vietnam

  Vietnam
( Hochiminh - Suoi Tien Amusement - Dalat )
3Nights/4Days  

vietnam

TOUR CODE: VNM-008

Day 01     Saigon Arrival  (-/-/D)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဗီယက်နမ်နိုင်ငံ ဆိုင်ဂုံမြို့ သို့ထွက်ခွာပြီး ဆိုင်ဂုံမြို့ရှိ Tan Son Nhat Airport သို့ရောက်ရှိပါမည်။ လေဆိပ်တွင် ဒေသခံဧည့်လမ်းညွန်မှ နွေးထွေးစွာလာရောက်ကြိုဆိုပြီး ပြစ်သစ်ကိုလိုနီတို့ မှ စစ်အောင်ခြင်း အထိမ်းမှတ်ဖြင့် တည်ဆောက်ခဲ့သော Notre Dame Cathedral သို့ပို့ဆောင်ပေးပါမည်။ ထို့နောက် ကိုလိုနီလက်ရာများဖြင့် ကျော်ကြားသော ရှေးဟောင်းအဆောက်ဦးများတွင် တစ်ခု အပါဝင်ဖြစ်သည့် စာတိုက်ကြီး Central Post Office နှင့် City Hall , Old Opera House စသည့်အထင်ကရနေရာများကို လည်ပတ်ပြီး ညစာသုံးဆောင်ကာ စီစဉ်ထားသော ဟိုတယ်တွင် Check In ဝင်ပါမည်။

 vietnam 10vietnam 11

Day 02       Saigon - Suoi Tien Amusement Park - Dalat   (B/L/D)

ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးနောက် ဒါလက်သို့ထွက်ခွာကာ လမ်းခရီးရှိ ပျော်ရွှင်ဖွယ်ရာ ကစားနည်းမျိုးစုံရှိရာ Suoi Tien Amusement Park သို့သွားရောက် လည်ပတ်ဆော့ကစားကြပါမည်။ (ကစားနည်း ကစားခြင်းများသည် ဝန်ဆောင်မှုတွင် မပါဝင်ပါ။) ထို့နောက် Dalat သို့ ဆက်လက်ခရီး ဆက်ပါမည်။ လမ်းခရီးတွင် နေ့လည်စာသုံးဆောင်ပြီးနောက် ဒါလက်မြို့အနီးရှိ Alpine Coaster စီးပြီး နာမည်ကျော် ဒါတန်လာ ရေတံခွန် ၊ ကေဘယ်ကားစီးပြီး Trus Lam Pagoda နှင့် ရှေးဟောင်းတရုတ်ဘုံကျောင်း သို့သွားရောက်လည်ပတ်ပါမည်။ ထို့နောက် ညစာသုံးဆောင်ကာ Dalat မြို့ရှိစီစဉ်ထားသော Hotel တွင် Check-In ဝင်ကာ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

 vietnam 13vietnam 15

Day 03       Dalat - Saigon (Hochiminh)    (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် Hotel Check-Out လုပ်ကာ ဒါလက်မြို့ရှိ အလွန်လှပသော ပန်းဥယျာဉ်တစ်ခုဖြစ်သည့် Flower Garden နှင့် ဗီယက်နမ်နိုင်ငံ၏ နောက်ဆုံးဘုရင်ဖြစ်သော Bao Dai ဘုရင်၏နွေရာသီအပန်းဖြေအနားယူလေ့ရှိသော Bao Dai Palace တို့အား သွားရောက်လေ့လာလည်ပတ်ပါမည်။ ထို့နောက် နေ့လည်စာသုံးဆောင်ပြီး စိတ်ကူးယဉ်မှော်အိမ်ဆန်ဆန် ဆောက်လုပ်ထားသော Crazy House အားသွားရောက်ကာအမှတ်တရဓါတ်ပုံရိုက်ခြင်းများပြုလုပ်နိုင်ပါသည်။ ထို့နောက် ဟိုချီမင်းသို့ပြန်ကာ လမ်းခရီးတွင် မြစ်အောက်ကိုဖောက်ကာ ဆောက်လုပ်ထားသော Thu Theim Tunnel ရေအောက်ကားလမ်းလှိုဏ်ခေါင်းကိုဖြတ်ကာ ဟိုချီမင်းသို့ရောက်ရှိပါမည်။ ထို့နောက် Saigon River ပေါ်ရှိ Cruise ပေါ်တွင် လေညှင်းခံရင်း ညစာသုံးဆောင်ပြီးနောက် စီစဉ်ထားသော Hotel တွင် Check-In ဝင်ကာ စိတ်အေးချမ်းသာစွာ အိပ်စက်အနားယူပါမည်။

 vietnam 16vietnam 17

Day 04       Saigon Departure     (B/-/-)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီး ဟိုတယ်မှ Check out လုပ်ကာ ဆိုင်ဂုံ Tan Son Nhat လေဆိပ်မှ ရန်ကုန်မြို့သို့ စိတ်အေးချမ်းသာစွာ ပြန်လည်ထွက်ခွာပါမည်။

  

*** ပျော်ရွှင်ဖွယ်ရာ ခရီးစဉ်ပြီးဆုံးပါပြီ ***
 
 ခရီးစဉ်အတွင်း ပါဝင်သောဝန်ဆောင်မှုများ  ခရီးစဉ်အတွင်း မပါဝင်သောဝန်ဆောင်မှုများ
  • လေယာဉ်လက်မှတ် အသွားအပြန် (Yangon-Saigon)
  • 3*/4* အဆင့်ရှိ ဟိုတယ်တွင် တည်းခိုခ (နှစ်ယောက်တစ်ခန်း)
  • ခရီးစဉ်တွင် ဖေါ်ပြထားသော နံနက်စာ၊ နေ့လည်စာ နှင့်
    ညစာများ
  • ခရီးစဉ်အတွင်း လည်ပတ်မည့် ကား ( with A/C )
  • ခရီးစဉ်အတွင်း ဖော်ပြထားသော နေရာများ၏ ဝင်ကြေးများ
  • Alpine Coaster စီးခ နှင့် One Way Cable Car စီးနှင်းခများ
  • ရေသန့်ဗူးနှင့် စနိုးတာဝါများ
  • MIA မှ Myanmar Tour Leader နှင့် Vietman ရှိ Guide
  • ခရီးစဉ်အတွင်း မဖော်ပြထားသောနေရာများ နှင့် အခြားသော ဝန်ဆောင်မှုများ
  • မိမိကိုယ်ပိုင်အသုံးအခများ (Telephone, Laundry,Mini Bar, etc…)
  • ခရီးစဉ်အတွင်းမပါဝင်သော အဖျော်ယမကာ၊ အပူ၊ အအေးနှင့် စားသောက်ဖွယ်ရာများ
  • Early Check-In နှင့် Late Check-Out များ
  • ခရီးသွား အာမခံများ
  • လေယာဉ်အတွင်း ဝန်ပိုသယ်ဆောင်ခ

Book Now

 

Want to help us?