vietnam

  

Vietnam SAI GON ~ MUI NE ~ DALAT ~ SAI GON ( 5Days / 4Nights )

vietnam flage

VNM - 001

Day 01 Yangon – Sai Gon    (-/-/D)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နေ့လည် 13:00 တွင် Vietjet Airline ဖြင့် ဗီယက်နမ်နိုင်ငံ ဆိုင်ဂုံမြို့သို့ ထွက်ခွာပြီး 15:45 နာရီတွင် ဆိုင်ဂုံမြို့ရှိ Tan Son Nhat Airport သို့ ရောက်ရှိပါမည်။ လေဆိပ်တွင် ဒေသခံဧည့်လမ်းညွှန်မှ နွေးထွေးစွာ လာရောက်ကြိုဆိုပြီး စီစဉ်ထားသော ဟိုတယ်တွင် Check in ၀င်ပါမည်။ ထို့နောက် ခေတ္တအနားယူ အပန်းဖြေကာ Local Restaurant တွင် ညစာသုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးနောက် Ben Thanh Night market တွင် ပျော်ရွှင်စွာ လည်ပတ်စျေးဝယ်ပြီး ဟိုတယ်သို့ အေးချမ်းစွာ ပြန်လည်အိပ်စက် အနားယူပါမည်။ 
 vnm 01vnm 02vnm 03

Day 02 Sai Gon – Mui Ne (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ပြန်လည်ပေါင်းစည်းရေး နန်းတော်သို့ သွားရောက်၍ တောင်တရုတ်ပင်လယ် နှင့် ထိစပ်နေသော ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သည့် Mui Ne မြို့သို့ ထွက်ခွာပါမည်။ လမ်းခရီး၌ Takou တောင်ပေါ်တွင် တည်ထားသော ဘုရားများအား နှင့် Linh Son ဘုရားရှိရာ သို့Cable car စီးပြီး သာယာလှပသော ရှုခင်းများ ကြည့်ရှုရင်း သွားရောက်လေ့လာပါမည်။ ထို့နောက် ချန်မင်းဆက်တို့ တည်ဆောက်ခဲ့သော Poshanur Tower နှင့်  အနီးရှိ နဂါးမောက်သီးခြံ များအား ၀င်ရောက် လည်ပတ်ရင်း နဂါးမောက်သီးများအား မြည်းစမ်းသုံးဆောင်ပါမည်။ မွေ့နဲ သို့ ရောက်ရှိပါက Local Restaurant တွင် နေ့လည်စာ သုံးဆောင်ရင်း ခေတ္တအနားယူပါမည်။ ပြီးနောက် သဲဖြူ၊သဲနီ ကန္တာရ တောင်ကုန်းများ ပေါ်တွင် သဲလျှောစီးခြင်း၊ အမှတ်တရဓာတ်ပုံများ ရိုက်ကူးခြင်း စသည်ဖြင့် ပျော်ရွှင်စွာ လည်ပတ်ကြပါမည်။ ဆက်လက်၍ ကမ်းခြေအနီးရှိ တံငါရွာလေးများအား သွားရောက်လည်ပတ်ပြီး ကြည်လင်သန့်ရှင်း၍ သာယာလှပသော မွေ့နဲကမ်းခြေ တွင် ပျော်ရွင်စွာ ရေဆော့ကစားကြပါမည်။ 
ညနေခင်းတွင်  သန့်ရှင်းလတ်ဆက်သော ပင်လယ်စာများဖြင့် ညစာ သုံးဆောင်ပြီး Phan Thiet ကမ်းရိုးတန်းမြို့လေး ၏ ညချမ်းအား လှည့်လည်ကြည့်ရှုပါမည်။ ထို့နောက်စီစဉ်ထားသော ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
 vnm 04vnm 05vnm 06

Day 03                   Mui Ne – Da Lat   (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ဗီယက်နမ်နိုင်ငံ တောင်ပိုင်း၏ အဓိကမြို့တော်ဖြစ်သော ဒါလက်မြို့သို့ ခရီးဆက်ပါမည်။ ဒါလက်မြို့သို့ရောက်ရှိပါက Local Restaurant တွင် နေ့လည်စာသုံးဆောင်ပြီးနောက် စီစဉ်ထားသော ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် Bao Dai ဘုရင်၏ နွေရာသီ အပန်းဖြေ အနားယူရာ နန်းတော်Domain De Marie Churchဒါလက်မြို့၏ နာမည်ကျော် ဒါတန်လာ ရေတံခွန်Trus Lam Pagoda ၊ Tuyen Lam ရေကန် နှင့် ရှေးဟောင်းတရုတ်ဘုံကျောင်း သို့သွားရောက်လည်ပတ်ပါမည်။ ညစာကို Local Restaurant တွင် မြိန်ယှက်စွာ သုံးဆောင်ပြီး   ဒါလက်ညစျေး တွင် ပျော်ရွှင်စွာ လည်ပတ်စျေးဝယ်ထွက်ပါမည်။ ထို့နောက် စီစဉ်ထားသော ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။ 
 vnm 07vnm 08vnm 09

Day 04 Da Lat – Sai Gon (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် မှော်အိမ်ဆန်ဆန် ဆောက်လုပ်ထားသော Crazy House ၊ ဗီယက်နမ်လူမျိုးချစ်သူစုံတွဲအများစု အမှတ်တရဓာတ်ပုံလာရောက် ရိုက်ကူးလေ့ရှိပြီး ဥရောပနိုင်ငံကဲ့သို့ ဖန်တီးထားသည့် သာယာလှပသော Valley of LoveXuan Huong ရေကန်  စသည့်နေရာများသို့ ပျော်ရွှင်စွာ သွားရောက်လည်ပတ်ရင်း အမှတ်တရဓာတ်ပုံများ ရိုက်ကူးပါမည်။ လမ်းခရီးရှိ  Local Restaurant တွင် နေ့လည်စာ သုံးဆောင်ပြီး ဆိုင်ဂုံ မြို့သို့ ပြန်လည်ထွက်ခွာပါမည်။ ဆိုင်ဂုံမြို့သို့ ရောက်ရှိပါက ဆိုင်ဂုံမြို့၏ နာမည်ကျော် စာတိုက်ကြီးNotre Dame Cathedral ၊ War Museum နှင့် Ben Thanh market စသည့်နေရာများသို့ လည်ပတ်လေ့လာပါမည်။ ညစာကို Local Restaurant တွင် မြိန်ယှက်စွာသုံးဆောင်ပြီး Sai Gon မြို့ ညချမ်းအား လွတ်လပ်စွာ လည်ပတ်ကြည့်ရှုကြပါမည်။ ထို့နောက် ဟိုတယ်သို့ အေးချမ်းစွာ ပြန်လည် အိပ်စက်အနားယူပါမည်။ 
 vnm 10vnm 11vnm 12

Day 05 Sai Gon – Yangon         (B/-/-)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ဟိုတယ်မှ Check out ထွက်ကာ Tan Son Nhat အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ စိတ်အေးချမ်းသာစွာ ပြန်လည်ထွက်ခွာပါမည်။ 
 vnm 13vnm 14vnm 15
 
 
*** ပျော်ရွှင်ဖွယ်ရာ ခရီးစဉ်ပြီးဆုံးပါပြီ ***
 
 ခရီးစဉ်အတွင်း ပါဝင်သောဝန်ဆောင်မှုများ  ခရီးစဉ်အတွင်း မပါဝင်သောဝန်ဆောင်မှုများ
  • လေယာဉ်လက်မှတ် အသွားအပြန် (Yangon-Sai Gon -Yangon)
  • 3*အဆင့်ရှိ ဟိုတယ်တွင် တည်းခိုခ (နှစ်ယောက်တစ်ခန်း)
  • ခရီးစဉ်တွင် ဖေါ်ပြထားသော နံနက်စာ၊ နေ့လည်စာ နှင့် ညစာများ
  • ခရီးစဉ်အတွင်း လည်ပတ်မည့် ကား ( with A/C )
  • ခရီးစဉ်အတွင်း ဖော်ပြထားသော နေရာများ၏ ၀င်ကြေးများ
  • Truc Lam Pagoda သို့သွားသည့် Cable ကားခ
  • ရေသန့်ဗူးနှင့် စနိုးတာဝါများ
  • MIA မှ Myanmar Tour Leader နှင့် Vietnam ရှိ Guide
  • ခရီးစဉ်အတွင်း မဖော်ပြထားသောနေရာများ နှင့် အခြားသော ၀န်ဆောင်မှုများ
  • မိမိကိုယ်ပိုင်အသုံးအခများ (Telephone, Laundry, Mini Bar, etc…)
  • ခရီးစဉ်အတွင်းမပါ၀င်သော အဖျော်ယမကာ၊ အပူ၊ အအေးနှင့် စားသောက်ဖွယ်ရာများ
  • Early Check-In နှင့် Late Check-Out များ
  • ခရီးသွား အာမခံများ
  • လေယာဉ်အတွင်း ၀န်ပိုသယ်ဆောင်ခ

Book Now

 

Want to help us?