Bangkok

  Japan
Yangon – Osaka – Kyoto – Yamanashi – Oshinohakkai – Tokyo  
(6 Days/5 Nights)  

japan flag

JPN ~ 002

Day 01     Yangon ~ Osaka   (-/-/-)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဂျပန်နိုင်ငံ Tokyo မြို့ရှိ Narita International Airport သို့ စတင်ထွက်ခွာပါမည်။
ထိုမှတဆင့် Kansai International Airport သို့ထပ်မံထွက်ခွာပါမည်။

Day 02       Osaka   (-/L/D)

မနက်စောစောအချိန်တွင် Kansai International Airport သို့ရောက်ရှိပြီး ဒေသခံဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပါမည်။ ထို့နောက် ဂျပန်နိုင်ငံသို့ ရောက်ရှိသူတိုင်း သွားရောက်ဖူးမြော်လေ့ရှိသော ကမာကူရ ဘုရားကြီးသို့ ဦးစွာ သွားရောက် ဖူးမြော်ပြီး နေ့လည်စာကို Local Restaurant တွင် သုံးဆောင်ပါမည်။ ထို့နောက် ဂျပန်နိုင်ငံ၏ သင်္ကေတတစ်ခုဖြစ်သော Mt.Fuji(ဖူဂျီတောင်) ရှိရာသို့ သွားရောက် လည်ပတ်ပြီးနောက် စီစဉ်ထားသော ဟိုတယ်တွင် Check in ဝင်ပါမည်။ ညစာကို ဟိုတယ်တွင် သုံးဆောင်ပြီး ညပိုင်းတွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

 jp 28jp 29jp 19

Day 03       Hakone ~ Yokohama ~ Tokyo    (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် တောင်တန်းများဝန်းရံလျက်ရှိသော Hakone မြို့သို့ ခရီးဆက်ပါမည်။ Hakone မြို့ရှိ တောင်ကြားရေပူစမ်းရှိရာ Owakudani cable car ဖြင့် သွားရောက်လည်ပတ်ပြီး ဖူဂျီတောင်၏ အလှအပကို Ashi ရေကန်တွင် အပျော်စီးသင်္ဘောစီးရင်း အဝေးမှကြည့်ရှုခံစားပါမည်။ နေ့လည်စာကို Local Restaurant တွင် သုံးဆောင်ပြီး Yokohama မြို့သို့ ခရီးဆက်ပါမည်။ Yokohama ရှိ Shinyokohma မှ Tokyo မြို့သို့ ကျည်ဆန်ရထားဖြင့် သွားရောက်ပြီး Tokyo မြို့သို့ ရောက်ရှိပါက Local Restaurant တွင် ညစာသုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးနောက် စီစဉ်ထားသောဟိုတယ်တွင် Check in ဝင်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

 jp 25jp 30jp 31

Day 04       Tokyo   (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် တိုကျိုမြို့၏ ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Asakusa ဒေသရှိ တိုကျိုမြို့၏ ရှေးအကျဆုံး Soenso-Ji ဗုဒ္ဓဘုရားကျောင်းဆောင် အား သွားရောက်ဖူးမြော်ပြီး ဂျပန်ရိုးရာပစ္စည်းများ ဝယ်ယူနိုင်သော Nakamise Street ဈေးတန်းတွင် လည်ပတ်ဈေးဝယ်ထွက်ပါမည်။ ထို့နောက် တိုကျိုမြို့၏ အမြင့်ဆုံး တာဝါဖြစ်သော Tokyo Sky Tree သို့ သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာကို Local Restaurant တွင် သုံးဆောင်ပြီး   Shopping Area များဖြစ်သော Akihabara နှင့် Ginza တို့တွင် စိတ်ကြိုက်ပျော်ရွှင်စွာ လည်ပတ်ဈေးဝယ်ကြပါမည်။ ညစာကို Local Restaurant တွင် သုံးဆောင်ပြီး ဟိုတယ်တွင် အေးချမ်းစွာ ပြန်လည်အိပ်စက် အနားယူပါမည်။

 jp 32jp 13jp 33

Day 05       Tokyo  (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ဂျပန်နိုင်ငံ၏ ဘုရင်မင်းမြတ်များ နှင့် တော်ဝင်မိသားစုများ နေထိုင်စိုးစံရာ Imperial Palace သို့ လည်ပတ်လေ့လာပြီး Tokyo Disneyland တွင် ပျော်ရွှင်စွာ လည်ပတ်ဆော့ကစားပါမည်။ ညစာကို Local Restaurant တွင် သုံးဆောင်ပြီး ဟိုတယ်တွင် အေးချမ်းစွာ ပြန်လည်အိပ်စက် အနားယူပါမည်။

 jp 34jp 27jp 35

Day 06       Tokyo ~ Yangon    (B/-/-)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Narita လေဆိပ်မှတဆင့် ရန်ကုန်မြို့သို့ စိတ်အေးချမ်းသာစွာ ပြန်လည်ထွက်ခွာမှာ ဖြစ်ပါသည်။

 
 
*** ပျော်ရွှင်ဖွယ်ရာ ခရီးစဉ်ပြီးဆုံးပါပြီ ***
 
 ခရီးစဉ်အတွင်း ပါဝင်သောဝန်ဆောင်မှုများ  ခရီးစဉ်အတွင်း မပါဝင်သောဝန်ဆောင်မှုများ
  • လေယာဉ်လက်မှတ် အသွားအပြန်
    (Yangon-Kansai-Narita-Yangon)
  • 3*အဆင့်ရှိ ဟိုတယ်တွင် တည်းခိုခ (နှစ်ယောက်တစ်ခန်း)
  • ခရီးစဉ်တွင် ဖေါ်ပြထားသော နံနက်စာ၊ နေ့လည်စာ နှင့် ညစာများ
  • ခရီးစဉ်အတွင်း လည်ပတ်မည့် ကား ( with A/C )
  • ခရီးစဉ်အတွင်း ဖော်ပြထားသော နေရာများ၏ ဝင်ကြေးများ
  • ဗီဇာကြေး နှင့် ဗီဇာဝင်ဆောင်မှုများ
  • ရေသန့်ဗူးနှင့် စနိုးတာဝါများ
  • MIA မှ Myanmar Tour Leader နှင့် Japan ရှိ Guide
  • ခရီးစဉ်အတွင်း မဖော်ပြထားသောနေရာများ နှင့် အခြားသော ဝန်ဆောင်မှုများ
  • မိမိကိုယ်ပိုင်အသုံးအခများ (Telephone, Laundry,Mini Bar, etc…)
  • ခရီးစဉ်အတွင်းမပါဝင်သော အဖျော်ယမကာ၊ အပူ၊ အအေးနှင့် စားသောက်ဖွယ်ရာများ
  • Early Check-In နှင့် Late Check-Out များ
  • ခရီးသွား အာမခံများ
  • လေယာဉ်အတွင်း ဝန်ပိုသယ်ဆောင်ခ

Book Now

 

Want to help us?