Bangkok

  Japan
Yangon – Osaka – Kyoto – Yamanashi – Oshinohakkai – Tokyo  
(8 Days/7 Nights)  

japan flag

JPN ~ 001

Day 01     Yangon ~ Osaka   (-/-/-)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဂျပန်နိုင်ငံ Tokyo မြို့ရှိ Narita International Airport သို့ စတင်ထွက်ခွာပါမည်။
ထိုမှတဆင့် Kansai International Airport သို့ထပ်မံထွက်ခွာပါမည်။

Day 02       Yangon- Osaka   (-/L/D)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဂျပန်နိုင်ငံ Osaka မြို့ရှိ Kansai International Airport သို့ ရောက်ရှိပြီး ဒေသခံဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပါမည်။ ထို့နောက် ၈ ရာစု အစောပိုင်း ကာလက ကြေးနီ၊ ခဲမဖြူတို့ဖြင့် တည်ထားသော ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်ရှိရာ Toudai Temple သို့သွားရောက် လည်ပတ်ပြီး နေ့လည်စာ သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် ဂျပန်နိုင်ငံ၏ အထင်ကရ နေရာတစ်ခုဖြစ်သော Osaka Castel သို့ သွားရောက် လေ့လာပါမည်။ Osaka Castel ကို  ၁၅၈၃ ခုနှစ်က တည်ဆောက်ခဲ့ပြီး ဂျပန်နိုင်ငံ၏ ထင်ရှားလှသော Landmark တစ်ခုလည်းဖြစ်သည်။ ညစာကို Local Restaurant တွင် သုံးဆောင်ပြီး Osaka မြို့ရှိ စီစဉ်ထားသော Hotel တွင် အိပ်စက်အနားယူပါမည်။

 jp 01jp 02jp 19

Day 03       Universal Studio Japan   (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ခေတ်မီဆန်းကြယ်သော ပျော်ရွှင်ဖွယ်ကစားနည်းများ ပြပွဲများရှိရာ Universal Studio Japan သို့ သွားရောက်လည်ပတ်ပြီး ဆော့ကစားကြပါမည်။ နေ့လည်စာကို Universal Studio တွင် မိမိအစီအစဉ်ဖြင့် သုံးဆောင်ပြီး ညနေခင်းတွင် Shopping Paradise ဟု တင်စားခေါ်ဝေါ်ကြသော Shinsaibashi shopping area တွင်  ပျော်ရွှင်စွာ လည်ပတ်ဈေးဝယ်ထွက်ကြပါမည်။ ညစာကို local Restaurant တွင် သုံးဆောင်ပြီး ဟိုတယ်သို့ ပြန်လည်အိပ်စက်အနားယူပါမည်။

 jp 20jp 21jp 22

Day 04       Osaka - Kyoto   (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Osaka မြို့မှ  Kyoto မြို့သို့ ကျဉ်ဆံရထားဖြင့် ထွက်ခွာပါမည်။ ဂျပန်နိုင်ငံ၏ နာမည်ကြီး ဘုရားကျောင်းဆောင်တစ်ခုဖြစ်ပြီး နိ်ုင်ငံခြားသား ဧည့်သည်များနှစ်စဉ် အများအပြား လာရောက်လည်ပတ်ရာ Kinkaku Temple သို့ သွားရောက် လည်ပတ်ပါမည်။ နေ့လည်စာကို Local Restaurant တွင် သုံးဆောင်ပြီး Inari တောင်ခြေရှိ အနီရောင်တိုင်လုံးကြီးများဖြင့် ပြုလုပ်ထားသော လျှောက်လမ်းရှိရာ  Fushiminari Shrine သို့ သွားရောက်လေ့လာပါမည်။ ထို့နောက် ဂျပန်ရိုးရာ ကီမိုနိုအထည်များ ရက်လုပ်ရာနေရာဖြစ်သော Nishijinorikaikan သို့ သွားရောက် ကြည့်ရှုပါမည်။ ညစာကို Local Restaurant တွင် သုံးဆောင်ပြီး Nagoya မြို့ရှိ ဟိုတယ်တွင် အိပ်စက်အနားယူ ပါမည်။

 jp 05jp 04jp 06

Day 05       Yamanashi   (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Yamanashi မြို့သို့ ထွက်ခွာပြီး ကမ္ဘာကျော် Branded ပစ္စည်းများ ဝယ်ယူနိုင်သော Gotenba Outlet တွင် ပျော်ရွှင်စွာ လည်ပတ်ဈေးဝယ်ကြပါမည်။ ထို့နောက် နေ့လည်စာကို Local Restaurant တွင် သုံးဆောင်ပြီး ဂျပန်နိုင်ငံ၏ သင်္ကေတဖြစ်သော ဖူဂျီတောင်ကြီး၏ Level 5 သို့သွားရောက်ကြည့်ရှုပါမည်။ ထိုမှတဆင့် ရေကန်ငယ်၈ခုနှင့် လွန်စွာသာယာလှပပြီး ရိုးရာအစားအစာများ၊အမှတ်တရပစ္စည်းများ ရောင်းချရာ Oshinohakkai ရွာလေးသို့ သွားရောက်လည်ပတ်ပါမည်။ ပြီးနောက် ဟိုတယ်သို့သွားရောက်၍ ခေတ္တအနားယူပြီး ညစာကို ဟိုတယ်တွင် သုံးဆောင်ကာ ညပိုင်းတွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

 jp 07jp 23jp 24

Day 06       Oshinohakkai   (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Hakone မြို့သို့ ခရီးဆက်ပါမည်။ Hakone မြို့ရှိ တောင်ကြားရေပူစမ်းရှိရာ  Owakudani cable car ဖြင့် သွားရောက်လည်ပတ်ပြီး ဖူဂျီတောင်၏ အလှအပကို Ashi ရေကန်တွင် အပျော်စီးသင်္ဘောစီးရင်း အဝေးမှကြည့်ရှုခံစားပါမည်။ နေ့လည်စာကို Local Restaurant တွင် သုံးဆောင်ပြီး ဂျပန်နိုင်ငံသို့ ရောက်ရှိသူတိုင်း သွားရောက်ဖူးမြော်လေ့ရှိသော ကမာကူရ ဘုရားကြီးသို့ သွားရောက် ဖူးမြော်ပါမည်။ ထို့နောက် ညစာကို Local Restaurant တွင် မြိန်ရှက်စွာ သုံးဆောင် ပြီးနောက် ဟိုတယ်သို့ အေးချမ်းစွာ ပြန်လည်အိပ်စက် အနားယူပါမည်။

 jp 25jp 11jp 26

Day 07       Tokyo    (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ဂျပန်နိုင်ငံ၏ ဘုရင်မင်းမြတ်များ နှင့် တော်ဝင်မိသားစုများ နေထိုင်စိုးစံရာ Imperial Palace သို့ လည်ပတ်လေ့လာပြီး လူတို့ဖန်တီးပြုလုပ်ထားသော Odaiba ကျွန်းတွင် ပျော်ရွှင်စွာ ဈေးဝယ်ထွက်ပါမည်။ ထို့နောက်နေလည်စာကို Local Restaurant တွင်သုံးဆောင်ပြီး Ginza နှင့် Shinjuku Shopping Area တို့တွင် ဆက်လက်ဈေးဝယ်ထွက်ပါမည်။ ညစာကို Local Restaurant တွင် သုံးဆောင်ပြီး ဟိုတယ်တွင် အေးချမ်းစွာ ပြန်လည်အိပ်စက် အနားယူပါမည်။

 jp 16jp 27jp 18

Day 08       Tokyo ~ Yangon   (B/-/-)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Narita လေဆိပ်မှတဆင့် ရန်ကုန်မြို့သို့ စိတ်အေးချမ်းသာစွာ ပြန်လည်ထွက်ခွာမှာ ဖြစ်ပါသည်။

 
 
*** ပျော်ရွှင်ဖွယ်ရာ ခရီးစဉ်ပြီးဆုံးပါပြီ ***
 
 ခရီးစဉ်အတွင်း ပါဝင်သောဝန်ဆောင်မှုများ  ခရီးစဉ်အတွင်း မပါဝင်သောဝန်ဆောင်မှုများ
  • လေယာဉ်လက်မှတ် အသွားအပြန် (Yangon- Hong Kong- -Yangon)
  • 3*အဆင့်ရှိ ဟိုတယ်တွင် တည်းခိုခ (နှစ်ယောက်တစ်ခန်း)
  • ခရီးစဉ်တွင် ဖေါ်ပြထားသော နံနက်စာ၊ နေ့လည်စာ နှင့် ညစာများ
  • ခရီးစဉ်အတွင်း လည်ပတ်မည့် ကား (with A/C )
  • ခရီးစဉ်အတွင်း ဖော်ပြထားသော နေရာများ၏ ဝင်ကြေးများ
  • ဗီဇာကြေး နှင့် ဗီဇာဝင်ဆောင်မှုများ
  • ရေသန့်ဗူးနှင့် စနိုးတာဝါများ
  • MIA မှ Myanmar Tour Leader နှင့် Hong Kong ရှိ Guide
  • ခရီးစဉ်အတွင်း မဖော်ပြထားသောနေရာများ နှင့် အခြားသော ဝန်ဆောင်မှုများ
  • မိမိကိုယ်ပိုင်အသုံးအခများ (Telephone, Laundry,Mini Bar, etc…)
  • ခရီးစဉ်အတွင်းမပါဝင်သော အဖျော်ယမကာ၊ အပူ၊ အအေးနှင့် စားသောက်ဖွယ်ရာများ
  • Early Check-In နှင့် Late Check-Out များ
  • ခရီးသွား အာမခံများ
  • လေယာဉ်အတွင်း ဝန်ပိုသယ်ဆောင်ခ

Book Now

 

Want to help us?