vietnam

  Hanoi – Halong on Cruise – Ninh Binh Tam Coc Cave Truong An  
4Nights / 5Days  

vietnam

TOUR CODE: VNM-006

Day 01     Yangon - Ha Noi Arrival     (-/-/D)

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိပါမည်။ လေဆိပ်တွင် ဒေသခံဧည့်လမ်းညွန်မှ နွေးထွေးစွာလာရောက်ကြိုဆိုပြီး ဟနွိုင်းမြို့လယ်ရှိ ထင်ရှားလှသော West Lake သို့သွားရောက်လည်ပတ်ပါမည်။ ထို့နောက် ဗီယက်နမ်နိုင်ငံ၏ ရှေးအကျဆုံးဘုရားဖြစ်သော Tran Quoc Temple ၊ ဟနွိုင်းမြို့၏အထင်ကရနေရာများဖြစ်သော President Palace ၊ Ba Dinh Square ၊ One Pillar Pagoda စသည့်နေရာများကို စိတ်ဝင်စားစွာသွားရောက်လေ့လာပါမည်။ ထို့နောက် 36 Old Quarters တွင်ပျော်ရွှင်စွာလည်ပတ် ဈေးဝယ်ထွက်ပါမည်။ ညစာကို ဟနွိုင်းမြို့ရှိ Local Restaurant တွင်မြိန်ရှက်စွာသုံးဆောင်ပြီး ရေပေါ်ရုပ်သေးအလှပြပွဲ Water Puppet Show ကိုကြည့်ရှုခံစားပါမည်။ ပြီးနောက် စီစဉ်ထားသောဟိုတယ်တွင် အေးချမ်းစွာအိပ်စက်အနားယူမည်ဖြစ်ပါသည်။

 vietnam 22vietnam 21vietnam 33

Day 02       Ha Noi ~ Ha Long On Cruise     (B/L/D)

ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးနောက် UNESCO Wold Heritage Site တစ်ခုဖြစ်ပြီး သာယာလှပသော Halong Bay သို့ ခရီးဆက်ပါမည်။ Embark Halong Cruise ပေါ်တွင် အဖျော်ယမကာများနှင့်ကြိုဆိုပြီး မိမိတည်းခိုမည့်အခန်းအား Check-In ဝင်ပါမည်။ နေ့လည်စာကို သင်္ဘောပေါ်တွင်သုံးဆောင်ရင်း သဘာဝအတိုင်းဖြစ်ပေါ်လျှက်ရှိသော ကျောက်ဆောင်များ ၊ ကျောက်စက်မိုးမျှော်များနှင့် သဘာဝအလှတရားများကိုကြည့်ရှုခံစားပါမည်။ ထို့နောက်တွင် Halong Bay အတွင်းရှိ အံ့သြဖွယ်ရာ Stalemate Cave သို့သွားရောက်လည်ပတ်လေ့လာပါမည်။ ညစာကို သင်္ဘောပေါ်ရှိ Bar ပေါ်တွင် အနားယူအပန်းဖြေရင်းသုံးဆောင်ကာ ညနေ နေဝင်ချိန်အလှအား ကြည့်ရှုခံစားပါမည်။ ထို့နောက် သင်္ဘောပေါ်ရှိစားဖိုမှူးမှ ဟင်းချက်နည်းများကိုသင်ကြားပြသပေးမည်ဖြစ်ပါသည်။ ကင်းမွန်ငါးဖမ်းခြင်း ၊ Karaoke သီချင်းသီဆိုခြင်း ၊ သင်္ဘောတစ်ဝိုက်လည်ပတ်ကာ အနားယူခြင်းများပြုလုပ်ပြီး အေးချမ်းစွာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။

 vietnam 34vietnam 05vietnam 35

Day 03       Ha Long At Hotel   (B/L/D)

နံနက်ခင်းစောစောတွင် ကျန်းမာရေးအတွက် ထိုက်ချိ ကိုယ်လက်လှုပ်ရှားမှုအား စုပေါင်းပြုလုပ်ကြပြီး နေ့သစ်ကိုကြိုဆိုကြပါမည်။ ကမ္ဘာ.အံ့ဖွယ် ၇ခုတွင်အပါအဝင်ဖြစ်သော Halong Bay ၏အလှတရားကိုကြည့်ရှုခံစားရင်း မနက်စာကိုသုံးဆောင်ပါမည်။ ထို့နောက်တွင် ကျွန်း၏အမြင့်ဆုံးနေရာသို့သွားကာ ပင်လယ်ရှုခင်းများကို အပေါ်စီးမှ ခံစားကြည့်ရှုခြင်း ၊ ကမ်းခြေပေါ်တွင် အနားယူအပန်းဖြေခြင်း ၊ စိမ်းပြာရောင်ရေကြည်ကြည်တွင် ရေကူးခြင်း စသည့်အစီအစဉ်များကိုပြုလုပ်ပါမည်။ ပြီးနောက် သင်္ဘောပေါ်သို့ပြန်လာကာ မိမိအခန်းများကို Check-Out လုပ်ပြီး ဆိပ်ကမ်းအနီးရှိ အလွန်လှပသော Bai Tho တောင်သို့သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာကိုသင်္ဘောပေါ်တွင်သုံးဆောင်ပြီး Halong မြို့ပေါ်သို့ပြန်လည်ထွက်ခွာလာပါမည်။ Halong မြို့ပေါ်ရှိ Hoang Gia Casino တွင် မိမိစိတ်ကြိုက်လေ့လာဆော့ကစားနိုင်ပါသည်။ ထို့နောက် စီစဉ်ထားသော ဟိုတယ်တွင် Check-In ဝင်ကာ ညစာသုံးဆောင်ပြီး အေးချမ်းစွာအိပ်စက်အနားယူမည်ဖြစ်ပါသည်။

 vietnam 36vietnam 37vietnam 27

Day 04       Trangan ~ Ha Noi   (B/L/D)

ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးနောက် ဗီယက်နမ်နိုင်ငံ၏ Tourist Attraction တစ်ခုဖြစ်သော Trang An တွင် လှေငယ်လေးများစီးရင်း Sang Cave, Toi Cave, Ba Giot Cave စသည့်သဘာဝလိုဏ်ဂူများအားဝင်ရောက်လေ့လာပါမည်။ နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ပြီး ဟနွိုင်းမြို့သို့ပြန်လည်ခရီးဆက်ပါမည်။ ထို့နောက်တွင် အော်ပရာတေးသီချင်းများကို ကြည့်ရှုခံစားနိုင်ရန် French Opera House သို့သွားရောက်ပါမည်။ ညစာကို Local Restaurant တွင်သုံးဆောင်ပြီး စီစဉ်ထားသော ဟိုတယ်တွင် ပြန်လည်အိပ်စက်အနားယူမည်ဖြစ်ပါသည်။

 vietnam 38vietnam 39vietnam 40

Day 05       Ha Noi Departure   (B/-/-)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် မိမိစိတ်ကြိုက်အစီအစဉ်ဖြင့် လွတ်လပ်စွာလည်ပတ်ပြီး ဟနွိုင်းမြို့မှ ရန်ကုန်မြို့သို့ စိတ်အေးချမ်းသာစွာပြန်လည်ထွက်ခွာလာပါမည်။

  

*** ပျော်ရွှင်ဖွယ်ရာ ခရီးစဉ်ပြီးဆုံးပါပြီ ***
 
 ခရီးစဉ်အတွင်း ပါဝင်သောဝန်ဆောင်မှုများ  ခရီးစဉ်အတွင်း မပါဝင်သောဝန်ဆောင်မှုများ
  • လေယာဉ်လက်မှတ် အသွားအပြန်(Yangon-Hanoi-Yangon) 
    With Emirates Airline
  • 3*အဆင့်ရှိ ဟိုတယ်တွင် တည်းခိုခ (နှစ်ယောက်တစ်ခန်း)
  • ခရီးစဉ်တွင် ဖေါ်ပြထားသော နံနက်စာ၊ နေ့လည်စာ နှင့် ညစာများ
  • ခရီးစဉ်အတွင်း လည်ပတ်မည့် ကား ( with A/C )
  • ခရီးစဉ်အတွင်း ဖော်ပြထားသော နေရာများ၏ ဝင်ကြေးများ
  • Ha Long Bay သင်္ဘောပေါ်တွင် တစ်ညတာ အိပ်စက်ခြင်း
  • Trang An တွင် လှေလှော်ခြင်း
  • ရေသန့်ဗူးနှင့် စနိုးတာဝါများ
  • MIA မှ Myanmar Tour Leader နှင့် Vietman ရှိ Guide
  • ခရီးစဉ်အတွင်း မဖော်ပြထားသောနေရာများ နှင့် အခြားသော ဝန်ဆောင်မှုများ
  • မိမိကိုယ်ပိုင်အသုံးအခများ (Telephone, Laundry,Mini Bar, etc…)
  • ခရီးစဉ်အတွင်းမပါဝင်သော အဖျော်ယမကာ၊ အပူ၊ အအေးနှင့် စားသောက်ဖွယ်ရာများ
  • Early Check-In နှင့် Late Check-Out များ
  • ခရီးသွား အာမခံများ
  • လေယာဉ်အတွင်း ဝန်ပိုသယ်ဆောင်ခ

Book Now

 

Want to help us?