vietnam

 

  Ha Noi - Halong - Ninh Binh (5Days /4Nights)  

vietnam

TOUR CODE: VNM-007

Day 01     Yangon - Ha Noi

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဗီယက်နမ်လေကြောင်းလိုင်းဖြင့် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ (19:10) pm တွင် ထွက်ခွာပြီး (21:30)pmတွင် ဟနွိုင်းမြို့ရှိ Noibai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပါမည်။ လေဆိပ်မှတဆင့် ဟနွိုင်းမြို.ရှိ စီစဉ်ထားသော ဟိုတယ်တွင် Check In ဝင်ကာ စိတ်အေးချမ်းသာစွာ အိပ်စက်အနားယူပါမည်။
Night over ~ Hanoi Delight Hotel (or) Similar

 vietnam 18vietnam 19vietnam 20

Day 02       Ha Noi - Ha Long     (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ဒေသခံဧည့်လမ်းညွှန် နှင့်အတူ ဟနွိုင်းမြို့ရှိ အထင်ကရနေရာများဖြစ်သော Ba Dinh Square, Ho Chi Minh mausoleum, The presidential Palace , House on stilt, One Pillar Pagoda, ဗီယက်နမ်နိုင်ငံ၏ ပထမဦးဆုံးတက္ကသိုလ်ဖြစ်သော Temple of Literature , Ngoc Son Temple, Hoan Kiem Lake, ဗီယက်နမ်နိုင်ငံ၏ ရှေးအကျဆုံး ဘုရားဖြစ်သော Tran Quoc Pagoda စသည့်နေရာများသို့ စိတ်ဝင်စားစွာ သွားရောက်လေ့လာမည်။ ဟနွိုင်းမြို့လယ်တွင် တည်ရှိပြီး ထင်ရှားလှသော West Lake သို့သွားရောက် လည်ပတ်ပြီး Local Restaurant တွင် နေ့လည်စာသုံးဆောင်မည်။ ထို့နောက် UNESCO World Heritage Site အဖြစ်သတ်မှတ်ခံရသော Ha Long သို့ ခရီးဆက်မည်။ Ha Long မြို့သို့ရောက်ရှိပါက စီစဉ်ထားသော ဟိုတယ်တွင် Check in ဝင်၍ ခေတ္တအနားယူ အပန်းဖြေပါမည်။ ညစာကို Ha long ရှိ Local Restaurant တွင် မြိန်ရှက်စွာသုံးဆောင်ပြီး Ha Long Night Market တွင် ပျော်ရွှင်စွာ လည်ပတ်ဈေးဝယ် ထွက်ပါမည်။ ညပိုင်းတွင် ဟိုတယ်သို့ အေးချမ်းစွာ ပြန်လည်အိပ်စက် အနားယူပါမည်။
Night over ~ New Star Halong Hotel (or) Similar

 vietnam 21vietnam 22vietnam 23

Day 03       Ha Long - Ha Noi   (B/L/D)

Hotel တွင် နံနက်စာသုံးဆောင်ပြီးနောက် UNESCO World Heritage Site တစ်ခုဖြစ်ပြီး သဘာဝအတိုင်းဖြစ်ပေါ်လျက်ရှိသော ကျောက်ဆောင်များ ကျောက်စက်မိုးမျှော်များရှိရာ သာယာလှပသော Ha Long Bay တွင် ၄ နာရီကြာမျှ သင်္ဘောစီးပြီး ကြည့်ရှုခံစားပါမည်။ Ha Long Bay တစ်လျှောက်ရှိ ထုံးကျောက်များဖြင့် ကျောက်စက်မိုးမျှော်များ ဖြစ်ပေါ်လျက်ရှိသော Thien Cung ဂူ နှင့် ဗီယက်နမ်နိုင်ငံ၏ ထင်ရှားသော ဗိုလ်ချုပ်ကြီး Tran Hung Dao နှင့် မွန်ဂိုစစ်တပ်များ တိုက်ခိုက်ခဲ့ကြသော လှပဆန်းကြယ်သော Dau go grotto ဂူ အစရှိသည့်နေရာများသို့ အေးချမ်းသာယာစွာ လှည့်လည်ကြည့်ရှုရင်း နေ့လည်စာကို သင်္ဘောပေါ်တွင် သန့်ရှင်းလက်ဆက်သော ပင်လယ်စာများဖြင့် မြိန်ရှက်စွာသုံးဆောင်ပါမည်။ သင်္ဘောစီးပြီးပါ Ha Noi မြို့သို့ ပြန်လည်ထွက်ခွာပြီး ဗီယက်နမ်ရိုးရာ ရှေးဟောင်းအငွေ့သက်များကို ခံစားရစေသော Ancient Street သို့ သွားရောက်လည်ပတ်ပါမည်။ ညစာကို Local Restaurant တွင် စားဖွယ်ရာများဖြင့် မြိန်ရှက်စွာ သုံးဆောင်ပြီး ဟိုတယ်သို့ Check in ဝင်ပါမည်။ ညပိုင်းတွင် ဟနွိုင်းမြို့တွင်း မိမိစိတ်ကြိုက်အစီစဉ်ဖြင့် လွတ်လပ်စွာလည်ပတ်နိုင်ပြီး ဟိုတယ်သို့ အေးချမ်းစွာ ပြန်လည်အိပ်စက်အနားယူပါမည်။
Night over ~ Delight Ha Noi Hotel (or) Similar

 vietnam 24vietnam 25vietnam 26

Day 04       Ha Noi ~ Ninh Binh ~ Bai Dinh Pagoda ~ Ha Noi  (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ဗီယက်နမ်နိုင်ငံတွင် အကြီးဆုံးဘုရားတစ်ဆူဖြစ်သော Ninh Binh ၊ Bai Dinh ဘုရားကြီးသို့ သွားရောက်ဖူးမြော်ပါမည်။ နေ့လည်စာကို Local Restaurant တွင် အထူးဟင်းလျာဖြစ်သော ဗီယက်နမ်အရသာ ဆိတ်သားဟင်း ဖြင့် မြိန်ရှက်စွာ သုံးဆောင်ပါမည်။ ထို့နောက် Tourist attraction တစ်ခုဖြစ်သော Trang An တွင် လှေငယ်လေးများစီးရင်း Sang Cave, Toi Cave, Ba Giot Cave စသည့် သဘာဝလိုဏ်ဂူများအား ဝင်ရောက် လေ့လာပါမည်။ ညစာကို Local Restaurant တွင် သုံးဆောင်ပြီး ညနေခင်း၌ ဟနွိုင်းမြို့တွင်း မိမိစိတ်ကြိုက်အစီစဉ်ဖြင့် လွတ်လပ်စွာလည်ပတ်နိုင်ပြီး ဟိုတယ်သို့ အေးချမ်းစွာ ပြန်လည် အိပ်စက် အနားယူပါမည်။
Night over ~ Hanoi Delight Hotel (or) Similar

 vietnam 27vietnam 28vietnam 29

Day 05       Ha Noi ~ Yangon     (B/L/-)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Han Noi မြို့၏ အကြီးဆုံး Shopping Mall ဖြစ်သော Vincom (OR) Royal gate (Mega Mall) (OR)  Dong Xuan Market သို့ သွားရောက် လည်ပတ်ပြီး Local Restaurant တွင် နေ့လည်စာသုံးဆောင်မည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ဟနွိုင်းမြို့ရှိ Noi Bai airport တွင် Airport Check in ဝင်ကာ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှ (16:30)pm တွင် ရန်ကုန်မြို့သို့ စိတ်အေးချမ်းသာစွာ ပြန်လည်ထွက်ခွာလာပါမည်။

 vietnam 30vietnam 31vietnam 32
  


*** ပျော်ရွှင်ဖွယ်ရာ ခရီးစဉ်ပြီးဆုံးပါပြီ ***
 
 ခရီးစဉ်အတွင်း ပါဝင်သောဝန်ဆောင်မှုများ  ခရီးစဉ်အတွင်း မပါဝင်သောဝန်ဆောင်မှုများ
  • လေယာဉ်လက်မှတ် အသွားအပြန်(Yangon-Hanoi-Yangon)
  • 3*အဆင့်ရှိ ဟိုတယ်တွင် တည်းခိုခ (နှစ်ယောက်တစ်ခန်း)
  • ခရီးစဉ်တွင် ဖေါ်ပြထားသော နံနက်စာ၊ နေ့လည်စာ နှင့် ညစာများ
  • ခရီးစဉ်အတွင်း လည်ပတ်မည့် ကား ( with A/C )
  • ခရီးစဉ်အတွင်း ဖော်ပြထားသော နေရာများ၏ ဝင်ကြေးများ
  • Ha Long Bay သင်္ဘောပေါ်တွင် တစ်ညတာ အိပ်စက်ခြင်း
  • Trang An တွင် လှေလှော်ခြင်း
  • ရေသန့်ဗူးနှင့် စနိုးတာဝါများ
  • MIA မှ Myanmar Tour Leader နှင့် Vietman ရှိ Guide
  • ခရီးစဉ်အတွင်း မဖော်ပြထားသောနေရာများ နှင့် အခြားသော ဝန်ဆောင်မှုများ
  • မိမိကိုယ်ပိုင်အသုံးအခများ (Telephone, Laundry,Mini Bar, etc…)
  • ခရီးစဉ်အတွင်းမပါဝင်သော အဖျော်ယမကာ၊ အပူ၊ အအေးနှင့် စားသောက်ဖွယ်ရာများ
  • Early Check-In နှင့် Late Check-Out များ
  • ခရီးသွား အာမခံများ
  • လေယာဉ်အတွင်း ဝန်ပိုသယ်ဆောင်ခ

Book Now

 

Want to help us?