vietnam

 

  HaNoi-HaLong-Ninh Binh (4 Days/3 Nights)  

vietnam

TOUR CODE: VNM-010

Day 01     Yangon - Hanoi    ( -/-/- )

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Vietnam Airline ဖြင့် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ ထွက်ခွာပြီး ဟနွိုင်းမြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပါမည်။ လေဆိပ်တွင် ဒေသခံဧည့်လမ်းညွန်မှ နွေးထွေးစွာ လာရောက်ကြိုဆိုပြီး စီစဉ်ထားသောဟိုတယ်တွင် Check In ဝင်ပါမည်။ ထို့နောက် ဟိုတယ်တွင်အေးချမ်းစွာအိပ်စက် အနားယူပါမည်။

Day 02       Hanoi - Ninh Binh - Bai Dinh Pagoda - Halong     ( B/L/D )

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီး သာယာလှပသော Ninh Binh မြို့သို့ ခရီးဆက်ပါမည်။ ဗီယက်နမ်နိုင်ငံရှိ အကြီးဆုံး ဗုဒ္ဒဆင်းတုတော်ဖြစ်ပြီး အမြင့် ၁၀ မီတာ၊ အလေးချိန် တန်၁၀ဝ ရှိသော Bai Dinh Pagoda သို့သွားရောက် ဖူးမြော်လေ့လာပြီး နေ့လည်စာကို Local Restaurant သုံးဆောင်ပါမည်။ ထို့နောက် Tourist attraction တစ်ခုဖြစ်သော Trang An တွင် လှေငယ်လေးများဖြင့် Sang Cave, Toi Cave, Ba Giot Cave နှင့် NauRuou အစရှိသည့် နေရာများသို့ သွားရောက်လည်ပတ်ရင်း တောတောင်သဘာဝရှုခင်းများကို ကြည့်ရှုခံစားမည်။ ထို့နောက် UNESCO World Heritage Site အဖြစ်သတ်မှတ်ခံရသော Ha Long သို့ ခရီးဆက်မည်။ ညစာကို Ha long ရှိ Local Restaurant တွင် မြိန်ရှက်စွာသုံးဆောင်ပြီး Ha Long Night Market တွင် ပျော်ရွှင်စွာ လည်ပတ်ဈေးဝယ် ထွက်ပါမည်။ ညပိုင်းတွင် ဟိုတယ်၌ အေးချမ်းစွာအိပ်စက်အနားယူပါမည်။

 vietnam 01vietnam 02vietnam 03

Day 03       Halong - Hanoi   ( B/L/D )

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် UNESCO World Heritage Site တစ်ခုဖြစ်ပြီး သဘာဝအတိုင်း ဖြစ်ပေါ်လျက်ရှိသော ကျောက်ဆောင်များ ကျောက်စက်မိုးမျှော်များရှိရာ သာယာလှပသော Ha Long Bay တွင် ၄ နာရီကြာမျှ သင်္ဘောစီးပြီး ကြည့်ရှုခံစားပါမည်။ Ha Long Bay တစ်လျှောက်ရှိ ဂူနန်းတော်ဟုခေါ်ဆိုကြသော ThienCung ဂူ နှင့် Dau go grotto အစရှိသည့်နေရာများသို့ အေးချမ်းသာယာစွာ လှည့်လည်ကြည့်ရှုရင်း နေ့လည်စာကို ပင်လယ်စာဖြင့် သင်္ဘောပေါ်တွင် မြိန်ရှက်စွာသုံးဆောင်ပါမည်။ ထို့နောက် ဟနွိုင်းမြို့သို့ ပြန်လည်ထွက်ခွာပြီး ဟနွိုင်းမြို့၏ ရှေးဟောင်းရိုးရာအငွေ့အသက်များကို ခံစားရစေပြီး ဗီယက်နမ်ရိုးရာ အမှတ်တရပစ္စည်းများ ဝယ်ယူရရှိနိုင်သော Ancient Street (သို့) ဗီယက်နမ်မြို့၏ အကြီးဆုံးဈေးဝယ်စင်တာတစ်ခုဖြစ်သော Vincom Time City Shopping Center တို့တွင် ပျော်ရွှင်စွာ ဈေးဝယ်ထွက်ပါမည်။ ညစာကို Local Restaurant တွင် မြိန်ရှက်စွာ သုံးဆောင်ပြီး မိမိစိတ်ကြိုက် အစီအစဉ်ဖြင့် ဟနွိုင်းတွင် လည်ပတ်ကြည့်ရှုနိုင်ပါသည်။ ထို့နောက် ဟိုတယ်သို့ အေးချမ်းစွာ ပြန်လည်အိပ်စက်အနားယူပါမည်။

 vietnam 04vietnam 05vietnam 06

Day 04       Hanoi - Yangon   ( B/L/- )

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ဟနွိုင်းမြို့ရှိအထင်ကရနေရာများဖြစ်သော Ba Dinh Square, Ho Chi Minh mausoleum, The presidential Palace, House on stilt, One Pillar Pagoda, ဗီယက်နမ်နိုင်ငံ၏ ပထမဦးဆုံးတက္ကသိုလ်ဖြစ်သော Temple of Literature, Ngoc Son Temple, HoanKiem Lake, Tran Quoc Pagoda စသည့်နေရာများသို့ စိတ်ဝင်စားစွာ သွားရောက်လေ့လာမည်။ ဟနွိုင်းမြို့လယ်တွင် တည်ရှိပြီးထင်ရှားလှသော West Lake သို့သွားရောက် လည်ပတ်ပြီး Local Restaurant တွင် နေ့လည်စာသုံးဆောင်မည်။ ပြီးနောက် ဗီယက်နမ်နိုင်ငံ NoiBai Airport မှတဆင့် ရန်ကုန်မြို့သို့ စိတ်အေးချမ်းသာယာစွာ ပြန်လည်ထွက်ခွာမှာ ဖြစ်ပါသည်။

 vietnam 07vietnam 08vietnam 09

  

*** ပျော်ရွှင်ဖွယ်ရာ ခရီးစဉ်ပြီးဆုံးပါပြီ ***
 
 ခရီးစဉ်အတွင်း ပါဝင်သောဝန်ဆောင်မှုများ  ခရီးစဉ်အတွင်း မပါဝင်သောဝန်ဆောင်မှုများ
  • လေယာဉ်လက်မှတ် အသွားအပြန်(Yangon-Hanoi-Yangon)
  • 3*အဆင့်ရှိ ဟိုတယ်တွင် တည်းခိုခ (နှစ်ယောက်တစ်ခန်း)
  • ခရီးစဉ်တွင် ဖေါ်ပြထားသော နံနက်စာ၊ နေ့လည်စာ နှင့် ညစာများ
  • ခရီးစဉ်အတွင်း လည်ပတ်မည့် ကား ( with A/C )
  • ခရီးစဉ်အတွင်း ဖော်ပြထားသော နေရာများ၏ ဝင်ကြေးများ
  • Ha Long Bay သင်္ဘောပေါ်တွင် ၄နာရီကြာစီးနှင်းခွင့်
  • ရေသန့်ဗူးနှင့် စနိုးတာဝါများ
  • MIA မှ Myanmar Tour Leader နှင့် Vietman ရှိ Guide
  • ခရီးစဉ်အတွင်း မဖော်ပြထားသောနေရာများ နှင့် အခြားသော ဝန်ဆောင်မှုများ
  • မိမိကိုယ်ပိုင်အသုံးအခများ (Telephone, Laundry,Mini Bar, etc…)
  • ခရီးစဉ်အတွင်းမပါဝင်သော အဖျော်ယမကာ၊ အပူ၊ အအေးနှင့် စားသောက်ဖွယ်ရာများ
  • Early Check-In နှင့် Late Check-Out များ
  • ခရီးသွား အာမခံများ
  • လေယာဉ်အတွင်း ဝန်ပိုသယ်ဆောင်ခ

Book Now

 

Want to help us?