singapore-01

Singapore (5 Days/4 Nights) 

singapore flage

SIN-002

Day 1:     Yangon – Singapore “Merlion Homeland” – Peninsula Plaza       (-/-/D)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စင်္ကာပူနိုင်ငံရှိ ချန်ဂီ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထွက်ခွာပါမည်။ ချန်ဂီလေဆိပ်သို့ ရောက်ရှိပါက ဒေသခံ ဧည့်လမ်းညွှန်မှ နွေးထွေးပျူငှာစွာ လာရောက်ကြိုဆိုပြီး စင်္ကာပူမြို့တွင်း လည်ပတ်မှု စတင်ပါမည်။ စင်္ကာပူနိုင်ငံ၏ အထင်ကရနေရာများဖြစ်သော City Hall, စီးပွားရေးလုပ်ငန်းများ နှင့် နိုင်ငံတကာသံရုံးအများစု တည်ရှိရာ Suntec City, စင်္ကာပူနိုင်ငံ၏ သင်္ကေတရုပ်ထုရှိရာ Merlion Park စသည့်နေရာများကို သွားရောက်လေ့လာပြီး နှင့် မြန်မာ့ရိုးရာစားသောက်ဆိုင်များ၊ ဒေသထွက်ပစ္စည်း ရောင်းချသည့်ဆိုင်များအပြင် အခြားနိုင်ငံအသီးသီးမှ လူသုံးကုန်ပစ္စည်းများပါ ၀ယ်ယူရရှိနိုင်သော Peninsula Plaza တွင် ပျော်ရွှင်စွာလည်ပတ် စျေးဝယ်ထွက်ပါမည်။ ညစာကို သန့်ရှင်းသပ်ရပ်သော ဒေသခံစားသောက်ဆိုင်တွင် တည့်ခင်းဧည့်ခံပါမည်။ ထို့နောက် စီစဉ်ထားသော 4 * အဆင့်ရှိဟိုတယ်တွင် Check in ၀င်ပြီး စိတ်အေးချမ်းသာ စွာအိပ်စက်အနားယူပါမည်။ 
 sin 01sin 02sin 03

Day 2:               Universal Studios – Wings of Time “7.40PM Show”            (B/L/D)

ဟိုတယ်တွင် International Buffet ဖြင့် မနက်စာသုံးဆောင်ပြီးနောက် စိန်ထည်လက်ဝတ်ရတနာ ပစ္စည်းပြုလုပ်ရာ စက်ရုံ ရှိရာသို့ သွားရောက်လေ့လာပါမည်။ထို့နောက် ဆေးဖက်ဝင်ဆီများ နှင့် အလှအပရေးရာပစ္စည်းများ ရောင်းချရာ ပြခန်းများ သို့ လေ့လာ လည်ပတ်ပြီး ပျော်ရွှင်စိတ်လှုပ်ရှားဖွယ်ရာ  ဂိမ်းများ၊ သရုပ်ဖော်ပြပွဲများ၊ ရိုလာကိုစတာများရှိရာ Universal Studio တွင် ပျော်ရွှင်စွာ လည်ပတ်ဆော့ကစားပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြပါမည်။ နေ့လည်စာကို Universal Studio တွင်းရှိ  စားသောက်ခန်းမတွင် သုံးဆောင်ပါမည်။ Universal Studio တွင် နေ့လည်ခင်းတစ်ခုလုံး ပျော်ရွှင်စွာ လည်ပတ်ဆော့ကစားပြီး ညစာကို Sentosa Restaurant တွင် Buffet ဖြင့် မြိန်ရှက်စွာ သုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးနောက် လှပဆန်းကြယ်သော မီးရောင်စုံများ၊ ရေပန်းများဖြင့်  သရုပ်ဖော်ပြပွဲများ ပြသရာ Wings of Time သို့ ပျော်ရွှင်စွာ သွားရောက်ကြည့်ရှုပါမည်။ ထို့နောက် ဟိုတယ်သို့ အေးချမ်းစွာ ပြန်လည်အိပ်စက် အနားယူပါမည်။ 
 sin 04sin 05sin 06

Day 3:        Sentosa Cable Car – Madame Tussauds – S.E.A  Aquarium   (B/L/D)

ဟိုတယ်တွင် International Buffet ဖြင့် မနက်စာသုံးဆောင်ပြီးနောက် စင်ကာပူတစ်မြို့လုံး၏ရှုခင်းကိုအပေါ်စီးမှမြင်နိုင်သော Mount Faber သို့ Cable Car စီးကာ သွားရောက်လည်ပတ်ကြပါမည်။ ထို့နောက် ပျော်ရွှင်စရာနေရာများရှိရာ Sentosa ၊ ကမ္ဘာကျော်အနုပညာရှင်များ၏ ပုံစံတူ ဖယောင်းရုပ်တုများနှင့် အမှတ်တရဓာတ်ပုံများရိုက်ကူးနိုင်မည့် Madame Tussauds စသည့်နေရာ များသို့ ပျော်ရွှင်စွာလည်ပတ်လေ့လာကြပါမည်။ နေ့လည်စာကို Local Restaurant တွင် မြိန်ရှက်စွာသုံးဆောင်ပြီး ရေအောက်သတ္တဝါ မျိုးစုံကိုတစ်နေရာတည်းတွင် စုံလင်စွာကြည့်ရှုနိုင်သော S.E.A Aquarium ငါးပြတိုက် သို့သွားရောက် လည်ပတ်ကြပါမည်။ ညစာကို Local Restaurant တွင်သုံးဆောင်ပြီး ဟိုတယ်သို့ အေးချမ်းစွာပြန်လည်အိပ်စက်အနားယူပါမည်။ 
 sin 12sin 13sin 14

Day 4:       Buddha Tooth Temple – Gardens by the Bay – Orchard Road     (B/L/D)

ဟိုတယ်တွင် International Buffet ဖြင့်  မနက်စာသုံးဆောင်ပြီးနောက် Singapore Chinatown ရှိ အလွန်သပ္ပာယ်သော Buddha Tooth Temple & Museum သို့သွားရောက်လည်ပတ်ပါမည်။ ထို့နောက် Garden By the Bay သို့သွားရောက်ပြီး အရောင်စုံအမျိုးအစားစုံ ပန်းခင်းများရှိရာ  Flower Dome နှင့် စုံလင်လှသောအပင်မျိုးစိတ်များ၊ ရေတံခွန်များ နှင့် မြင့်မားလှသော Tower ကြီးများရှိရာ Cloud Forest စသည့်နေရာများသို့  လည်ပတ်လေ့လာပါမည်။ နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ပြီး စင်္ကာပူနိုင်ငံ၏ နာမည်ကြီး Shopping Area တစ်ခုဖြစ်သော Orchard Road တွင် ပျော်ရွှင်စွာ လည်ပတ်စျေးဝယ်ထွက်ကြပါမည်။ ထို့နောက် ညစာသုံးဆောင်ပြီး ဟိုတယ်သို့ အေးချမ်းစွာပြန်လည်အိပ်စက် အနားယူပါမည်။ 
 sin 07sin 08sin 09

Day 5:   Singapore – Yangon     (B/-/-)

ဟိုတယ်တွင် International Buffet ဖြင့်  မနက်စာသုံးဆောင်ပြီးနောက်  ဟိုတယ်မှ Check Out ထွက်ပါမည်။ ထို့နောက် ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့အေးချမ်းပျော်ရွှင်စွာ ပြန်လည်ထွက်ခွာလာပါမည်။ 
 sin 10sin 11
 
 
*** ပျော်ရွှင်ဖွယ်ရာ ခရီးစဉ်ပြီးဆုံးပါပြီ ***
 
 ခရီးစဉ်အတွင်း ပါဝင်သောဝန်ဆောင်မှုများ  ခရီးစဉ်အတွင်း မပါဝင်သောဝန်ဆောင်မှုများ
  • လေယာဉ်လက်မှတ် အသွားအပြန် (Yangon-Singapore)
  • ဗီဇာကြေးနှင့် ဗီဇာဝန်ဆောင်မှုများ။
  • 4* အဆင့်ရှိ ဟိုတယ်တွင် တည်းခိုခ (နှစ်ယောက်တစ်ခန်း)
  • ခရီးစဉ်တွင် ဖေါ်ပြထားသော မနက်စာ၊ နေ့လည်စာ နှင့် ညစာ
  • MIA မှ Myanmar Tour Leader နှင့် စင်္ကာပူနိုင်ငံ၏ လိုင်စင်ရ အင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန်
  • ခရီးစဉ်တွင် ဖော်ပြထားသည့်အတိုင်း နေရာများ၏ ၀င်ကြေး များ။
  • (Universal Studios, Wings of Time , Cable Car, 3in1 Madame Tussauds,
    S.E.A Aquarium, 2 Domes @ Garden by the Bay)
  • ခရီးစဉ်တစ်လျှောက် လည်ပတ်မည့် A/C ကား
  • ရေသန့်ဗူးနှင့် စနိုးတာဝါများ
  • ခရီးစဉ်အတွင်း မဖော်ပြထားသောနေရာများ နှင့် အခြားသော ၀န်ဆောင်မှုများ
  • မိမိကိုယ်ပိုင်အသုံးအခများ (Telephone, Laundry, Mini Bar, etc…)
  • ခရီးစဉ်အတွင်းမပါ၀င်သော အဖျော်ယမကာ၊ အပူ၊ အအေးနှင့် စားသောက်ဖွယ်ရာများ
  • Early Check-In နှင့် Late Check-Out များ
  • ခရီးသွား အာမခံများ
  • လေယာဉ်တွင် ၀န်ပိုသယ်ဆောင်ခ

Book Now

 

Want to help us?