vietnam

Vietnam SAI GON ~ MUI NE ~ DALAT ( 5Days / 4Nights ) 

vietnam flage

VNM-002

Day 01 Yangon – Sai Gon    (-/-/D)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နေ့လည် 13:00 တွင် Vietjet Airline ဖြင့် ဗီယက်နမ်နိုင်ငံ ဆိုင်ဂုံမြို့သို့ ထွက်ခွာပြီး 15:45 နာရီတွင် ဆိုင်ဂုံမြို့ရှိ Tan Son Nhat Airport သို့ ရောက်ရှိပါမည်။ လေဆိပ်တွင် ဒေသခံဧည့်လမ်းညွှန်မှ နွေးထွေးစွာ လာရောက်ကြိုဆိုပြီး စီစဉ်ထားသော ဟိုတယ်တွင် Check in ၀င်ပါမည်။ ထို့နောက် ဆိုင်ဂုံမြို့၏ အဓိက ဘုရားကျောင်းတစ်ခုဖြစ်သော the neo-Romanesque Notre Dame Cathedral, ကမ္ဘာကျော် Eiffel Tower ကြီး၏ ဗိသုကာ ပညာရှင်ကြီး ကိုယ်တိုင် ဒီဇိုင်းဆွဲပေးခဲ့သော Central Post Office အစရှိသည့် နေရာများသို့ သွားရောက် လည်ပတ်ပါမည်။ ညစာကို ဆိုင်ဂုံမြစ်တွင် Ben Nghe cruise စီးရင်း အေးချမ်းစွာ သုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးနောက် Ben Thanh Night market တွင် ပျော်ရွှင်စွာ လည်ပတ်စျေးဝယ်ပြီး ဟိုတယ်သို့ အေးချမ်းစွာ ပြန်လည်အိပ်စက် အနားယူပါမည်။ 
 vnm 16vnm 17vnm 03

Day 02 Sai Gon – Mui Ne (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် တောင်တရုတ်ပင်လယ် နှင့် ထိစပ်နေသော ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သည့်Mui Ne မြို့သို့ ထွက်ခွာပါမည်။ မွေ့နဲမြို့သို့ရောက်ပါက Local restaurant တွင် နေ့လည်စာသုံးဆောင်ပြီး နေရောင်ခြည်ကြောင့်  အနီရောင် စမ်းချောင်းကဲ့သို့ ဖြစ်ပေါ်နေသော Fairy Stream , တံငါရွာငယ်လေးများ ၊ သဲဖြူ၊သဲနီ ကန္တာရ တောင်ကုန်းများ ပေါ်တွင် သဲလျှောစီးခြင်း၊ အမှတ်တရဓာတ်ပုံများ ရိုက်ကူးခြင်း စသည်ဖြင့် ပျော်ရွှင်စွာ လည်ပတ်ပြီး ဟိုတယ်သို့ ပြန်လာပါမည်။ ညနေခင်းတွင် မွေ့နဲကမ်းခြေ ၌ ပျော်ရွှင်စွာရေဆော့ကစားပြီး ညစာကို Local Restaurant တွင် သုံးဆောင်ပါမည်။ ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာ ပြန်လည်အိပ်စက် အနားယူပါမည်။ 
 vnm 18vnm 05vnm 06

Day 03                   Mui Ne – DaLat   (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ပင်လယ်ကမ်းခြေမြို့ ဖြစ်သော မွေ့နဲမြို့မှ တောင်ပေါ်စခန်းမြို့လေးဖြစ်သော Dalat မြို့သို့ ထွက်ခွာပါမည်။ နေ့လည်စာကို Local Restaurant တွင် သုံးဆောင်ပြီး Truc Lam ဘုရားရှိရာသို့ သွားရောက်ဖူးမြော်ကာ Robin Hill တောင်ပေါ်သို့ Cable car စီးပြီး သွားရောက်ပါမည်။ပြီးနောက် Truc Lam ဘုရားဖူးမြော်ပြီး တောင်ပေါ်မှ အလှဆုံးသော ရှုခင်းများကို ကြည့်ရှုခံစားပါမည်။ထိုမှတဆင့် Bao Dai ဘုရင်မိသားစု အပန်းဖြေ အနားယူရာ Bao Dai Palace,  မှော်အိမ်ဆန်ဆန် ဆောက်လုပ်ထားသော Crazy House စသည့်နေရာများကို သွားရောက်လည်ပတ်ပြီး ညစာကို Local Restaurant တွင် သုံးဆောင်ပါမည်။ထို့နောက် ဟိုတယ်တွင် Check in ၀င်၍ ခေတ္တအနားယူပြီး Dalat Night Market တွင် ပျော်ရွှင်စွာ လည်ပတ်စျေးယ်ထွက်ပါမည်။ ပြီးနောက် ဟိုတယ်တွင် အေးချမ်းစွာ ပြန်လည်အိပ်စက် အနားယူပါမည်။ 
 vnm 19vnm 07vnm 20

Day 04 Da Lat – Sai Gon (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ဗီယက်နမ်လူမျိုးချစ်သူစုံတွဲအများစု အမှတ်တရဓာတ်ပုံလာရောက် ရိုက်ကူးလေ့ရှိပြီး ရောင်စုံ ပန်းခင်းများဖြင့် သာယာလှပသော Valley of Love နှင့် ကိုယ်တိုင်မောင်းနှင်ရသော roller coaster စီး၍ သွားရောက်ရသော Datanala ရေတံခွန်ရှိရာသို့ သွားရောက်လည်ပတ်ပါမည်။ လမ်းခရီးရှိ  Local Restaurant တွင် နေ့လည်စာ သုံးဆောင်ပြီး ဆိုင်ဂုံ မြို့သို့ ပြန်လည်ထွက်ခွာပါမည်။ ဆိုင်ဂုံမြို့သို့ ရောက်ရှိပါက Local Restaurant တွင် ညစာသုံးဆောင်ပြီး Sai Gon မြို့ ညချမ်းအား လွတ်လပ်စွာ လည်ပတ်ကြည့်ရှုကြပါမည်။ ထို့နောက် ဟိုတယ်သို့ အေးချမ်းစွာ ပြန်လည် အိပ်စက်အနားယူပါမည်။ 
 vnm 21vnm 09vnm 22

Day 05 Sai Gon – Yangon         (B/-/-)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ဟိုတယ်မှ Check out ထွက်ကာ Tan Son Nhat အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ စိတ်အေးချမ်းသာစွာ ပြန်လည်ထွက်ခွာပါမည်။ 
 
 
*** ပျော်ရွှင်ဖွယ်ရာ ခရီးစဉ်ပြီးဆုံးပါပြီ ***
 
 ခရီးစဉ်အတွင်း ပါဝင်သောဝန်ဆောင်မှုများ  ခရီးစဉ်အတွင်း မပါဝင်သောဝန်ဆောင်မှုများ
  • လေယာဉ်လက်မှတ် အသွားအပြန် (Yangon-Sai Gon -Yangon)
  • 3*အဆင့်ရှိ ဟိုတယ်တွင် တည်းခိုခ (နှစ်ယောက်တစ်ခန်း)
  • ခရီးစဉ်တွင် ဖေါ်ပြထားသော နံနက်စာ၊ နေ့လည်စာ နှင့် ညစာများ
  • ခရီးစဉ်အတွင်း လည်ပတ်မည့် ကား ( with A/C )
  • ခရီးစဉ်အတွင်း ဖော်ပြထားသော နေရာများ၏ ၀င်ကြေးများ
  • Truc Lam Pagoda သို့သွားသည့် Cable ကားခ
  • ရေသန့်ဗူးနှင့် စနိုးတာဝါများ
  • MIA မှ Myanmar Tour Leader နှင့် Vietnam ရှိ Guide
  • ခရီးစဉ်အတွင်း မဖော်ပြထားသောနေရာများ နှင့် အခြားသော ၀န်ဆောင်မှုများ
  • မိမိကိုယ်ပိုင်အသုံးအခများ (Telephone, Laundry, Mini Bar, etc…)
  • ခရီးစဉ်အတွင်းမပါ၀င်သော အဖျော်ယမကာ၊ အပူ၊ အအေးနှင့် စားသောက်ဖွယ်ရာများ
  • Early Check-In နှင့် Late Check-Out များ
  • ခရီးသွား အာမခံများ
  • လေယာဉ်အတွင်း ၀န်ပိုသယ်ဆောင်ခ
  • သဲဖြူကန္တာရတွင် Jeep ကားစီးခြင်း

Book Now

 

Want to help us?