Bangkok

 

  China Hong Kong - Macau Tour (6Days/5Nights)  

hong-kong

HKG - 002

Day 01     Yangon - Hong Kong  (-/-/D)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မနက်ပိုင်း(ဝ၉:၂၅)တွင် Hong Kong Express လေကြောင်းလိုင်း ဖြင့် ဟောင်ကောင်သို့ စတင်ထွက်ခွာ၍ လေယာဉ်ပေါ်တွင် နေ့လည်စာ သုံးဆောင်ပါမည်။ ဟောင်ကောင်လေဆိပ်သို့ ရောက်ရှိလျှင် လေဆိပ် မှထွက်ခွာခွင့်ပြုလုပ် ပြီးနောက် ဧည့်ကြိုခန်းမတွင် MIA Tour၏ ဧည့်လမ်းညွှန်မှ ကြိုဆိုနှုတ်ဆက်ပါမည်။ ၎င်းနောက် ခရီးစဉ် စတင်လည်ပတ်ခြင်းကို ဟောင်ကောင် ၏ နာမည်ကျော် Victoria Peak မှစတင်ပါမည်။ Victoria Peak ဟုခေါ်သော တောင်ပေါ်ရှိ ထူးခြားသော ဗိသုကာလက်ရာများဖြင့် တည်ဆောက်ထားသည့် Victoria Tower မှတစ်ဆင့် ဟောင်ကောင်ကျွန်း နှင့် Kowloon ကျွန်းတို့၏ လှပကျယ်ပြန့်ပြီး ရင်သပ်ရှုမောဖွယ် သဘာဝရှုခင်းများကို ခံစားကြည့်ရှုကြပါမည်။ ဆက်လက်၍ Repulse Bay ၊ Victoria ဆိပ်ကမ်းရှိ နာမည်ကျော် Hollywood Star များနှင့် Hong Kong Star များ၏ လက်ဗွေရာနှင့် ရုပ်ထုများ ထားရှိသည့် Avenue of Star ကို ကြည့်ရှု့လေ့လာရင်း အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးကြပါမည်။ ညနေပိုင်းတွင် ladies market တွင် ပျော်ရွှင်စွာ ဈေးဝယ် ထွက်ကြပါမည်။ ညစာကို စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် ပြန်လည် အိပ်စက်အနားယူပါမည်။

 hk 01hk 02hk 03

Day 02       Hong Kong   (B/L/D)

နံနက်စာအား ဟိုတယ်၏ စားသောက်ခန်းတွင် သုံးဆောင်ပြီးနောက် JC & Chocolate Shop, Lan Tau Island ရှိ ၁၉၉၃ ခုနှစ်တွင် တည်ထားခဲ့သော Tian Tau Buddha ခေါ် ကြေးသွန်း ဘုရားကြီးသို့ Nong Ping 360 Cable ကားဖြင့် သွားရောက်လည်ပတ်ကြပါမည်။ ဘုရားကြီးအား လေ့လာပြီးနောက်တွင် ဈေးဝယ်ချင်စရာ ဆိုင်လေးများနှင့် စားသောက်ဖွယ်ရာများ ရောင်းချသော ဆိုင်တန်းငယ်လေးများ ရှိသည့် Nong Ping ကျေးရွာလေးတွင် လည်ပတ်ကြပါမည်။ နေ့လည်စာကို စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် Lantau  ကျွန်းပေါ်တွင် အပန်းဖြေစခန်းတစ်ခုအဖြစ် ၂၀ဝ၅ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သော Hong Kong Disney land တွင် ပျော်ပျော်ရွှင်ရွှင် ကစားခြင်း နှင့် အခြားသောပြပွဲများကို စိတ်ဝင်စားဖွယ်ကြည့်ရှု့ကြရပါမည်။ ညစာကို Disneyland အတွင်းရှိ စားသောက်ဆိုင်တွင် သုံးဆောင်ပြီး ဟိုတယ်သို့ စိတ်အေးချမ်းသာစွာ ပြန်လည်အိပ်စက် အနားယူပါမည်။

 hk 04hk 05hk 06

Day 03       Hong Kong ~ Macau    (B/L/D)

နံနက်စာအား ဟိုတယ်၏ စားသောက်ခန်းတွင် သုံးဆောင်ပြီးနောက် မကာအိုသို့ Boat ဖြင့် ထွက်ခွာပါမည်။ မကာအိုသို့   ရောက်ရှိပြီးလျှင် Check-in ဝင်ရန် Hotel သို့ပို့ဆောင်ပေးပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် မကာအို၏ ထင်ရှားကျော်ကြားသော မသွားမဖြစ် St. Paul's Church နှင့် UNESCO အသိမှတ်ပြု ကမ္ဘာ့အမွေနှစ်တစ်ခုဖြစ်သော Senado Square တို့ကို သွားရောက်လေ့လာ ကြပါမည်။ ထိုမှတစ်ဆင့် 1488 ခုနှစ်တွင် တည်ဆောက်ထားခဲ့သော ရှေးဟောင်းဘုရားဟောင်း A-Ma Temple သို့ သွားရောက် လည်ပတ်ကြပါမည်။ မကာအိုတာဝါ မှတဆင့် မကာအိုမြို့၏ လှပသော ရှု့ခင်းများကို ကြည့်ရှု့ခံစားကြပါမည်။ ထို့နောက် Venetian Resort တွင် ပျော်ရွှင်စွာဖြင့် လေ့လာလည်ပတ်၍ ဓာတ်ပုံရိုက်ကူးခြင်း၊ ဈေးဝယ်ထွက်ခြင်းနှင့် ကာစီနိုကစားဝိုင်းများတွင် မိမိကိုယ်တိုင်ကံစမ်းခြင်း တို့ကိုလည်း ပြုလုပ်နိုင်ပါသည်။ ညစာသုံးဆောင်ပြီးနောက် အိပ်စက်အနားယူ နိုင်ရန် ဟိ်ုတယ်သို့ပို့ဆောင်ပေးပါမည်။

 hk 07hk 08hk 09

Day 04       Macau ~ Hong Kong   (B/L/D)

နံနက်စာကို ဟိုတယ်၏ စားသောက်ခန်းတွင်သုံးဆောင်ပြီးနောက် မကာအိုမှ Ferry Boat ဖြင့် ဟောင်ကောင် သို့ပြန်လည်ထွက်ခွာပါမည်။ ဟောင်ကောင်သို့ရောက်ရှိလျှင် စားသောက်ဆိုင်တွင် နေ့လည်စာသုံး ဆောင်ပါမည်။ နေ့လည်ပိုင်းမှ စတင်၍ ရေနေသတ္တဝါများ စုံလင်စွာတွေ့နိုင်သည့် Ocean Park  တွင် အခြားကပွဲများကိုလည်း ကြည့်ရှု့ရင်း ခေတ်မှီကစားနည်းများကို ပျော်ရွှင်စွာ ဆော့ကစားကြပါမည်။ ညစာကို Ocean Park  အတွင်းရှိ စားသောက်ဆိုင်တွင် သုံးဆောင်ကာ ညပိုင်းတွင် အိပ်စက်အနားယူနိုင်ရန် ဟိုတယ်သို့ ပို့ဆောင်ပေးပါမည်။

 hk 10hk 11hk 12

Day 05       Hong Kong    (B/L/-)

နံနက်စာကို ဟိုတယ်၏ စားသောက်ခန်းတွင် သုံးဆောင်ပြီးနောက် နာမည်ကျော် Brand မျိုးစုံ ဝယ်ယူနိုင်မည့် Tung Chung City Gate Outlet Mall တွင် ဈေးဝယ်ထွက်ကြပါမည်။ နေ့လည်စာကို စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်လည် ပို့ဆောင်ပေးပါမည်။ ညနေပိုင်းတွင် လူကြီးမင်းတို့ စိတ်ကြိုက်အနားယူပါမည်။

 hk 13hk 14hk 15

Day 06       Hong Kong ~ Yangon   (B/L/D)

နံနက်စာကို ဟိုတယ်၏ စားသောက်ခန်းတွင် သုံးဆောင်ပြီးနောက် ဧည့်လမ်းညွှန်မှ လေဆိပ်သို့ ပို့ဆောင်နှုတ်ဆက်ကာ Hong Kong Express လေကြောင်းလိုင်းဖြင့် ဟောင်ကောင်မှ ပြန်လည်ထွက်ခွာလာပြီး ရန်ကုန်မြို့သို့ နေ့လည်ပိုင်းတွင် ပြန်လည်ရောက်ရှိမည် ဖြစ်ပါသည်။
 
 
*** ပျော်ရွှင်ဖွယ်ရာ ခရီးစဉ်ပြီးဆုံးပါပြီ ***
 
 ခရီးစဉ်အတွင်း ပါဝင်သောဝန်ဆောင်မှုများ  ခရီးစဉ်အတွင်း မပါဝင်သောဝန်ဆောင်မှုများ
  • လေယာဉ်လက်မှတ် အသွားအပြန် (Yangon- Hong Kong- -Yangon)
  • 3*အဆင့်ရှိ ဟိုတယ်တွင် တည်းခိုခ (နှစ်ယောက်တစ်ခန်း)
  • ခရီးစဉ်တွင် ဖေါ်ပြထားသော နံနက်စာ၊ နေ့လည်စာ နှင့် ညစာများ
  • ခရီးစဉ်အတွင်း လည်ပတ်မည့် ကား (with A/C )
  • ခရီးစဉ်အတွင်း ဖော်ပြထားသော နေရာများ၏ ဝင်ကြေးများ
  • ရေသန့်ဗူးနှင့် စနိုးတာဝါများ
  • MIA မှ Myanmar Tour Leader နှင့် Hong Kong ရှိ Guide
  • ခရီးစဉ်အတွင်း မဖော်ပြထားသောနေရာများ နှင့် အခြားသော ဝန်ဆောင်မှုများ
  • မိမိကိုယ်ပိုင်အသုံးအခများ (Telephone, Laundry,Mini Bar, etc…)
  • ခရီးစဉ်အတွင်းမပါဝင်သော အဖျော်ယမကာ၊ အပူ၊ အအေးနှင့် စားသောက်ဖွယ်ရာများ
  • Early Check-In နှင့် Late Check-Out များ
  • ခရီးသွား အာမခံများ
  • လေယာဉ်အတွင်း ဝန်ပိုသယ်ဆောင်ခ

Book Now

 

Want to help us?