Bangkok

West of Taiwan Island (6Days /5Nights)

taiwan flage

TWN ~ 001

Day 1 Yangon – Taipei      (-/-/D)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တိုင်ပေမြို့သို့ ထွက်ခွာပြီး တိုင်ပေမြို့လေဆိပ်တွင် ဒေသခံဧည့်လမ်းညွှန်မှ နွေးထွေးပျူငှာစွာ လာရောက်ကြိုဆိုပါမည်။ ထို့နောက် တိုင်ပေမြို့၏ Landmark နှင့် Tourist attraction site တစ်ခုဖြစ်သော Chiang Kai – Sheck memorial hall နှင့် တရုတ်လူမျိုးများ ၏ ၀တ်ပြုဆုတောင်းရာ ဘုရားရှိခိုးကျောင်း တစ်ခု ဖြစ်သည့် Longshan Temple စသည့်နေရာများကို သွားရောက် လည်ပတ်ပါမည်။ ညစာကို တရုတ်ရိုးရာ အစားစာများဖြင့် မြိန်ရှက်စွာ သုံးဆောင်ပြီး စီစဉ်ထားသော ဟိုတယ်တွင် Check In ၀င်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။ 
 twn 01twn 02twn 03

Day 2 Taipei                (B/L/D)

ဟိုတယ်တွင် မနက်စာ သုံးဆောင်ပြီးနောက် တိုင်ပေမြို့၏ အထင်ကရနေရာများသော  Presidential Office Building (သမ္မတရုံးအဆောက်အဦး) ရှေးခေတ်တရုတ်တိုင်ပေ လူမျိုးများ၏ ရိုးရာအမွေအနှစ်များကို ကြည့်ရှုလေ့လာနိုင်သော National Palace Museum , တရုတ်ပြည် စစ်ပွဲကာလတွင် သေဆုံးသွားခဲ့သော သူရဲကောင်းများ ၏ ဂူဗိမာန်များရှိရာ Martyrs’ Shrine, တိုင်ပေမြို့ရှိ အမျိုးသားဥယျာဉ်၉ခုတွင် ၁ခုအပါ၀င်ဖြစ်သော Yangminshan National Park , တိုင်ပေမြို့၏အလှကို အပေါ်စီးမှ ကြည့်ရှုခံစားနိုင်သော 101 observatory tower အစရှိသည့် နေရာများကို လည်ပတ်ကြည့်ရှုပါမည်။ နေ့လည်စာနှင့် ညစာကို Local Restaurant တွင် တရုတ်ရိုးရာအစားအစာများဖြင့် မြိန်ယှက်စွာ သုံးဆောင်ပြီး ညပိုင်းတွင် ဟိုတယ်သို့ အေးချမ်းစွာ ပြန်လည်အိပ်စက်အနားယူပါမည်။ 
 twn 04twn 05twn 06

Day 3 Taipei – Sun Moon Lake (3.5 ~ 4 hours by drive)                           (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် တိုင်ပေမြို့ မှတဆင့် Nantou မြို့သို့ ကားဖြင့်ထွက်ခွာပါမည်။ ၃ နာရီခွဲခန့် စီးနင်းလိုက်ပါပြီးနောက်  ထိုင်ဝမ်နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော Nantou မြို့သို့ ရောက်ရှိမည်ဖြစ်ပြီး တရုတ်ရိုးရာဆန်အရက် ပြုလုပ်ရောင်းချရာ  Puli Winery,  စက္ကူလိပ်များဖြင့် ယာယီဆောက်လုပ်ခဲ့သည့် ဘုရားကျောင်းတစ်ခုဖြစ်သော Paper Dome စသည့်နေရာများကို သွားရောက်လည်ပတ်ပါမည်။ ထို့နောက် တင့်တယ်လှပသော ဗိသုကာ အနုပညာလက်ရာများဖြင့် ဆောက်လုပ်ထားသော Wen Wu Temple သို့  သွားရောက်လည်ပတ်ပြီး  သာယာလှပသော Su Moon ရေကန်ကြီးတွင် လှေစီးရင်း အေးချမ်းစွာ အနားယူပါမည်။ နေ့လည်စာနှင့် ညစာကို Local Restaurant တွင် မြိန်ယှက်စွာသုံးဆောင်ပြီး ညပိုင်းတွင် ဟိုတယ်သို့ အေးချမ်းစွာ ပြန်လည်အိပ်စက် အနားယူပါမည်။ 
 twn 07twn 08twn 09

Day 4       Sun Moon Lake – Kaohsiung (3~ 3.5 hours by drive)     (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ထိုင်ဝမ်မြို့တောင်ပိုင်းရှိ မိုးမျှော်တိုက်ကြီးများဖြင့် ခမ်းနားကြီးကျယ် စည်ကားလှသည့်  ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သော Kaohsiung သို့ ထွက်ခွာ ပါမည်။ Kaohsiung သို့ရောက်ရှိပါက ဒတ်ချ်တို့၏ ကင်းစခန်းတစ်ခုဖြစ်ခဲ့သော Chicken tower,  တရုတ်လူမျိုး အတွေးခေါ် ပညာရှင်ကြီးဖြစ်သော ကွန်ဖြူးရှပ်အမှတ်တရ ဆောက်လုပ်ထားသော Confucian Temple, ဒတ်ချ်အရှေ့အိန္ဒိယတို့ ခံတပ်တည်ဆောက်ခဲ့သည့် နေရာတစ်ခုဖြစ်ပြီး ရိုးရာအစားအစာများ စုံလင်စွာတွေ့ရှိနိုင်သော  Anpin old street စသည့်နေရာများသို့ သွားရောက်လည်ပတ်ပါမည်။ထို့နောက် နေ့လည်စာသုံးဆောင်ပြီး တီထွင် ဆန်းသစ်ထားသည့် မော်ဒန်အနုပညာ လက်ရာရုပ်ထုများ ၊   ပန်းချီပြခန်းများရှိရာ Pier-2 Art Center ၊ ထိုင်ဝမ်မြို့တွင်သာမက အရှေ့အာရှတွင် အကြီးဆုံး Shopping Mall တစ်ခုဖြစ်သော Dream Mall တို့ကိုလည်း ပျော်ရွှင်စွာ လည်ပတ်ကြပါမည်။ ညစာကို Local Restaurant တွင် မြိန်ယှက်စွာ သုံးဆောင်ပြီး ဟိုတယ်သို့ အေးချမ်းစွာ ပြန်လည်အိပ်စက် အနားယူပါမည်။ 
 twn 10twn 11twn 12

Day 5 Kaohsiung – Taichung (2.5 ~ 3 hours by drive)                (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီး ကြည်ညိုဖွယ်ကောင်းလှသော ဘုရားဆင်းတုတော်ကြီးများ ရှိရာ Fosuanshan Monastery နှင့် the Main Shrine, ရှေးခေတ် ဗုဒ္ဓဆင်းတုတော်များနှင့် အနုပညာလက်ရာများရှိရာ Buddhist Museum ,  ဗုဒ္ဓဆင်းတုတော်များစွာ ထုလုပ်ထားသော Grand Buddha Land စသည့်နေရာများအား သွားရောက်လေ့လာပါမည်။ ထို့နောက် နေ့လည်စာကို Local Restaurant တွင် သုံးဆောင်ပြီး   စက်မှုလုပ်ငန်းများ တိုးတက်ထွန်းကားရာ မြို့တစ်ခုဖြစ်သော Taichung မြို့သို့ ကားဖြင့်ခရီးဆက်ပါမည်။ Taichung မြို့သို့ ရောက်ရှိပါက ခေတ်မီဆန်းပြားလှသော ဒီဇိုင်းဖြင့် တည်ဆောက်ထားသော National Taichung Theater နှင့် အစားအသောက် ၊ အဝတ်အထည် ၊ အသုံးအဆောင်ပစ္စည်းများ စုံလင်စွာ ၀ယ်ယူနိူင်သော Fenjia Night Market သို့ပျော်ရွှင်စွာ သွားရောက်လည်ပတ်ပါမည်။ ညစာကို Local Restaurant တွင် မြိန်ယှက်စွာ သုံးဆောင်ပြီး Taichung မြို့ရှိ စီစဉ်ထားသော ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။ 
 twn 13twn 14twn 15

Day 6 Taichung – Taipei (2.5 ~ 3 hours by drive) – Yangon                 (B/-/-)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် တိုင်ပေမြို့သို့ ပြန်လည်ထွက်ခွာပြီး တိုင်ပေအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန်မြို့သို့ စိတ်အေးချမ်းသာစွာ ပြန်လည်ထွက်ခွာပါမည်။  
 
 
*** ပျော်ရွှင်ဖွယ်ရာ ခရီးစဉ်ပြီးဆုံးပါပြီ ***
 
 ခရီးစဉ်အတွင်း ပါဝင်သောဝန်ဆောင်မှုများ  ခရီးစဉ်အတွင်း မပါဝင်သောဝန်ဆောင်မှုများ
  • လေယာဉ်လက်မှတ် အသွားအပြန်(Yangon–Taipei-Yangon)
  • 3*အဆင့်ရှိ ဟိုတယ်တွင် တည်းခိုခ (နှစ်ယောက်တစ်ခန်း)
  • ခရီးစဉ်တွင် ဖေါ်ပြထားသော နံနက်စာ၊ နေ့လည်စာ နှင့် ညစာများ
  • ခရီးစဉ်အတွင်း လည်ပတ်မည့် ကား(with A/C & Free Wi-Fi)
  • ခရီးစဉ်အတွင်း ဖော်ပြထားသော နေရာများ၏ ၀င်ကြေးများ
  • ဗီဇာကြေး နှင့် ဗီဇာဝင်ဆောင်မှုများ
  • ရေသန့်ဗူးနှင့် စနိုးတာဝါများ
  • MIA မှ Myanmar Tour Leader နှင့် Taipei ရှိ Guide
  • ခရီးစဉ်အတွင်း မဖော်ပြထားသောနေရာများ နှင့် အခြားသော ၀န်ဆောင်မှုများ
  • မိမိကိုယ်ပိုင်အသုံးအခများ (Telephone, Laundry,Mini Bar, etc…)
  • ခရီးစဉ်အတွင်းမပါ၀င်သော အဖျော်ယမကာ၊ အပူ၊ အအေးနှင့် စားသောက်ဖွယ်ရာများ
  • Early Check-In နှင့် Late Check-Out များ
  • ခရီးသွား အာမခံများ
  • လေယာဉ်အတွင်း ၀န်ပိုသယ်ဆောင်ခ

Book Now

 

Want to help us?