Bangkok

  China Hong Kong - Macau Tour (5Days/4Nights)  

hong-kong

HKG - 001

Day 01     Yangon - Hong Kong  (-/-/D)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဟောင်ကောင်သို့ စတင်ထွက်ခွာ၍ လေယာဉ်ပေါ်တွင် နေ့လည်စာ သုံးဆောင်ပါမည်။ ဟောင်ကောင်လေဆိပ်သို့ ရောက်ရှိလျှင် ဧည့်လမ်းညွှန်မှ ကြိုဆိုနှုတ်ဆက်ပြီး ၎င်းနောက် ခရီးစဉ် စတင်လည်ပတ်ခြင်းကို စတင်ပါမည်။ ပထမဦးစွာ Tourist  Attraction တစ်ခုဖြစ်သော Wong Tai Sin Temple, Tsim Sha Tsui ရဲ့တောင်ဘက်ကမ်းမှာရှိသော နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိသည့် ဟောင်ကောင်၏ Landmark နာရီစင် Clock Tower, ဟောင်ကောင် Movie Star များရဲ့ လက်ဗွေရာများရှိရာ Tsim Sha Tsui အရှေ့ဘက်ကမ်းရှိ Garden of Stars စသည့်နေရာများသို့ သွားရောက်လည်ပတ်ပါမည်။ ညစာကို Local Restaurant တွင်သုံးဆောင်ပြီး စီစဉ်ထားသောဟိုတယ်တွင် Check In ဝင်ကာ စိတ်အေးချမ်းသာစွာ အိပ်စက်အနားယူမည် ဖြစ်ပါသည်။

 hk 16hk 17hk 18

Day 02       Hong Kong   (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီး ဟောင်ကောင်၏အကြီးဆုံးကျွန်းဖြစ်သည့် Lantau Island သို့စတင်ထွက်ခွာပါမည်။ ထို့နောက် Lantau ကျွန်းပေါ်ရှိ သက်တမ်းတစ်ရာကျော်နေပြီဖြစ်သည့် Po Lin ဘုန်းကြီးကျောင်း၊ ကြေးညိုရောင် ဗုဒ္ဓဆင်းတုတော်အား တည်ထားကိုးကွယ်ရာ Big Buddha (Tian Tan Buddha) သို့ ကေဘယ်ကားစီးကာ သွားရောက်ဖူးမြော်မည်ဖြစ်ပါသည်။ နေ့လည်စာကို Ngong Ping Garden Restaurant တွင်သားသတ်လွတ်ဟင်းလျှာများဖြင့်သုံးဆောင်ပြီး ကမ္ဘာကျော် Disneyland သို့ ခရီးဆက်ပါမည်။ Disneyland တွင် ကလေးများအကြိုက် ကစားနည်းမျိုးစုံ ကစားနိုင်သည့်အပြင် လူကြီးများအတွက်လည်း စိတ်ကြိုက်အနားယူ အပန်းဖြေနိုင်ပါသည်။ ထို့အပြင် ညဘက် Fireworks မီးရှူးမီးပန်းများ၏ အလှအပများကိုပါ တစ်ပါတည်းခံစားနိုင်ပါသည်။ ညစာကို Local Restaurant တွင် သုံးဆောင်ပြီး မိမိတည်းခိုရာ ဟိုတယ်သို့ပြန်လာကာ စိတ်အေးချမ်းသာစွာ အိပ်စက်အနားယူပါမည်။

 hk 19hk 04hk 20

Day 03       Hong Kong   (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီး ရေနေသတ္တဝါများ စုံလင်စွာတွေ့နိုင်သည့် Ocean Park သို့သွားရောက်      လည်ပတ်ကြပါမည်။ ကပွဲများကိုလည်း ကြည့်ရှု့ရင်း ခေတ်မှီကစားနည်းများကို ပျော်ရွှင်စွာ ဆော့ကစားကာ နေ့လည်စာကို Ocean Park  အတွင်းရှိ စားသောက်ဆိုင်တွင် သုံးဆောင်ကြမည်။ ညနေပိုင်းတွင် Ladies market သို့ ပျော်ရွှင်စွာ ဈေးဝယ်ထွက်ကာ ညစာကို Local Restaurant တွင်သုံးဆောင်ပြီး စီစဉ်ထားသောဟိုတယ်သို့ ပြန်လာကာ စိတ်အေးချမ်းသာစွာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။

 hk 21hk 11hk 22

Day 04       Hong Kong - Macau  (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် အမြန်သင်္ဘောဖြင့် မကာအိုသို့ခရီးဆက်ပါမည်။ Fishing Dock, ကြာပန်းပုံစံ ထွင်းထုထားသည့် ရွှေကြာပန်း ပန်းပုရှိရာ Lotus Flower Square, ကမ္ဘာ့ ယူနက်စကိုစာရင်းဝင် မကာအို၏ Landmark သမိုင်းဝင်နယ်မြေဖြစ်သည့် Ruins of St. Paul’s Church, နှစ်ပေါင်း ငါးရာကျော်ကြာမြင့်ပြီဖြစ်သော မကာအို၏ ရှေးအကျဆုံးဘုရားကျောင်းဖြစ်သည့် A-Ma Temple စသည့်နေရာများသို့ သွားရောက်ဖူးမြော် လည်ပတ်ကြပါမည်။ နေ့လည်စာကို ဟိုတယ်တွင် ဘူဖေးဖြင့်သုံးဆောင်ပြီး Casino ကစားနည်းများကိုလေ့လာဆော့ကစားနိုင်သော Grand Emperor Casino, Venetian Casino, လှပဆန်းသစ်သောဖျော်ဖြေတင်ဆက်မှုများတင်ဆက်ရာ Diamond Show စသည့်နေရာများသို့ စိတ်လှုပ်ရှားဖွယ်ရာ သွားရောက်လေ့လာလည်ပတ်ပါမည်။ ညစာကို Local Restaurant တွင်သုံးဆောင်ပြီး စီစဉ်ထားသော ဟိုတယ်တွင် စိတ်အေးချမ်းသာစွာပြန်လည် အိပ်စက်အနားယူမည်ဖြစ်ပါသည်။

 hk 23hk 07hk 24

Day 05       Macau - Hong Kong - Yangon   (B/-/-)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီး ဟောင်ကောင်ဆိပ်ကမ်းသို့ Ferry Boat ဖြင့်စတင်ထွက်ခွာပါမည်။ ထို့နောက်တွင် Myanmar National Airlines လေကြောင်းလိုင်းဖြင့် ဟောင်ကောင်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာပြီး ရန်ကုန်မြို့သို့ နေ့လည်ပိုင်းတွင် ပြန်လည်ရောက်ရှိမည်ဖြစ်သည်။
 
 
*** ပျော်ရွှင်ဖွယ်ရာ ခရီးစဉ်ပြီးဆုံးပါပြီ ***
 
 ခရီးစဉ်အတွင်း ပါဝင်သောဝန်ဆောင်မှုများ  ခရီးစဉ်အတွင်း မပါဝင်သောဝန်ဆောင်မှုများ
  • လေယာဉ်လက်မှတ် အသွားအပြန် (Yangon- Hong Kong- -Yangon)
  • 3*အဆင့်ရှိ ဟိုတယ်တွင် တည်းခိုခ (နှစ်ယောက်တစ်ခန်း)
  • ခရီးစဉ်တွင် ဖေါ်ပြထားသော နံနက်စာ၊ နေ့လည်စာ နှင့် ညစာများ
  • ခရီးစဉ်အတွင်း လည်ပတ်မည့် ကား (with A/C )
  • ခရီးစဉ်အတွင်း ဖော်ပြထားသော နေရာများ၏ ဝင်ကြေးများ
  • ဗီဇာကြေး နှင့် ဗီဇာဝင်ဆောင်မှုများ
  • ရေသန့်ဗူးနှင့် စနိုးတာဝါများ
  • MIA မှ Myanmar Tour Leader နှင့် Hong Kong ရှိ Guide
  • ခရီးစဉ်အတွင်း မဖော်ပြထားသောနေရာများ နှင့် အခြားသော ဝန်ဆောင်မှုများ
  • မိမိကိုယ်ပိုင်အသုံးအခများ (Telephone, Laundry,Mini Bar, etc…)
  • ခရီးစဉ်အတွင်းမပါဝင်သော အဖျော်ယမကာ၊ အပူ၊ အအေးနှင့် စားသောက်ဖွယ်ရာများ
  • Early Check-In နှင့် Late Check-Out များ
  • ခရီးသွား အာမခံများ
  • လေယာဉ်အတွင်း ဝန်ပိုသယ်ဆောင်ခ

Book Now

 

Want to help us?