Bangkok

  Korea
Seoul - Jeju - Busan - Everland - Nami Island 
(8 Days/ 7Nights)  

korea

KRE ~ 001

Airline – Vietnam

Airline

Day 01     Yangon ~ Seoul   (-/-/-)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဗီယက်နမ် Hanoi မြို့ရှိ Noi Bai International Airport သို့ စတင်ထွက်ခွာပါမည်။
ထိုမှတဆင့် Incheon International Airport သို့ထပ်မံထွက်ခွာပါမည်။

Day 02       Seoul ~ Jeju   (-/L/D)

မနက်စောစောအချိန်တွင် Incheon International Airport သို့ ရောက်ရှိပါမည်။ အင်ချွန်းလေဆိပ်တွင် ဒေသခံဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီးနောက် Gimpo ပြည်တွင်းလေဆိပ်မှ တဆင့် သာယာလှပသော ဂျယ်ဂျူကျွန်းသို့ ခရီးဆက်ပါမည်။ ဂျယ်ဂျူကျွန်းရှိ ကားများအလိုလိုရွေ့လျားသော Mysterious  Road ၊ ချစ်စဖွယ် Teddy အရုပ်ကလေးများအား အရွယ်အစားအစုံ ပုံစံမျိုးစုံဖြင့် တွေ့မြင်နိုင်သော Teddy Bear Safari သို့ သွားရောက်၍ ပျော်ရွှင်စွာ အမှတ်တရဓာတ်ပုံများ ရိုက်ကူးပါမည်။ ထို့နောက် နေ့လည်စာကို Grilled Fish Set ဖြင့် မြိန်ရှက်စွာသုံးဆောင်ပြီး သာယာလှပသော ပင်လယ်ပြင်အား ကြည့်ရှုခံစားနိုင်မည့် Jusangjeolli ၊ ကောင်းကင် နှင့် မြေကြီး ဆက်သွယ်ပေးသည်ဟု အမည်ရသော Cheonjiyeon Water Fall စသည့် နေရာများသို့ သွားရောက်လည်ပတ်ပါမည်။ ညနေခင်းတွင် Jeju Black Pork BBQ ဖြင့် အရသာရှိစွာ သုံးဆောင်ပြီး ဂျယ်ဂျူကျွန်းရှိ ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက် အနားယူပါမည်။

 korea 01korea 02korea 03

Day 03       Jeju   (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ဒုတိယနေ့ လည်ပတ်မှုကိုစတင်ပါမည်။ ဂျယ်ဂျူကျွန်းရှိ Seaweed Museum, အမြင်အာရုံကို လှည့်စားနိုင်သည့် 3D ပန်းချီကား လက်ရာများရှိရာ Trick Eye Museum, ရှေးခေတ် ကိုရီးယားလူမျိုးတို့၏ ရိုးရာအိမ်ငယ်လေးရှိရာ Seongeup Folk  Village စသည့်နေရာများသို့ လည်ပတ်ကြည့်ရှုပြီး နေ့လည်စာကို Seafood Steam Boat soup ဖြင့် မြိန်ရှက်စွာ သုံးဆောင်ပါမည်။ ထို့နောက် ဂျယ်ဂျူကျွန်း၏ နေထွက်ချိန်နှင့် နေဝင်ဆည်းဆာအလှကို ကြည့်ရှုရာ Seopjicoji, Seongsan Sunrise Peak  သို့ သွားရောက်ပြီး သာယာလှပသော ရှုမျှော်ခင်းများကို ကြည့်ရှုခံစားပါမည်။ ရေငုပ်သင်္ဘောငယ်ဖြင့် ပင်လယ်ရေအောက် သတ္တဝါလေးများအား စိတ်ဝင်စားဖွယ် ကြည့်ရှုလိုပါက မိမိအစီအစဉ်ဖြင့် ထပ်မံကြည်ရှုနိုင်ပါသည်။ (ဝန်ဆောင်မှုတွင် မပါဝင်ပါ။) ညစာကို Stir-Fried Pock ဖြင့် သုံးဆောင်ပြီး ဟိုတယ်သို့ အေးချမ်းစွာ ပြန်လည်အိပ်စက် အနားယူပါမည်။

 korea 04korea 05korea 06

Day 04       Jeju ~ Busan   (B/L/D)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး Jeju အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တဆင့် Busan မြိ်ု့ ပြည်တွင်းလေကြောင်းလိုင်းဖြင့် ထွက်ခွာပါမည်။ ဘူဆန်မြို ့ရှိ PIFF Square , Nampodong Market စသည်တို့တွင် ပျော်ရွှင်စွာ လည်ပတ်ဈေးဝယ်ထွက်မည်။ နေ့လည်စာကို Jagalchi seafood buffet ဖြင့် မြိန်ရှက်စွာသုံးဆောင်ပြီး ဘူဆန်မြို့လယ်တွင် ရှိသော Haewundae ကမ်းခြေ တွင် ပျော်ရွှင်စွာ ရေကစားကြပါမည်။ ထို့နောက် APEC Leader’s များ အစည်းအဝေး ဆွေးနွေးပွဲ ပြုလုပ်ရာ APEC House နှင့် ကိုရီးယားနိုင်ငံရှိ အကြီးဆုံးဘုရားကျောင်းများတွင် တစ်ခုအပါဝင်ဖြစ်သော Haewundae Yonggungsa Temple သို့ သွားရောက်လေ့လာပါမည်။ ညစာကို Korea set menu ဖြင့် သုံးဆောင်ပြီး ဘူဆန်မြို့ ရှိ ဟိုတယ်သို့ ပြန်လည်အိပ်စက် အနားယူပါမည်။

 korea 07korea 08korea 09

Day 05       Busan ~ Everland ~ Seoul   (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Busan မြို့မှ Seoul မြို့သို့ စီစဉ်ထားသော အမြန်ရထားဖြင့်ပြန်လည် ထွက်ခွာပါမည်။ ထို့နောက် ကိုရီးယားရိုးရာ အစားအစားဖြစ်သော ကင်မ်ချီအား ကိုယ်တိုင်ပြုလုပ်လေ့လာပြီး ကိုရီးယားရိုးရာဝတ်စုံ Hanbok ဝတ်ဆင်၍ အမှတ်တရဓာတ်ပုံ ရိုက်ကူးကြပါမည်။ ဆက်လက်၍ ကိုရီးယားနိုင်ငံ၏ နာမည်ကျော် Outdoor Theme Park တစ်ခုဖြစ်သော Everland Theme Park & Safari တွင် ပျော်ရွှင်စရာ ကစားနည်းမျိုးစုံဖြင့်  ဆော့ကစား လည်ပတ်ပြီး နေ့လည်စာကို Everland ရှိ အစားအသောက် ကူပွန်ဖြင့် သုံးဆောင်ပါမည်။ ထို့နောက် Everland အတွင်းရှိ ရောင်စုံပန်းခင်းများရှိရာ Flower Festival တွင် အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြပြီး ညစာကို မြန်မာလူမျိုးများအကြိုက် Korea BBQ ဖြင့် သုံးဆောင်ပါမည်။ ထို့နောက် Seoul မြို့ရှိ စီစဉ်ထားသော ဟိုတယ်သို့ ပြန်လည်အိပ်စက် အနားယူပါမည်။

 korea 10korea 11korea 12

Day 06       Seoul   (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ကိုရီးယားသမ္မတ နေထိုင်ရာ အိမ်ပြာတော်၊ ကိုရီးယားနိုင်ငံ၏ နောက်ဆုံးမင်းဆက်ဖြစ်သော ဂျိုဆွန်းမင်းဆက်၏ ယဉ်ကျေးမှု အစဉ်အလာများကျန်ရှိရာ Gyongbok Palace စသည့်နေရာများကို စိတ်ဝင်စားစွာ လိုက်လံကြည့်ရှုပါမည်။ ထို့နောက် Duty Free တွင် စိတ်ကြိုက်ဈေးဝယ်ထွက်ပြီး နေ့လည်စာကို Under the sea Buffet ဖြင့် မြိန်ရှက်စွာ သုံးဆောင်ပါမည်။ ဆက်လက်၍ ကိုရီးယားလူမျိုးတို့ တန်ဖိုးထားမြတ်နိုးသော ခရမ်းစွဲကျောက်ဖြင့် ပြုလုပ်ထားသည့် လက်ဝတ်ရတနာပစ္စည်းများ ရောင်းချရာ Amethyst Factory သို့ သွားရောက်လေ့လာပြီး ကိုရီးယားရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်လေ့ရှိသော နာမည်ကျော် ဟန်မြစ်တွင် သင်္ဘောစီးပါမည်။ ထို့နောက် ကိုရီးယားနိုင်ငံ၏ အမြင့်ဆုံး Tower တစ်ခုဖြစ်ပြီး  F4 ရုပ်ရှင်ကားရိုက်ကူးခဲ့ရာ N Tower  သို့ သွားရောက်လည်ပတ်ပြီး အမှတ်တရဓာတ်ပုံ ရိုက်ကူးကြပါမည်။ ညစာကို ဆေးဖက်ဝင် Ginseng Chicken ဖြင့် မြိန်ရှက်စွာ သုံးဆောင်ပြီး ဟိုတယ်သို့ စိတ်အေးချမ်းသာစွာ ပြန်လည်အိပ်စက်အနားယူပါမည်။

 korea 13korea 14korea 15

Day 07       Seoul ~ Nami Island   (B/L/D)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ကိုရီးယားလူမျိုးများ၏ သက်ရှည်ဆေးပင်ဟု ခေါ်ဆိုနိုင်သော အဖိုးတန် ဂျင်ဆင်းဆေးမြစ်များ ပြသရောင်းချရာ Ginseng Showroom ၊ နာမည်ကျော် “ဟေမာန်ဆောင်း၏ချစ်သံစဉ်” ရုပ်ရှင်ကား ရိုက်ကူးခဲ့ရာ သာယာလှပသော နာမိကျွန်း သို့ သွားရောက်လည်ပတ်ပြီး သဘာဝအလှအပများကို ကြည့်ရှုခံစားပါမည်။ ထို့နောက် နေ့လည်စာကို Spicy Chicken BBQ ဖြင့် မြိန်ရှက်စွာ သုံးဆောင်ပြီး Myeongdong Shopping Street တွင် Cosmetic  နှင့် အခြားအသုံးအဆောင် ပစ္စည်းများအား မိမိစိတ်ကြိုက် ပျော်ရွှင်လွတ်လပ်စွာ ဈေးဝယ်ထွက်ပါမည်။ ညစာကို Soy Sauce Chicken ဖြင့် မြိန်ရှက်စွာ သုံးဆောင်ပြီး Fantastik (or) Drum Cat (or) Music Wedding Show အစရှိသော ဖျော်ဖြေပွဲများအား မိမိအစီစဉ်ဖြင့် ကြည့်ရှုနိုင်ပါသည်။ (ဝန်ဆောင်မှုတွင်မပါဝင်ပါ။) ညပိုင်းတွင် ဟိုတယ်သို့ အေးချမ်းစွာ ပြန်လည်အိပ်စက် အနားယူပါမည်။

 korea 16korea 17korea 18

Day 08       Seoul ~ Yangon   (B/-/-)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Incheon International Airport မှ ရန်ကုန်မြို့သို့ ကြည်နူးချမ်းမြေ့စွာ ပြန်လည်ထွက်ခွာလာပါမည်။

 
 
*** ပျော်ရွှင်ဖွယ်ရာ ခရီးစဉ်ပြီးဆုံးပါပြီ ***
 
 ခရီးစဉ်အတွင်း ပါဝင်သောဝန်ဆောင်မှုများ  ခရီးစဉ်အတွင်း မပါဝင်သောဝန်ဆောင်မှုများ
  • လေယာဉ်လက်မှတ် အသွားအပြန် (Yangon – Seoul - Yangon)
  • ပြည်တွင်းလေယာဉ်လက်မှတ် (Seoul-Jeju) (Jeju – Busan)
  • 3*အဆင့်ရှိ ဟိုတယ်တွင် တည်းခိုခ (နှစ်ယောက်တစ်ခန်း)
  • ခရီးစဉ်တွင် ဖေါ်ပြထားသော နံနက်စာ၊ နေ့လည်စာ နှင့် ညစာများ
  • ခရီးစဉ်အတွင်း လည်ပတ်မည့် ကား(with A/C & Free Wi-Fi)
  • Busan မှ Jeju သို့ သွားရောက်မည့် အမြန်ရထား
  • ခရီးစဉ်အတွင်း ဖော်ပြထားသော နေရာများ၏ ဝင်ကြေးများ
  • ရေသန့်ဗူးနှင့် စနိုးတာဝါများ
  • MIA မှ Myanmar Tour Leader နှင့် Korea ရှိ Guide
  • ခရီးစဉ်အတွင်း မဖော်ပြထားသောနေရာများ နှင့် အခြားသော ဝန်ဆောင်မှုများ
  • မိမိကိုယ်ပိုင်အသုံးအခများ (Telephone, Laundry,Mini Bar, etc…)
  • ခရီးစဉ်အတွင်းမပါဝင်သော အဖျော်ယမကာ၊ အပူ၊ အအေးနှင့် စားသောက်ဖွယ်ရာများ
  • Early Check-In နှင့် Late Check-Out များ
  • ခရီးသွား အာမခံများ
  • လေယာဉ်အတွင်း ဝန်ပိုသယ်ဆောင်ခ
  • Jeju တွင် ရေငုပ်သင်္ဘောငယ်စီးခြင်း။ (USD 50)
  • Fantastik (or) Drum Cat (or) Music Wedding Show ကြည့်ရှုခြင်း။ (USD 45)

Book Now

 

Want to help us?