vietnam

Vietnam SAI GON ~ MUI NE ~ DALAT ( 5 Days / 4 Nights )

vietnam flage

VNM - 003

Day 01 Yangon – Sai Gon    (-/-/D)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နေ့လည် 13:00 တွင် Vietjet Airline ဖြင့် ဗီယက်နမ်နိုင်ငံ ဆိုင်ဂုံမြို့သို့ ထွက်ခွာပြီး 15:45 နာရီတွင် ဆိုင်ဂုံမြို့ရှိ Tan Son Nhat Airport သို့ ရောက်ရှိပါမည်။ လေဆိပ်တွင် ဒေသခံဧည့်လမ်းညွှန်မှ နွေးထွေးစွာ လာရောက်ကြိုဆိုပြီး ဆိုင်ဂုံမြို့၏ အဓိက ဘုရားကျောင်းတစ်ခုဖြစ်သော the neo-Romanesque Notre Dame Cathedral, ကမ္ဘာကျော် Eiffel Tower ကြီး၏ ဗိသုကာ ပညာရှင်ကြီး ကိုယ်တိုင် ဒီဇိုင်းဆွဲပေးခဲ့သော Central Post Office, ဆိုင်ဂုံမြို့တော်ခန်းမ အစရှိသည့် နေရာများသို့ သွားရောက် လည်ပတ်ပါမည်။ ညစာကို ဆိုင်ဂုံမြစ်တွင် Ben Nghe cruise စီးရင်း အေးချမ်းစွာ သုံးဆောင်ပါမည်။ ထို့နောက် စီစဉ်ထားသော ဟိုတယ်သို့ Check In ၀င်၍ အေးချမ်းစွာ အိပ်စက် အနားယူပါမည်။ (သို့) Ben Thanh Night Market တွင် ပျော်ရွှင်စွာ လည်ပတ်စျေးဝယ်ထွက်ပြီး ဟိုတယ်သို့ အေးချမ်းစွာ ပြန်လည်အိပ်စက် အနားယူပါမည်။ 
 vnm 16vnm 17vnm 23

Day 02 Sai Gon – Phan Thiet     (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် တောင်တရုတ်ပင်လယ် နှင့် ထိစပ်နေသော မွေ့နဲမြို့သို့ ထွက်ခွာပါမည်။ လမ်းခရီး၌ Ta Cu  တောင်ပေါ်တွင် တည်ထားသော ဘုရားများအား နှင့် Linh Son Truong Tho  ဘုရားရှိရာ သို့Cable car စီးပြီး သာယာလှပသော ရှုခင်းများ ကြည့်ရှုရင်း သွားရောက်လေ့လာပါမည်။ ထို့နောက် နေ့လည်စာကို Local Restaurant တွင် သုံးဆောင်ပြီး နဂါးမောက်သီးခြံများ နှင့် Phan Thiet မြို့ ရှိ ၀ိုင်နီများ ထုတ်လုပ်ရာ Red Wine Castle တိုု့အား လည်ပတ်လေ့လာပါမည်။  ပြီးနောက် ကမ်းခြေအနီးရှိ တံငါရွာလေးများအား သွားရောက်လည်ပတ်ရင်း နေဝင်ဆည်းဆာအလှကို ကြည့်ရှုခံစားပါမည်။ ထို့နောက် ဖန်သက် မြို့ရှိ စီစဉ်ထားသော ဟိုတယ်တွင် Check In ၀င်ပြီး ညစာကို Cay Nhan restaurant တွင် သန့်ရှင်းလတ်ဆက်သော ပင်လယ်စာများဖြင့် ညစာသုံးဆောင်ပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ အေးချမ်းစွာ ပြန်လည် အိပ်စက်အနားယူပါမည်။ 
 vnm 24vnm 25vnm 26

Day 03                   Phan  Thiet – Dalat     (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ဗီယက်နမ်နိုင်ငံ တောင်ပိုင်း၏ အဓိကမြို့တော်ဖြစ်သော ဒါလက်မြို့သို့ ခရီးဆက်ပါမည်။ ဒါလက်မြို့သို့ ရောက်ရှိပါက Dalat Restaurant တွင် နေ့လည်စာ သုံးဆောင်ပြီးနောက် Bao Dai ဘုရင်မိသားစု နွေရာသီစံအိမ်ဒါလက်မြို့၏ နာမည်ကျော် ဒါတန်လာ ရေတံခွန် နှင့်  Slide Coaster ရွံ့စေးများဖြင့်  ရုပ်ထုကြီးများပန်းခြံအိမ်ကလေးများ၊ ရေကန်ကလေးများ  ပြုလုပ်ထားသော Clay Sculpture Tunnel ၊ Domain De Marie Church စသည့်နေရာများသို့  ပျော်ရွှင်စွာ သွားရောက်လည်ပတ်ပါမည်။ ပြီးနောက် Dalat မြို့လယ်ရှိ Xuan Huong ရေကန် နှင့် ပြင်သစ်တို့၏ အခြေစိုက်ရုံးများအနေဖြင့် ဆောက်လုပ်ခဲ့ရာ ပြင်သစ်လက်ရာ အဆောက်အဦးများအား ကားဖြင့် လည်ပတ်ကြည့်ရှုပါမည်။ ညစာကို Nha Toi Restaurant တွင် မြိန်ယှက်စွာ သုံးဆောင်ပြီး   ဒါလက်ညစျေး တွင် ပျော်ရွှင်စွာ လည်ပတ်စျေးဝယ်ထွက်ပါမည်။ ထို့နောက် စီစဉ်ထားသော ဟိုတယ်တွင် Check in ၀င်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။ 
 vnm 07vnm 22vnm 27

Day 04 Da Lat – Sai Gon (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် တောင်ပေါ်ဒေသ၏ သန့်ရှင်းလက်ဆက်သော လေပြေလေအေးများ ခံစားရင်း ဒါလက်စျေးသို့ ပျော်ရွှင်စွာ လည်ပတ်စျေးဝယ်ထွက်ပါမည်။ ထို့နောက် ဟိုတယ်မှ Check Out ထွက်ကာ ဇန်ဗုဒ္ဓဘာသာဘုရားကျောင်း တစ်ခုဖြစ်သော Truc Lam Thein နှင့် Tuyen Lam Lake သို့ သွားရောက်လည်ပတ်ပြီး ဆိုင်ဂုံမြို့သို့ ပြန်လည်ထွက်ခွာလာပါမည်။ နေ့လည်စာကို  လမ်းခရီးရှိ Tam Chau Restaurant တွင် သုံးဆောင်ပြီး ဆိုင်ဂုံမြို့သို့ ပြန်လည်ရောက်ရှိပါက Ben Thanh Market နှင့် Vincom Shopping centre တို့တွင် ပျော်ရွှင်စွာ လည်ပတ်စျေးဝယ်ထွက်ပါမည်။ ညစာကို Saigon 3 Restaurant တွင် တရုတ်ရိုးရာအစားအစာဖြင့် သုံးဆောင်ပြီး ဆိုင်ဂုံမြို့ရှိ Hotel တွင် Check In ၀င်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။ 
 vnm 19vnm 28vnm 03

Day 05 Sai Gon – Yangon           (B/-/-)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ဟိုတယ်မှ Check out ထွက်ကာ Tan Son Nhat အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ စိတ်အေးချမ်းသာစွာ ပြန်လည်ထွက်ခွာပါမည်။  
 
 
*** ပျော်ရွှင်ဖွယ်ရာ ခရီးစဉ်ပြီးဆုံးပါပြီ ***
 
 ခရီးစဉ်အတွင်း ပါဝင်သောဝန်ဆောင်မှုများ  ခရီးစဉ်အတွင်း မပါဝင်သောဝန်ဆောင်မှုများ
  • လေယာဉ်လက်မှတ် အသွားအပြန်(Yangon-Sai Gon -Yangon)
  • 3*အဆင့်ရှိ ဟိုတယ်တွင် တည်းခိုခ (နှစ်ယောက်တစ်ခန်း)
  • ခရီးစဉ်တွင် ဖေါ်ပြထားသော နံနက်စာ၊ နေ့လည်စာ နှင့် ညစာများ
  • ခရီးစဉ်အတွင်း လည်ပတ်မည့် ကား ( with A/C )
  • ခရီးစဉ်အတွင်း ဖော်ပြထားသော နေရာများ၏ ၀င်ကြေးများ
  • Truc Lam Pagoda သို့သွားသည့် Cable ကားခ
  • ရေသန့်ဗူးနှင့် စနိုးတာဝါများ
  • MIA မှ Myanmar Tour Leader နှင့် Vietnam ရှိ Guide
  • ခရီးစဉ်အတွင်း မဖော်ပြထားသောနေရာများ နှင့် အခြားသော ၀န်ဆောင်မှုများ
  • မိမိကိုယ်ပိုင်အသုံးအခများ (Telephone, Laundry,Mini Bar, etc…)
  • ခရီးစဉ်အတွင်းမပါ၀င်သော အဖျော်ယမကာ၊ အပူ၊ အအေးနှင့် စားသောက်ဖွယ်ရာများ
  • Early Check-In နှင့် Late Check-Out များ
  • ခရီးသွား အာမခံများ
  • လေယာဉ်အတွင်း ၀န်ပိုသယ်ဆောင်ခ

Book Now

 

Want to help us?