singapore-01

သီရိလင်္ကာ စွယ်တော်ဘုရားဖူးခရီးစဉ်(၇ညအိပ်/၈ရက်)

singapore flage

SLK–003

Day ( 1 ) ရန်ကုန် - ဘန်ကောက် - ကိုလန်ဘို - ကန္ဒီ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေယာဉ်ထွက်ခွာကာ သီရိလင်္ကာနိုင်ငံ ကိုလန်ဘိုအပြည်ပြည်ဆိုင်ရာလေဆိပ် သို့ရောက်ပါမည်။ လေဆိပ်တွင် မြင့်မြတ် ဘုရားဖူးအဖွဲ့ မှတာဝန်ရှိသူက လာရောက်ကြိုဆိုပါမည်။ ထို့နောက် ကားပေါ်တွင်ခရီးသည်များအားနေရာချထားပေးပြီး ပစ္စည်းများသယ်ဆောင်၍ ကိုလန်ဘိုမှ သီရိလင်္ကာနိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်သည့် ကန္ဒီသို့ ထွက်ခွာပြီးနောက် မိမိတည်းခိုမည့် ဟိုတယ်သို့ရောက်ရှိကာ Check-In ၀င်ရောက်ကာ အေးချမ်းစွာအိပ်စက်အနားယူပါမည်။ 
 slk 01slk 02slk 03

Day ( 2 ) ကန္ဒီ - နုဝလဧလိယ - ကန္ဒီ

နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီး လက်ဖက်ခင်းများတည်ရှိရာ နုဝလဧလိယမြို့ရှိ Mackwood Tea Factory သို့ သွားရောက်လေ့လာပါမည်။ ထို့နောက် နေ့လည်စာသုံးဆောင်ပြီး ကန်ဒီမြို့ရှိ လွန်ခဲ့သော ၁၆ရာစုကာလမှ ဗုဒ္ဓစွယ်တော်မြတ်အားဌာပနာထားရာ စွယ်တော်တိုက်နေရာသို့သွားရောက်ကာ အပူဇော်ခံအချိန်တွင် ဖူးမြော်မည်ဖြစ်ပါသည်။ (စွယ်တော်တိုက်အားသွားရောက်ဖူးမြော်ရာတွင် ၀တ်ဖြူစင်ကြယ် အဖြူရောင်အဝတ်အစားများကိုသာ ၀တ်ဆင်ရပါမည်။) ပြီးနောက် ကန္ဒီမြို့ရှိ အခြားနေရာများဖြစ်သည်များကို သွားရောက်လေ့လာပြီး ကန္ဒီမြို့သည် သီရိလင်္ကာ၏ နောက်ဆုံးမင်းဆက် နန်းစံခဲ့သောမြို့ဖြစ်ပြီး၊ UNESCO မှ သတ်မှတ်ထားသော ကမ္ဘာ့ရှေးဟောင်းမြို့တော်ထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ကန္ဒီမြို့သည် ဗုဒ္ဓစွယ်တော်မြတ်ထားရှိရာ မြို့ဖြစ်သည့်အပြင် ကန္ဒီမြို့တွင် The Royal Botanical Gardens နှင့် Victoria Golf Club တို့လည်းရှိသည်။ ထို့အပြင် ကန္ဒီမြို့၏ပန်းထိမ်ဆရာများမှာ ငွေထည်နှင့်ဆိုင်သော၊ ကြေးထည်နှင့်ဆိုင်သော၊ စိန်ထည်များနှင့်ဆိုင်သောအရာများကို ပုံဖော်ဖန်တီးရာတွင် အလွန်လှပသပ်ရက်သောကြောင့် ကမ္ဘာပေါ်တွင် နာမည်ကြီးကန္ဒီပန်းထိမ် ပညာရှင်များအဖြစ် ထင်ရှားကြသည်။ ထို့နောက် စွဲတော်ပွဲတော်အားသွားရောက်ကြည့်ရှု့ပြီးနောက် ညစာသုံးဆောင်ကာ ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။  

Day ( 3 ) ကန္ဒီ - မာတလိ - ဒမ္ဘူလ

နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီး ဟိုတယ် Check-Out ထွက်ခွာ စတုတ္ထသံဃာယနာ တင်တော်မူခဲ့သော မာတလိမြို့သို့ ခရီးဆက်ပါမည်။ မာတလိမြို့ရှိ အာလုဝိဟာရလိုဏ်ဂူတော် ထဲသို့ ၀င်ရောက်ဖူးမြော်ပါမည်။ ထို့နောက် နေ့လည်စာသုံးဆောင်ပြီး ဒမ္ဘူလသို့ထွက်ခွာကာ Dambulla Rock Temple သို့ဝင်ရောက်ဖူးမြော်ပြီးနောက် မိမိတို့ကိုယ်ပိုင်အားလပ်ချိန်ဖြစ်၍ အနားယူအပန်းဖြေနိုင်ပါသည်။ ထို့နောက် ညစာသုံးဆောင်ပြီး ဟိုတယ် Check-In ၀င်ရောက်ကာ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။ 
 slk 04slk 05slk 06

Day ( 4 ) ဒမ္ဘူလ - စီဂရိယ - ပိုလာနာရူဝ

နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီး ဟိုတယ် Check-Out ထွက်ကာ စရီဂရိယသို့ထွက်ခွာကာ အေဒီ ၅ရာစုကတည်းက ခံတပ်သဖွယ်ဆောက်လုပ်ထားခဲ့သော မိတာ၂၀၀ အထိကြီးမားသော ကျောက်တုံးခံတပ်အား သွားရောက်ကာ ရှေးယခင်တည်းကရေထိုးထားခဲ့သော ကျောက်သားနရံဆေးပန်းချီများ၊ အံ့သြဖွယ်ရာကောင်းလောက်သော ရဲစွမ်းသတ္တိရှိသော ခြင်္သေ့သင်္ကေတပုံများကို လေ့လာပါမည်။ ထို့နောက် နေ့လည်စာသုံးဆောင်ပြီး ပိုလာနာရူဝသို့ ခရီးဆက်ပါမည်။ ထို့နောက် ဟိုတယ် Check-In ၀င်ရောက်ကာ မိမိတို့ကိုယ်ပိုင်အားလပ်ချိန်ဖြစ်၍ အနားယူအပန်းဖြေပြီးနောက် ညစာသုံးဆောင်ပြီး အေးချမ်းစွာအိပ်စက် အနားယူပါမည်။  

Day ( 5 ) ပိုလာနာရူဝ - အနုရာဓပူရ

နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီး ဟိုတယ် Check-Out ထွက်ကာ သီရိလင်္ကာနိုင်ငံ၏ ရှေးဟောင်းဒုတိယမြို့တော် ဖြစ်သည့် ပိုလာနာရူဝမြို့အား သွားရောက်လေ့လာလည်ပတ်ကာ ရှေးအခါက ကျောက်တောင်ကျောက်သားများအား မြတ်စွာဘုရား၏ရုပ်ပွားတော်များထွင်းထုလုပ်ထားသည့်နေရာဖြစ်သော Gal Viharaya (ခေါ်) Rock Temple အားသွားရောက်ဖူးမြော်ပါမည်။ ထို့နောက် နေ့လည်စာသုံးဆောင်ပြီးနောက် ဘီစီ ၅ ရာစုကတည်းက သီရိလင်္ကာဘုရင်မဟာဗန္စ စတင်တည်ထောင်ခဲ့သော သီရိလင်္ကာ၏ ပထမဆုံးမြို့တော် အနုရာဓပူရမြို့တွင် ကမ္ဘာ့ဗုဒ္ဓဘာသာအမွေအနှစ်များဖြစ်သော စေတီပုထိုးများကို သွားရောက်ဖူးမြော်လေ့လာပါမည်။ ထို့နောက် Mihintale Temple သို့သွားရောက်ဖူးမြော်ပြီး လွန်ခဲသောနှစ်ပေါင်း ၂၀၀၀ ကျော်အချိန်က အိန္ဒိယနိုင်ငံမှ သီရိဓမ္မာသောကမင်းကြီး၏သမီးတော် သံဃမိတ္တာထေရီမ ပင့်ဆောင်တော်မူခဲ့သည့် မဟာဗောဓိပင် သို့သွားရောက်ဖူးမြော်လည်ပတ်ပါမည်။ (မဟာဗောဓိပင်သို့ သွားရောက်ဖူးမြော်သည့်အချိန်အခါတွင် ၀တ်ဖြူစင်ကြယ်များကို ၀တ််ဆင်ရပါမည်။) ထို့နောက် မဟာဗောဓိလမ်းခရီးရှိ လောဟပါဿဒ ကြေးပြဿဒ်ဟောင်း နေရာအား သွားရောက်ကြည့်ရှုလေ့လာ ပါမည်။ ထို့နောက် ညစာသုံးဆောင်ပြီး ဟိုတယ်သို့ Check-In ၀င်ရောက်ကာ အေးချမ်းစွာအိပ်စက်အနားယူပါမည်။  

Day ( 6 ) အနုရာဓပူရ - ဒမ္ဘူလ

နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီး Check-Out လုပ်ကာ ဒမ္ဘူလသို့ခရီးဆက်လက် ထွက်ခွာပါမည်။ ထို့နောက် အလွန်ရှည်လျားသော လိုဏ်ဂူကြီးဖြစ်သည့် ဒမ္ဘူလလိုဏ်ဂူတော် ထဲတွင် တည်ထားကိုးကွယ်တော်မူသော မြတ်စွာဘုရားဆင်းထုတော်များကို သွားရောက်ဖူးမြော်ကိုးကွယ်ပါမည်။ ထိုဂူထဲတွင် မြတ်စွာဘုရားဆင်းထုတော်ပေါင်းမြောက်များစွာကို တစ်နေရာထဲတွင် ဖူးမြော်ကြည်ညိုနိုင်ပါသည်။ ထို့နောက် နေ့လည်စာသုံးဆောင်ကာ ဟိုတယ်သို့ Check-In ၀င်ရောက်ကာ မိမိတို့ကိုယ်ပိုင်အချိန်ဖြစ်၍ အနားယူအပန်းဖြေပြီး ညစာသုံးဆောင်ကာ ဟိုတယ်တွင် အေးချမ်းစွာအိပ်စက်အနားယူပါမည်။ 
 slk 07slk 08slk 09

Day ( 7 ) ဒမ္ဘူလ - ကိုလန်ဘို - ဘန်ကောက်

နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီး Check-Out လုပ်ကာ သီရိလင်္ကာနိုင်ငံ၏မြို့တော် ကိုလန်ဘန်မြို့သို့ ခရီးဆက်ပါမည်။ ထို့နောက် နေ့လည်စာသုံးဆောင်ပြီးနောက် Colombo Museum, Galle Face Beach, ဂင်္ဂါရာမရှေးဟောင်းကျောင်း တို့အားသွားရောက် လေ့လာပြီး မြို့တော်ကိုလန်ဘိုရှိ အခြားသောနေရာများကို လိုက်လံပြသပေးပါမည်။ ထို့နောက် ညစာ သုံးဆောင်ကာ ကိုလန်ဘိုမြိ့မှ Bandaranayke နိုင်ငံတကာလေဆိပ်သို့ထွက်ခွာကာ ထိုမှတဆင့် လေယာဉ်ဖြင့် ထိုင်းနိုင်ငံ သူဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထွက်ခွာပါမည်။  

Day ( 8 ) ဘန်ကောက် - ရန်ကုန်

ထိုင်းနိုင်ငံ သူဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ်မှ နံနက်စောစောအချိန်တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ ရန်ကုန်မြို့တော်ကြီးရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထွက်ခွာကာ စိတ်အေးချမ်းသာစွာဖြင့် ရောက်ရှိကာ ပျော်ရွှင်စရာသီရိလင်္ကာဘုရားဖူး ခရီးစဉ်လေး ပြီးဆုံးပါပြီ။  
 
 
*** ပျော်ရွှင်ဖွယ်ရာ ခရီးစဉ်ပြီးဆုံးပါပြီ ***
 
 ခရီးစဉ်အတွင်း ပါဝင်သောဝန်ဆောင်မှုများ  ခရီးစဉ်အတွင်း မပါဝင်သောဝန်ဆောင်မှုများ
  • လေယာဉ်လက်မှတ် အသွားအပြန် (Yangon-Colombo-Yangon)
  • ဟိုတယ်တွင် တည်းခိုခ (နှစ်ယောက်တစ်ခန်း)
  • ခရီးစဉ်တွင် ဖေါ်ပြထားသော နံနက်စာ၊ နေ့လည်စာ နှင့် ညစာများ
  • ခရီးစဉ်အတွင်း လည်ပတ်မည့် ကား (with A/C )
  • ခရီးစဉ်အတွင်း ဖော်ပြထားသော နေရာများ၏ ၀င်ကြေးများ
  • ရေသန့်ဗူးနှင့် စနိုးတာဝါများ
  • MIA မှ Myanmar Tour Leader နှင့် Srilanka ရှိ Guide
  • ခရီးစဉ်အတွင်း မဖော်ပြထားသောနေရာများ နှင့် အခြားသော ၀န်ဆောင်မှုများ
  • Video & Camera ရိုက်ကူးပေးခြင်း
  • မိမိကိုယ်ပိုင်အသုံးအခများ (Telephone, Laundry,Mini Bar, etc…)
  • ခရီးစဉ်ပထမဆုံးနေ့တွင် ညစာ
  • စွယ်တော်ပွဲတော်ကြည့်ရှု့ရန် ထိုင်ခုံလက်မှတ်
  • ခရီးစဉ်အတွင်းမပါ၀င်သော အဖျော်ယမကာ၊ အပူ၊ အအေးနှင့် စားသောက်ဖွယ်ရာများ
  • Early Check-In နှင့် Late Check-Out များ
  • ခရီးသွား အာမခံများ
  • လေယာဉ်အတွင်း ၀န်ပိုသယ်ဆောင်ခ

Book Now

 

Want to help us?