Bangkok

EU6 ~ 002

Day 01     Yangon ~ Rome    (-,-,-)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် မှ အီတလီနိုင်ငံ၏ မြို့တော် ရောမမြို့သို့ ထွက်ခွာပါမည်။

Day 02       Rome   (B, L, D)

အီတလီနိုင်ငံ ရောမမြို့လေဆိပ်သို့ ရောက်ရှိပါက ဒေသခံဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး ရောမမြို့ရာဇဝင်တွင် သမိုင်းဝင် နေရာတစ်ခုဖြစ်သော Colosseum သို့ရှေးဦးစွာ လည်ပတ်ပါမည်။ ပြီးနောက် ဒေသခံစားသောက်ဆိုင်တွင် တရုတ်ဟင်းလျာများဖြင့် နေ့လည်စာ သုံးဆောင်ပြီး နာမည်ကျော် ရေပန်းတစ်ခုဖြစ်ပြီး ဆုတောင်းပြည့်သည်ဟု ထင်ရှားသော Trevi Fountain နှင့်   စိတ်ကြိုက်ဈေးဝယ်ထွက်နိုင်ရန် Spanish Steps သို့ သွားရောက်လည်ပတ်ကြပါမည်။ ညစာကို ဒေသခံ စားသောက်ဆိုင်တွင် ဝိုင်ချိုချို သောက်သုံးရင်း သုံးဆောင်ပြီး စီစဉ်ထားသော ဟိုတယ်တွင် Check In ဝင်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

 eu 01eu 02eu 03

Day 03       Rome ~ Vatican ~ Leccio ~ Florence   (B, L, D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ပုပ်ရဟန်းမင်းကြီး ကိုယ်တိုင်အုပ်ချုပ်ပြီး ကမ္ဘာ့အသေးဆုံးနိုင်ငံ ဖြစ်သည့် Vatican နိုင်ငံသို့ သွားရောက်ပြီး ကမ္ဘာ့အကြီးဆုံး ဘုရားကျောင်းတစ်ခုဖြစ်သော St.Perter’s basilica သို့ လည်ပတ် လေ့လာပါမည်။ ထို့နောက် Factory Outlet, Shopping Mall များ ၊ ကမ္ဘာကျော် Branded ပစ္စည်းများ စုံလင်စွာ ရှိသော  အီတလီနိုင်ငံရှိ Leccio သို့ အမြန်ရထားစီးပြီး ထွက်ခွာပါမည်။ နေ့လည်စာကို တရုတ်စားသောက်ဆိုင်တွင် ကျောက်ပုစွန်များဖြင့် မြိန်ရှက်စွာ သုံးဆောင်ပါပြီး Leccio Area ရှိ The Mall တွင် ပျော်ရွှင်စွာ လည်ပတ်ဈေးဝယ်ထွက်ပါမည်။ ထို့နောက် Florence သို့ အမြန်ရထားဖြင့် ထွက်ခွာပြီး Florence သို့ ရောက်ရှိပါက ဒေသခံ စားသောက်ဆိုင်တွင် ဝိုင်ချိုချို သောက်သုံးရင်း သုံးဆောင်ပြီး စီစဉ်ထားသော ဟိုတယ်တွင် Check In ဝင်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

 eu 04eu 05eu 06

Day 04       Florence ~ Venice   (B, L, D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ရှေးဟောင်းယဉ်ကျေးမှု နှင့် အနောက်တိုင်း အနုပညာလက်ရာများစွာအား လေ့လာနိုင်သော Florence မြို့တွင်း လည်ပတ်မှု စတင်ပါမည်။ အီတလီနိုင်ငံ Florence မြို့၏ အထင်ရှားဆုံး ဘုရားကျောင်းဖြစ်သော Santa Maria de Fiore, ကောင်းကင်ဘုံသို့ သွားရာတံခါးဟု တင်စားသက်မှတ်ကြသော Paradise Door, ဗိသုကာရုပ်ထုများဖြင့် ထင်ရှားသော  Piazza Della Signoria Square , အီတလီနိုင်ငံ၏ ထင်ရှားသော Arno မြစ်ပေါ်တွင် ဆောက်လုပ်ထားပြီး တံတားပေါ်တွင် ဈေးဆိုင်များ ၊ စားသောက်ဆိုင်များရှိရာ Ponte Vecchio စသည့်နေရာများသို့ သွားရောက်လည်ပတ်ကြပါမည်။ ထို့နောက် အမြန်ရထားဖြင့် Venice မြို့သို့ ထွက်ခွာပြီး နေလည်စာကို ဒေသခံစားသောက်ဆိုင်တွင် မြိန်ရှက်စွာ သုံးဆောင်ပါမည်။ ပြီးနောက် မြောက်ပိုင်း အီတလီ Venice မြို့၏ Land Mark တစ်ခုဖြစ်သော Doge’s Palace (outside) , St.Mark’s Basilica, St.Mark Square, Bridge of signs အစရှိသည့် ထင်ရှားသော နေရာများသို့  လှေစီးရင်း အေးချမ်းစွာ လှည့်လည်ကြည့်ရှုပါမည်။ ထို့နောက် ဒေသခံစားသောက်ဆိုင်တွင်  ညစာသုံးဆောင်ပြီး စီစဉ်ထားသော ဟိုတယ်တွင် Check In ဝင်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

 eu 08eu 10eu 12
 
 eu 07eu 09eu 11

Day 05       Venice ~ Milan ~ Lucerne   (B, L, D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Venice မြို့မှ Milan မြို့သို့ အမြန်ရထားဖြင့် ထွက်ခွာပါမည်။ Milan မြို့သို့ ရောက်ရှိပါက ကြီးကျယ်ခမ်းနားသော Duomo of Milan ဘုရားကျောင်းသို့ သွားရောက်လေ့လာပါမည်။ ထို့နောက် နေ့လည်စာကို တရုတ်ရိုးရာစားသောက်ဆိုင်တွင် သုံးဆောင်ပြီး Switzerland နိုင်ငံ Lucerne မြို့သို့ အမြန်ရထားဖြင့် ထွက်ခွာပါမည်။ Lucerne မြို့ သို့ရောက်ရှိပါက ဒေသခံစားသောက်ဆိုင်တွင် ညစာသုံးဆောင်ပြီး စီစဉ်ထားသော ဟိုတယ်တွင် Check in ဝင်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

 eu 13eu 14eu 15

Day 06       Lucerne ~ Mt.Titlis ~ Lucerne    (B, L, D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ဆီးနှင်းရေခဲပြင်များ ဖုံးလွှမ်းနေသော Mt.Titlis သို့ ပျော်ရွှင်စွာ သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာကို Mt.Titlis တွင် သုံးဆောင်ပြီး Lucerne မြို့သို့ ပြန်လာပါမည်။ ပြီးနောက် Lucerne မြို့ရှိ ထင်ရှားသော Chapel Bridge နှင့် Lion Monument သို့ သွားရောက်လည်ပတ်ပါမည်။  ထို့နောက် အားလပ်ချိန်တွင် မိမိစိတ်ကြိုက် အနားယူအပန်းဖြေခြင်း လည်ပတ်ခြင်းများ ပြုလုပ်နိုင်ပါသည်။ ညစာကို ထိုင်းရိုးရာစားသောက်ဆိုင်တွင် သုံးဆောင်ပြီး ဟိုတယ်သို့ အေးချမ်းစွာ ပြန်လည်အိပ်စက် အနားယူပါမည်။

 eu 16eu 17eu 18

Day 07       Lucerne ~ Heidelberg    (B, L, D)

ဟိုတယ်တွင် မနက်စာ သုံးဆောင်ပြီးနောက် အမြန်ရထားဖြင့် Germany နိုင်ငံရှိ Heidelberg မြို့သို့ ထွက်ခွာပါမည်။ Heidelberg မြို့သို့ရောက်ရှိပါက ထိုင်းရိုးရာစားသောက်ဆိုင်တွင် နေ့လည်စာသုံးဆောင်ပါမည်။ ထို့နောက် ထင်ရှားသော Heidelberg Castle သို့ ကြိုးဆွဲရထားဖြင့် သွားရောက်လည်ပတ်ပြီး အခြားအထင်ကရနေရာများသို့လည်း လည်ပတ်ကြပါမည်။ ညစာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပြီး စီစဉ်ထားသော ဟိုတယ်တွင် Check In ဝင်၍ အိပ်စက်အနားယူပါမည်။

 eu 19eu 20eu 21

Day 08       Heidelberg ~ St.Goar ~ Boppard ~Amsterdam    (B, L, D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် အမြန်ရထားဖြင့် St.Goar မြို့သို့ သွားရောက်ပါမည်။ St.Goar မြို့သို့ ရောက်ရှိပါက နာမည်ကျော် Rhein မြစ်တစ်လျှောက် လှေစီးရင်း Boppard မြို့သို့ သွားရောက်ပါမည်။ နေ့လည်စာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပြီး Cologne မြို့သို့ အမြန်ရထားဖြင့် ထပ်မံခရီးဆက်ပါမည်။ Cologne မြို့သို့ ရောက်ရှိပါက အထင်ကရနေရာများသို့ သွားရောက်လည်ပတ်ပြီး Netherlands နိုင်ငံ၏ မြို့တော် Amsterdam မြို့သို့ ဆက်လက်ခရီးဆက်ပါမည်။ ညစာကို တရုတ်ရိုးရာ စားသောက်ဆိုင်တွင် သုံးဆောင်ပြီးစီစဉ်ထားသော ဟိုတယ်တွင် Check In ဝင်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

 eu 22eu 23eu 24

Day 09       Amsterdam ~ Zaanschan ~ Volendam ~Amsterdam    (B, L, D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီး လေဒလက်လေးများ နှင့် သစ်သားအိမ်ငယ်လေးများရှိရာ Zaanschan မြို့သို့ သွားရောက်ပြီး မိမိစိတ်ကြိုက် အစီစဉ်ဖြင့် လွတ်လပ်စွာ လည်ပတ်နိုင်ပါသည်။ ပြီးနောက် ဒတ်ချ်လူမျိုးများ နေထိုင်ပြီး ရောင်စုံသစ်သား အိမ်ငယ်လေးများရှိရာ Volendam မြို့သို့ ဆက်လက်ထွက်ခွာပါမည်။နေ့လည်စာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပြီး Volendam မြို့အား လည်ပတ်ကြည့်ရှုပါမည်။ ထို့နောက် Amsterdam မြို့သို့ ပြန်လည်ထွက်ခွာပြီး နာမည်ကျော် Dam Squar, အမျိုးစုံသော ဖျော်ဖြေမှုများ ဆိုင်များရှိရာ Red Light District, တူးမြောင်းလေးများ အတွင်း မော်တော်ဘုတ်လေးများ စီးနင်းနိုင်သော Lover Boat Cruise စသည့်နေရာများအပြင်   စိန်ထည်လက်ဝတ်ရတနာများ ပြုလုပ်ရာ Diamond Factory သို့ သွားရောက် လေ့လာပါမည်။ ညစာကို ထိုင်းရိုးရာစားသောက်ဆိုင်တွင် သုံးဆောင်ပြီး ဟိုတယ်သို့ အေးချမ်းစွာ ပြန်လည်အိပ်စက်အနားယူပါမည်။

 eu 25eu 26eu 27

Day 10       Amsterdam ~ Brussel    (B, L, D)

ဟိုတယ်တွင် မနက်စာ သုံးဆောင်ပြီးနောက် Belgium နိုင်ငံ Brussel မြို့သို့ အမြန်ရထားဖြင့် ထွက်ခွာပါမည်။ Brussel မြို့ သို့ရောက်ရှိပါက ဒေသခံစားသောက်ဆိုင်တွင် နေ့လည်စာသုံးဆောင်ပြီး Brussel မြို့ရှိ ထင်ရှားသော နေရာများသို့ လည်ပတ်ကြည့်ရှုပါမည်။ ထို့နောက် ပျော်ရွှင်စွာ ဈေးဝယ်ထွက်ကြပြီး ညစာကို ထိုင်းရိုးရာ စားသောက်ဆိုင်တွင် သုံးဆောင်ကာ စီစဉ်ထားသော ဟိုတယ်တွင် Check In ဝင်၍ အေးချမ်းစွာ ပြန်လည်အိပ်စက်အနားယူပါမည်။

 eu 28eu 29eu 30

Day 11       Brussel ~ Paris    (B, L, D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Brussel မြို့မှ ရထားဖြင့် ပြင်သစ်နိုင်ငံ Paris မြို့သို့ ထွက်ခွာပါမည်။ Paris မြို့သို့ရောက်ရှိပါက စီစဉ်ထားသော ကားဖြင့် လာရောက်ကြိုဆိုပြီး တရုတ်ရိုးရာစားသောက်ဆိုင်တွင် နေ့လည်စာ သုံးဆောင်ပါမည်။ ထို့နောက် Paris ၏ အဓိက Public Square တစ်ခုဖြစ်သော Place de la Concord, နပိုလီယံစစ်ပွဲ အထိမ်းအမှတ် ထုလုပ်ထားသော Arc de Triomphe, Arc de Triomphe မုဒ်ဦးရှေ့ လမ်းမကြီး၏ ဘေးတစ်ဖက် တစ်ချက်ဆီတွင် သစ်ပင်ကြီးများဖြင့် လှပပြီး စည်ကားသော Champs – Elysees လမ်း အစရှိသည့် နေရာများသို့ ပျော်ရွှင်စွာ သွားရောက် လည်ပတ်ကြပါမည်။ ပြီးနောက် မြို့လယ်ရှိ တူးမြောင်းတစ်လျှောက် Bateaus Mouches Cruise စီးရင်း Paris မြို့၏အလှအပကို လည်ပတ်ကြည့်ရှုပါမည်။ ညစာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပြီး စီစဉ်ထားသော ဟိုတယ်တွင် Check In ဝင်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

 eu 31eu 32eu 33

Day 12       Paris    (B, L, D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ခမ်းနားကြီးကျယ်လှပသော ကမ္ဘာကျော် Versailles နန်းတော်ကြီးအား ဒေသခံ အင်္ဂလိပ် ဧည့်လမ်းညွှန် နှင့်အတူ သွားရောက်လေ့လာပါမည်။(တနင်္လာနေ့တိုင်းပိတ်ပါသည်။) နေ့လည်စာကို တရုတ်ရိုးရာ စားသောက်ဆိုင်တွင် သုံးဆောင်ပြီး ကမ္ဘာကျော် မိုနာလီဇာ ပန်းချီကားရှိရာ Louvre Museum သို့ သွားရောက်ကြည့်ရှုပါမည်။ (အင်္ဂါနေ့တိုင်း ပိတ်ပါသည်။)ညစာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပြီး ဟိုတယ်သို့ အေးချမ်းစွာ ပြန်လည်အိပ်စက် အနားယူပါမည်။

 eu 34eu 35eu 36

Day 13       Paris    (B, -, D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် La Vallee Outlet တွင် ပျော်ရွှင်စွာ လည်ပတ်ဈေးဝယ်ထွက်ကြပါမည်။ နေ့လည်စာကို မိမိအစီစဉ်ဖြင့် နှစ်သက်ရာ သုံးဆောင်ပါမည်။ ပြီးနောက် မိမိစိတ်ကြိုက် လည်ပတ်ခြင်း ဈေးဝယ်ထွက်ခြင်းတို့ပြုလုပ်နိုင်ရန် အားလပ်ချိန်ပေးပါမည်။ ညစာကို ဒေသခံစားသောက်ဆိုင်တွင် သုံးဆောင်ပြီး ဟိုတယ်သို့ အေးချမ်းစွာ ပြန်လည်အိပ်စက် အနားယူပါမည်။

 eu 37eu 38eu 39

Day 14       Paris ~ Yangon   (B,-,-)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Check Out ထွက်ကာ လေဆိပ်သို့ ထွက်ခွာပါမည်။ ပြီးနောက် ပြင်သစ်နိုင်ငံ Paris မြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာပါမည်။

Day 15       Yangon   (-,-,-)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စိတ်အေးချမ်းသာစွာ ပြန်လည်ရောက်ရှိပါမည်။

 
 
*** ပျော်ရွှင်ဖွယ်ရာ ခရီးစဉ်ပြီးဆုံးပါပြီ ***
 
 ခရီးစဉ်အတွင်း ပါဝင်သောဝန်ဆောင်မှုများ  ခရီးစဉ်အတွင်း မပါဝင်သောဝန်ဆောင်မှုများ
  • လေယာဉ်လက်မှတ် အသွားအပြန် (Yangon- Rome – Paris - Yangon)
  • 3*အဆင့်ရှိ ဟိုတယ်တွင် တည်းခိုခ (နှစ်ယောက်တစ်ခန်း)
  • ခရီးစဉ်တွင် ဖေါ်ပြထားသော နံနက်စာ၊ နေ့လည်စာ နှင့် ညစာများ
  • ခရီးစဉ်အတွင်း လည်ပတ်မည့် ကား ( with A/C ), အမြန်ရထား လက်မှတ်များ
  • ခရီးစဉ်အတွင်း ဖော်ပြထားသော နေရာများ၏ ဝင်ကြေးများ
  • ရေသန့်ဗူးနှင့် စနိုးတာဝါများ
  • MIA မှ Myanmar Tour Leader နှင့် Europe နိုင်ငံများရှိ Local Guide
  • ခရီးစဉ်အတွင်း မဖော်ပြထားသောနေရာများ နှင့် အခြားသော ဝန်ဆောင်မှုများ
  • မိမိကိုယ်ပိုင်အသုံးအခများ (Telephone, Laundry,Mini Bar, etc…)
  • ခရီးစဉ်အတွင်းမပါဝင်သော အဖျော်ယမကာ၊ အပူ၊ အအေးနှင့် စားသောက်ဖွယ်ရာများ
  • Early Check-In နှင့် Late Check-Out များ
  • ခရီးသွား အာမခံများ
  • လေယာဉ်အတွင်း ဝန်ပိုသယ်ဆောင်ခ

Book Now

 

Want to help us?