Rome  (B, L, D)

ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးနောက် 20Km လောက်ကွာဝေးသော ပုပ်ရဟန်းမင်းကြီး ကိုယ်တိုင်အုပ်ချုပ်ပြီး ကမ္ဘာ့အသေးဆုံးနိုင်ငံ ဖြစ်သည့် Vatican နိုင်ငံသို့ သွားရောက်ပြီး ကမ္ဘာ့အကြီးဆုံး ဘုရားကျောင်းတစ်ခုဖြစ်သော St.Perter’s Basilica၊ ရှေးခေတ်အဆက်ဆက်အီတလီလူမျိုးများ၏ ပုံရိပ်များကို နံရံဘေးနားချပ် ပတ်ပတ်လည် တွေ့မြင်ရမည့် Gallery of Sistine Chapel၊ ရောမသားများအောင်ပွဲခံရာ ဂိတ်များဖြစ်သော Arch of Constantine နှင့် ရာဇဝင်သမိုင်းနေရာတစ်ခုဖြစ်သော ရောမသားသို့ တိုက်ခိုက်ရေးပညာပြသရာ Colosseum တို့အား သွားရောက်လည်ပတ်ပြီးနောက် နေ့လည်စာ သုံးဆောင်ပါမည်။ ထို့နောက် နာမည်ကျော် ရေပန်းတစ်ခုဖြစ်ပြီး ဆုတောင်းပြည့်သည်ဟု ထင်ရှားသော Trevi Fountain နှင့် Spanish Steps သို့ သွားရောက်လည်ပတ်ကြပါမည်။ ထို့နောက် ဈေးဝယ်ထွက်ပြီးအပြန် ညစာကို ဒေသခံ စားသောက်ဆိုင်တွင် သုံးဆောင်ပြီး စီစဉ်ထားသော ဟိုတယ်တွင် Check In ဝင်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

 eu 01eu 02eu 03

Day 03       Rome - Florence   (B, L, D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် (၂၉၀ ကီလိုမီတာ) ရှိသော Florence မြို့သို့ ထွက်ခွာပါမည်။  Florence မြို့သို့ ရောက်ရှိပါက နေ့လည်စာကို စားသောက်ဆိုင်တွင် သုံးဆောင်ပြီး အီတလီနိုင်ငံ Florence မြို့၏ အထင်ရှားဆုံး ဘုရားကျောင်းဖြစ်သော Santa Maria de Fiore, ကောင်းကင်ဘုံသို့ သွားရာတံခါးဟု တင်စားသက်မှတ်ကြသော Paradise Door, ဗိသုကာရုပ်ထုများဖြင့် ထင်ရှားသော  Piazza Della Signoria Square , အီတလီနိုင်ငံ၏ ထင်ရှားသော Arno မြစ်ပေါ်တွင် ဆောက်လုပ်ထားပြီး တံတားပေါ်တွင် ဈေးဆိုင်များ ၊ စားသောက်ဆိုင်များရှိရာ Ponte Vecchio စသည့်နေရာများသို့ သွားရောက်လည်ပတ်ကြပါမည်။ ထို့နောက် ညစာစီစဉ်ထားသောဆိုင်တွင် ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် Check In ဝင်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

 eu 04eu 05eu 06

Day 04       Florence - Venice Mestre - Venice Island - Venice Mestre    (B, L, D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Tronchetto Pier သို့သွားရောက်ပြီနောက် Venice Island သို့ ကိုယ်ပိုင်စက်လှေများနှင့် ထွက်ခွာပါမည်။ ထို့နောက် နေလည်စာ ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ပြီးနောက် မြောက်ပိုင်း အီတလီ Venice မြို့၏ Land Mark တစ်ခုဖြစ်သော Piazza San Marco၊ Doge’s Palace နှင့် အဖြူရောင်ထုံးကျောက်များဖြင့် ဆောက်လုပ်ထားသော Bridge of Signs အစရှိသည့် နေရာများကို လေ့လာနိုင်ရန် အချိန်ပေးပါမည်။ ထို့နောက် Tronchetto Pier သို့ လှေစီးရင်း အေးချမ်းစွာ ပြန်လည်ထွက်ခွာပါမည်။ ထို့နောက် ဒေသခံစားသောက်ဆိုင်တွင်  ညစာသုံးဆောင်ပြီး စီစဉ်ထားသော ဟိုတယ်တွင် Check In ဝင်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

 eu 08eu 10eu 12
 
 eu 07eu 09eu 11

Day 05       Venice Mestre - Milan    (B, L, D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Tronchetto Pier (Venice) မြို့မှ Milan မြို့သို့ထွက်ခွာပါမည်။ Milan မြို့သို့ ရောက်ရှိပါက နေ့လည်စာကို တရုတ်ရိုးရာစားသောက်ဆိုင်တွင် သုံးဆောင်ပြီး Sforzesco Castle နှင့် Piazza della Scala နှင့် Milan မြို့ရဲ့အလွန် ကြီးကြယ်ခမ်းနားလှသော Duomo di Milano သွားရောက်လည်ပတ်ပါမည်။ ထို့နောက် Galleria Vittorio Emanuele Shopping ကြီးတွင် ဈေးဝယ်ရန်အတွက် အချိန်ပေးပါမည်။ ထို့နောက် ဒေသခံစားသောက်ဆိုင်တွင် ညစာသုံးဆောင်ပြီး စီစဉ်ထားသော ဟိုတယ်တွင် Check in ဝင်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

 eu 13eu 14eu 15

Day 06       Milan - Engelberg - Lucerne - Bern  (B, L, D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Milan မြို့မှ Switzerland နိုင်ငံရှိ Engelberg သို့ထွက်ခွာပြီး ဆီးနှင်းရေခဲပြင်များ ဖုံးလွှမ်းနေသော Mt.Titlis သို့ Cable Car ဖြင့် ပျော်ရွှင်စွာ သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာကို Mt.Titlis တွင် သုံးဆောင်ပြီး ကိုယ်ပိုင်အချိန်ပေးပါမည်။ ညနေပိုင်းအချိန်တွင် Lucerne မြို့သို့ ထွက်ခွာပါမည်။ ပြီးနောက် Lucerne မြို့ရှိ ထင်ရှားသော Chapel Bridge နှင့် Lion Monument သို့ သွားရောက်လည်ပတ်ပါမည်။  ထို့နောက် အားလပ်ချိန်တွင် မိမိစိတ်ကြိုက် အနားယူအပန်းဖြေခြင်း လည်ပတ်ခြင်းများ ပြုလုပ်နိုင်ပါသည်။ ပြီးနောက် Switzerland နိုင်ငံရှိ အလွန်လှပသော Bern မြို့သို့ထွက်ခွာပါမည်။ ထို့နောက် ညစာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပြီး ဟိုတယ်သို့ပြန်ကာ  အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

 eu 16eu 17eu 18

Day 07       Bern - Heidelberg  (B, L, D)

ဟိုတယ်တွင် မနက်စာ သုံးဆောင်ပြီးနောက် Germany နိုင်ငံရှိ Heidelberg မြို့သို့ ထွက်ခွာပါမည်။ Heidelberg မြို့သို့ရောက်ရှိပါက ဒေသခံစားသောက်ဆိုင်တွင် နေ့လည်စာသုံးဆောင်ပါမည်။ ထို့နောက် ထင်ရှားသော Heidelberg Castle သို့ ကြိုးဆွဲရထားဖြင့် သွားရောက်လည်ပတ်ပြီး Rathaus နှင့် Alte Brucke Old Bridge နေရာများသို့လည်း လည်ပတ်ကြရင်း ကိုယ်ပိုင်ချိန်ပေးပါမည်။ ညစာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပြီး စီစဉ်ထားသော ဟိုတယ်တွင် Check In ဝင်၍ အိပ်စက်အနားယူပါမည်။

 eu 19eu 20eu 21

Day 08       Heidelberg - St. Goar - Boppard - Cologne - Amsterdam   (B, L, D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် St.Goar မြို့သို့ သွားရောက်ပါမည်။ St.Goar မြို့သို့ ရောက်ရှိပါက နာမည်ကျော် Rhein မြစ်တစ်လျှောက် လှေစီးရင်း Boppard မြို့သို့ သွားရောက်ပါမည်။ နေ့လည်စာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပြီး Cologne မြို့သို့ ထပ်မံခရီးဆက်ပါမည်။ Cologne မြို့သို့ ရောက်ရှိပါက Cologne Cathedral နှင့် St. Martin Church နေရာများသို့ သွားရောက်လည်ပတ်လေ့လာပြီး Netherlands နိုင်ငံ၏ မြို့တော် Amsterdam မြို့သို့ ဆက်လက်ခရီးဆက်ပါမည်။ ညစာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပြီးစီစဉ်ထားသော ဟိုတယ်တွင် Check In ဝင်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

 eu 22eu 23eu 24

Day 09       Amsterdam - Lisse - Amsterdam    (B, L, D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီး Amsterdam မှ Lisse သို့ ထွက်ခွာကာ ပန်းပေါင်းစုံများဖြင့် အလွန်လှပသော ဥယျာဉ်ကမ္ဘာတစ်ခုရှိရာ Keukenhof Kitchen Garden ဆီသွားရောက်ကာ အပန်းဖြေနိုင်ရန် အချိန်ပေးပါမည်။ ထို့နောက် ဒေသခံစားသောက်ဆိုင်တွင် နေ့လည်စာသုံးဆောင်ပြီးနောက် Amsterdam မြို့သို့ပြန်ကာ တူးမြောင်းလေးများ အတွင်း မော်တော်ဘုတ်လေးများ စီးနင်းနိုင်သော Lover Boat Cruise စသည့်နေရာများအပြင်   စိန်ထည်လက်ဝတ်ရတနာများ ပြုလုပ်ရာ Diamond Factory သို့ သွားရောက် လေ့လာပါမည်။ ပြီးနောက် နာမည်ကျော် Dam Square သို့သွားရောက်ပြီး ညစာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပြီး ဟိုတယ်သို့ အေးချမ်းစွာ ပြန်လည်အိပ်စက်အနားယူပါမည်။

 eu 25eu 26eu 27

Day 10       Amsterdam - Brussels    (B, L, D)

ဟိုတယ်တွင် မနက်စာ သုံးဆောင်ပြီးနောက် Belgium နိုင်ငံ Brussel မြို့သို့ ထွက်ခွာပါမည်။ Brussel မြို့ သို့ရောက်ရှိပါက Atomium သို့သွားရောက်လည်ပတ်ပြီး ကိုယ်ပိုင်အချိန်ပေးပါမည်။ ထို့နောက် ဒေသခံစားသောက်ဆိုင်တွင် နေ့လည်စာသုံးဆောင်ပြီး Brussel မြို့ရှိ ထင်ရှားသော နေရာများဖြစ်သော Grand Place၊ The Manneken Pis နှင့် Royal Palace of Brussels သို့ လည်ပတ်ကြည့်ရှုရန် အချိန်ပေးပါမည်။ ထို့နောက် ညစာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ကာ စီစဉ်ထားသော ဟိုတယ်တွင် Check In ဝင်၍ အေးချမ်းစွာ ပြန်လည်အိပ်စက်အနားယူပါမည်။

 eu 28eu 29eu 30

Day 11       Brussels - Reims - Paris    (B, L, D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Brussel မြို့မှ ပြင်သစ်နိုင်ငံ Paris မြို့သို့ ထွက်ခွာပါမည်။ လမ်းခရီးရှိ Reims မြို့တွင် နေ့လည်စာ သုံးဆောင် ပါမည်။ Paris မြို့သို့ရောက်ရှိပါက အဓိက Public Square တစ်ခုဖြစ်သော Place de la Concorde, နပိုလီယံစစ်ပွဲ အထိမ်းအမှတ် ထုလုပ်ထားသော Arc de Triomphe, Arc de Triomphe မုဒ်ဦးရှေ့ လမ်းမကြီး၏ ဘေးတစ်ဖက် တစ်ချက်ဆီတွင် သစ်ပင်ကြီးများဖြင့် လှပပြီး စည်ကားသော Champs – Elysees လမ်း အစရှိသည့် နေရာများသို့ ပျော်ရွှင်စွာ သွားရောက် လည်ပတ်ကြပါမည်။ ထို့နောက် Paris မြိုရှိ Eiffel Tower အားတွေ့မြင်နေရသော Trocadero သို့သွားရောက်လည်ပတ်ပြီးနောက် မြို့လယ်ရှိ တူးမြောင်းတစ်လျှောက် Bateaus Pariseins Cruise pier သို့လျှောက်ကာ Bateaus Pariseins Cruise Tour ကိုစတင်ရင်း မြို့၏အလှအပကို လည်ပတ်ကြည့်ရှုပါမည်။ ညစာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပြီး စီစဉ်ထားသော ဟိုတယ်တွင် Check In ဝင်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
 eu 31eu 32eu 33

Day 12       Paris - Versailles - Paris    (B, L, D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Versailles အားထွက်ခွာကာ ခမ်းနားကြီးကျယ်လှပသော ကမ္ဘာကျော် Versailles Palace အား ဒေသခံ အင်္ဂလိပ် ဧည့်လမ်းညွှန် နှင့်အတူ သွားရောက်လေ့လာပါမည်။ (တနင်္လာနေ့တိုင်းပိတ်ပါသည်။) နေ့လည်စာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် Galeries Lafayette Haussmann သို့သွားရောက်ကာ ဈေးဝယ်နိုင်ရန် ကိုယ်ပိုင်အချိန်ပေးပါမည်။ ထို့နောက် ညစာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပြီး ဟိုတယ်သို့ အေးချမ်းစွာ ပြန်လည်အိပ်စက် အနားယူပါမည်။

 eu 34eu 35eu 36

Day 13       Paris - La Vallee Village Outlet - Paris      (B, L,-)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ကမ္ဘာကျော် မိုနာလီဇာ ပန်းချီကားရှိရာ Louvre Museum သို့ သွားရောက်ကြည့်ရှုပါမည်။ (အင်္ဂါနေ့တိုင်း ပိတ်ပါသည်။) နေ့လည်စာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ပြီးနောက် La Vallee Village Outlet တွင် ပျော်ရွှင်စွာ လည်ပတ်ဈေးဝယ်ထွက်ကြပါမည်။ ညစာကို မိမိတို့ ကိုယ်ပိုင်အစီအစဉ်ဖြင့် သုံးဆောင်ရပါမည်။  ထို့နောက် ဟိုတယ်သို့ပြန်ကာ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

 eu 37eu 38eu 39

Day 14       Paris - Charles De Gaulle Airport       (B,-,-)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Check Out ထွက်ကာ Charles de Gaulle Airport သို့ ထွက်ခွာပါမည်။ ပြီးနောက် ပြင်သစ်နိုင်ငံ Paris မြို့မှ ကာတာနိုင်ငံ Doha မြို့သို့ ုထွက်ခွာရင်း ရန်ကုန်သို့ ဆက်လက်ထွက်ခွာပါမည်။

Day 15       Doha - Yangon        (-,-,-)

မနက်စောစောအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စိတ်အေးချမ်းသာစွာ ပြန်လည်ရောက်ရှိပါမည်။

 
 
*** ပျော်ရွှင်ဖွယ်ရာ ခရီးစဉ်ပြီးဆုံးပါပြီ ***
 
 ခရီးစဉ်အတွင်း ပါဝင်သောဝန်ဆောင်မှုများ  ခရီးစဉ်အတွင်း မပါဝင်သောဝန်ဆောင်မှုများ
  • လေယာဉ်လက်မှတ် အသွားအပြန် (Yangon – Doha - Rome – Paris – Doha - Yangon)
  • 3*/4* အဆင့်ရှိ ဟိုတယ်တွင် တည်းခိုခ (နှစ်ယောက်တစ်ခန်း)
  • ခရီးစဉ်တွင် ဖေါ်ပြထားသော နံနက်စာ၊ နေ့လည်စာ နှင့် ညစာများ
  • ခရီးစဉ်အတွင်း လည်ပတ်မည့် ကား ( with A/C ), အမြန်ရထား လက်မှတ်များ
  • ရေသန့်ဗူးနှင့် စနိုးတာဝါများ
  • MIA မှ Myanmar Tour Leader နှင့် Europe နိုင်ငံများရှိ Regional Guide များ
  • ခရီးစဉ်အတွင်း ဖော်ပြထားသော နေရာများ၏ ဝင်ကြေးများ
  • Venice Island Private boat (Roundtrip Tickets)
  • Duomo di Milano (Excluded Rooftop)
  • Titlis Mountain Included lunch
  • Heidelberg Castle Tickets
  • Cruise from St. Goar to Boppard Tickets
  • Keukenhof Kitchen Garden Tickets
  • Bateaux Parisien Cruise Tickets
  • Versailles Palace with English Speaking Guide
  • Louvre Museum (Excluded Guide)
  • ခရီးစဉ်အတွင်း မဖော်ပြထားသောနေရာများ နှင့် အခြားသော ဝန်ဆောင်မှုများ
  • မိမိကိုယ်ပိုင်အသုံးအခများ (Telephone, Laundry,Mini Bar, etc…)
  • ခရီးစဉ်အတွင်းမပါဝင်သော အဖျော်ယမကာ၊ အပူ၊ အအေးနှင့် စားသောက်ဖွယ်ရာများ
  • Early Check-In နှင့် Late Check-Out များ
  • ခရီးသွား အာမခံများ
  • လေယာဉ်အတွင်း ဝန်ပိုသယ်ဆောင်ခ

Book Now

 

Want to help us?