vietnam

  Vietnam
( Hochiminh-Muine-Cuchi Tunnel )
3Nights/4Days  

vietnam

TOUR CODE: VNM-009

Day 01     Saigon Arrival   (-/-/D)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဗီယက်နမ်နိုင်ငံ ဆိုင်ဂုံမြို့ သို့ထွက်ခွာပြီး ဆိုင်ဂုံမြို့ရှိ Tan Son Nhat Airport သို့ရောက်ရှိပါမည်။ လေဆိပ်တွင် ဒေသခံဧည့်လမ်းညွန်မှ နွေးထွေးစွာလာရောက်ကြိုဆိုပြီး ပြစ်သစ်ကိုလိုနီတို့ မှ စစ်အောင်ခြင်း အထိမ်းမှတ်ဖြင့် တည်ဆောက်ခဲ့သော Notre Dame Cathedral သို့ပို့ဆောင်ပေးပါမည်။ ထို့နောက် ကိုလိုနီလက်ရာများဖြင့် ကျော်ကြားသော ရှေးဟောင်းအဆောက်ဦးများတွင် တစ်ခု အပါဝင်ဖြစ်သည့် စာတိုက်ကြီး Central Post Office နှင့် City Hall , Old Opera House စသည့်အထင်ကရနေရာများကို လည်ပတ်ပြီး စီစဉ်ထားသော ဟိုတယ်တွင် Check In ဝင်ပါမည်။

Day 02       Saigon - Suoi Tien Amusement Park - Muine   (B/L/D)

ဟိုတယ်တွင်မနက်စာသုံးဆောင်ပြီးနောက် ပျော်ရွှင်ဖွယ်ရာ ကစားနည်းမျိုးစုံရှိရာ Suoi Tien Amusement Park သို့သွားရောက် လည်ပတ်ဆော့ကစားကြပါမည်။ ထို့နောက် Muine သို့ ဆက်လက်ခရီး ဆက်ပါမည်။ ညနေပိုင်းတွင် သဲဖြူ ၊ သဲနီ ကန္တာရ တောင်ကုန်း များပေါ်တွင် သဲလျှောစီးခြင်း ၊ အမှတ်တရဓာတ်ပုံများ ရိုက်ကူးခြင်း စသည်ဖြင့် ပျော်ရွှင်စွာလည်ပတ်ပြီး စီစဉ်ထားသောဟိုတယ်တွင် Check In ဝင်ပါမည်။ ညစာကို Sea Food Restaurant တွင်သုံးဆောင်ပြီး ဟိုတယ်သို့ အေးချမ်းစွာပြန်လည်အိပ်စက် အနားယူမည်ဖြစ်ပါသည်။

 vietnam 10vietnam 11

Day 03       Muine - Cuchi Tunnel  (B/L/D)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ဟိုချီမင်းသို့ တစ်ဖန် ခရီးဆက်ပါမည်။ နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ပြီး    Cu Chi Tunnels သို့ ထွက်ခွာပါမည်။ Cu Chi ကိုတော့ ဗီယက်နမ်စစ်ပွဲ အတွင်း ဗီယက်နမ်ပြောက်ကျားတပ်သား များမှ တူးဖေါ်တည်ဆောက်ခဲ့၍ မီတာ၂၀ဝ အရှည်ရှိပြီး အမေရိကန်တပ်နှင့် ဗီယက်နမ်တပ်များကို စစ်ရိက္ခာ များပိုမိုထောက်ပံ့နိုင်ရန် မြေအောက်ဆက်သွယ်ရေးဥမင်နှင့် ဗုံးခိုကျင်း အဖြစ် သုံးပြုခဲ့သည့်နေရာဟု လူသိများသည်။ ညနေပိုင်းတွင် Ben Thanh Night Market တွင် ဈေးဝယ်ထွက်ပါမည်။ ညစာကို Ben Nghe (သို့) သင်္ဘောပေါ်တွင် တေးသီချင်းများကိုခံစားရင် Saigon မြစ်ပေါ်တွင် သုံးဆောင်မည်ဖြစ်ပါသည်။ ထို့နောက် စီစဉ်ထားသော ဟိုတယ်တွင် အိပ်စက်အနားယူမည်ဖြစ်ပါသည်။

 vietnam 12vietnam 13

Day 04       Saigon Departure    (B/-/-)

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီး မိမိအစီအစဉ်ဖြင့် လည်ပတ် အနားယူကာ ဟိုတယ်မှ Check out လုပ်ပြီး ဆိုင်ဂုံ Tan Son Nhat လေဆိပ်မှ ရန်ကုန်မြို့သို့ စိတ်အေးချမ်းသာစွာ ပြန်လည်ထွက်ခွာပါမည်။

 vietnam 14

  

*** ပျော်ရွှင်ဖွယ်ရာ ခရီးစဉ်ပြီးဆုံးပါပြီ ***
 
 ခရီးစဉ်အတွင်း ပါဝင်သောဝန်ဆောင်မှုများ  ခရီးစဉ်အတွင်း မပါဝင်သောဝန်ဆောင်မှုများ
  • လေယာဉ်လက်မှတ် အသွားအပြန် (Yangon-Sai Gon)
  • 3*အဆင့်ရှိ ဟိုတယ်တွင် တည်းခိုခ (နှစ်ယောက်တစ်ခန်း)
  • ခရီးစဉ်တွင် ဖေါ်ပြထားသော နံနက်စာ၊ နေ့လည်စာ နှင့် ညစာများ
  • ခရီးစဉ်အတွင်း လည်ပတ်မည့် ကား ( with A/C )
  • ခရီးစဉ်အတွင်း ဖော်ပြထားသော နေရာများ၏ ဝင်ကြေးများ
  • ရေသန့်ဗူးနှင့် စနိုးတာဝါများ
  • MIA မှ Myanmar Tour Leader နှင့် Vietman ရှိ Guide
  • ခရီးစဉ်အတွင်း မဖော်ပြထားသောနေရာများ နှင့် အခြားသော ဝန်ဆောင်မှုများ
  • မိမိကိုယ်ပိုင်အသုံးအခများ (Telephone, Laundry,Mini Bar, etc…)
  • ခရီးစဉ်အတွင်းမပါဝင်သော အဖျော်ယမကာ၊ အပူ၊ အအေးနှင့် စားသောက်ဖွယ်ရာများ
  • Early Check-In နှင့် Late Check-Out များ
  • ခရီးသွား အာမခံများ
  • လေယာဉ်အတွင်း ဝန်ပိုသယ်ဆောင်ခ

Flight Detail

Viet Jet Airline

VJ-832 RGN-SGN 13:00 15:45
VJ-831 SGN-RGN 10:25 12:10

Book Now

 

Want to help us?