vietnam

 

Sai Gon - Cu Chi (4 Days /3 Nights) 

vietnam flage

VNM-004

Day 01 ရန်ကုန် - ဟိုချီမင်း     (D)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဗီယက်နမ် လေကြောင်းလိုင်းဖြင့် နေ့လည်ပိုင်း တွင်စတင်ထွက်ခွါ၍ ညပိုင်းတွင် ဗီယက်နမ်နိုင်ငံဟိုချီမင်း မြို့သို့ရောက်ရှိပါမည်။ ဧည့်လမ်းညွှန်မှ လေဆိပ်တွင်လာရောက် ကြိုဆိုနှုတ်ဆက်ပြီး တည်းခိုမည့် ဟိုတယ် သို့ ပို့ဆောင်ပါမည်။ ညနေပိုင်းတွင် Ben Thanh ဈေးသို့ ဈေးဝယ်ထွက်ပြီး ညစာကို စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။
Night Over - Le Duy Hotel (or) Similar
 vietnam 44

Day 02 ဟိုချီမင်း - ကူချီ (B/L/D)   

နံနက်စာကို ဟိုတယ်၏ စားသောက်ခန်းတွင် သုံးဆောင်ပြီးနောက် Cu Chi Tunnels သို့ ထွက်ခွါပါမည်။ Cu Chi ကိုတော့ ဗီယက်နမ်စစ်ပွဲအတွင်း ဗီယက်နမ်ပြောက်ကျားတပ်သားများမှ တူးဖေါ်တည်ဆောက်ခဲ့၍ မီတာ၂၀ဝ အရှည်ရှိပြီး အမေရိကန်တပ်နှင့် ဗီယက်နမ်တပ်များကို စစ်ရိက္ခါများ ပိုမိုထောက်ပံနိုင်ရန် မြေအောက်ဆက်သွယ်ရေးဥမင်နှင့် ဗုံးခိုကျင်းအဖြစ် သုံးပြုခဲ့သည့် နေရာဟု လူသိများသည်။ နေ့လည်စာကို Ben Nay Restaurant တွင်သုံးဆောင်ပါမည်။ ထို့နောက် Sai Gon သို့ပြန်ကာ Sai Gon Square တွင် ဈေးဝယ်ရန်အတွက် အချိန်ပေးထားပြီးနောက် ညစာသုံးဆောင်ကြပါမည်။ ထို့နောက် ဟိုတယ်သို့ပြန်ကာ အိပ်စက်အနားယူနိုင်ပါသည်။
Night Over - Le Duy Hotel (or) Similar

 vietnam 45

Day 03   ဟိုချီမင်း (B/L/D)

နံနက်စာကို ဟိုတယ်၏ စားသောက်ခန်းတွင် သုံးဆောင်ပြီးနောက် Reunification Palace ဟု လူသိများသည့် သမ္မတအိမ်တော်ဟောင်း၊ ပြစ်သစ်ကိုလိုနီတို့ မှ စစ်အောင်ခြင်းအထိမ်းမှတ်ဖြင့် တည်ဆောက်ခဲ့သော Notre Dame Cathedral၊ ကိုလိုနီလက်ရာများဖြင့် ကျော်ကြားသော ရှေးဟောင်းအဆောက်ဦးများတွင် တစ်ခု အပါဝင်ဖြစ်သည့် စာတိုက်ကြီး Central Post Office နှင့် အော်ပရာဇာတ်ရုံ အစရှိသည်တို့ကို လည်ပတ်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် စစ်သမိုင်းပြတိုက်တွင် လေ့လာပြီး China Town တွင်လည်ပတ်၍ အမှတ်တရဓါတ်ပုံများရိုက်ကူးကြပါမည်။ ညနေပိုင်းတွင် Ben Thanh Night Market တွင် ဈေးဝယ်ထွက်ပါမည်။ ညစာကို စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။
Night Over - Le Duy Hotel (or) Similar
 vietnam 46

Day 04 ဟိုချီမင်း - ရန်ကုန် (B)

နံနက်စာကို ဟိုတယ်၏ စားသောက်ခန်းတွင် သုံးဆောင်ပါမည်။ မနက်ပိုင်းလေယာဉ်ဖြင့် ဟိုချီမင်းလေဆိပ်မှ ရန်ကုန်မြို့ သို့ ပြန်လည်ထွက်ခွာပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ချိန်တွင် ခရီးစဉ်ပြီးဆုံးပါမည်။
 
 
*** ပျော်ရွှင်ဖွယ်ရာ ခရီးစဉ်ပြီးဆုံးပါပြီ ***
 
 ခရီးစဉ်အတွင်း ပါဝင်သောဝန်ဆောင်မှုများ  ခရီးစဉ်အတွင်း မပါဝင်သောဝန်ဆောင်မှုများ
  • လေယာဉ်လက်မှတ် အသွားအပြန် (Yangon-Sai Gon)
  • 3*အဆင့်ရှိ ဟိုတယ်တွင် တည်းခိုခ (နှစ်ယောက်တစ်ခန်း)
  • ခရီးစဉ်တွင် ဖေါ်ပြထားသော နံနက်စာ၊ နေ့လည်စာ နှင့် ညစာများ
  • ခရီးစဉ်အတွင်း လည်ပတ်မည့် ကား ( with A/C )
  • ခရီးစဉ်အတွင်း ဖော်ပြထားသော နေရာများ၏ ဝင်ကြေးများ
  • ရေသန့်ဗူးနှင့် စနိုးတာဝါများ
  • MIA မှ Myanmar Tour Leader နှင့် Vietman ရှိ Guide
  • ခရီးစဉ်အတွင်း မဖော်ပြထားသောနေရာများ နှင့် အခြားသော ဝန်ဆောင်မှုများ
  • မိမိကိုယ်ပိုင်အသုံးအခများ (Telephone, Laundry,Mini Bar, etc…)
  • ခရီးစဉ်အတွင်းမပါဝင်သော အဖျော်ယမကာ၊ အပူ၊ အအေးနှင့် စားသောက်ဖွယ်ရာများ
  • Early Check-In နှင့် Late Check-Out များ
  • ခရီးသွား အာမခံများ
  • လေယာဉ်အတွင်း ဝန်ပိုသယ်ဆောင်ခ

Book Now

 

Want to help us?